Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဖုန်းထဲတွင်​သေနတ်ပုံရှိသည်ဆိုကာ လူငယ်တစ်ဦးကို စစ်​ကောင်စီတပ်ဖမ်းဆီး

သြဂုတ်လ ၂၇ရက်ညနေကနောက်ဆုံးသိရသည့်အခြေအနေအရ မင်းတပ်မြို့ ၂၇၄ တပ်ရင်းထဲတွင် နှိပ်စက်မေးမြန်းနေဆဲဟု ဟာကလေးကဆက်လက်​ရေးသားထားသည်။

(မင်းတပ်မြို့တနေရာအားသြဂုတ် ၂၆ရက်ကမြင်ကွင်း။ ဓါတ်ပုံ-HKL Mindat)
(မင်းတပ်မြို့တနေရာအားသြဂုတ် ၂၆ရက်ကမြင်ကွင်း။ ဓါတ်ပုံ-HKL Mindat)

မင်းတပ်တွင် လူငယ်တစ်ဦးကိုလက်ကိုင်ဖုန်းအတွင်း သေနတ်ပုံရှိနေသည်ဟုဆိုကာစစ်ကောင်စီတပ်ကဖမ်းဆီးခဲ့သည်။

လမ်းသွားလမ်းလာ လူငယ်တစ်ဦးကို မင်းတပ်မြို့(၃)မိုင် ဂိတ်တွင် သြဂုတ် ၂၆ရက်က ဖမ်းဆီးသွားခြင်းဖြစ်သည်။ ယင်းလူငယ်၏ ပါးစပ်အတွင်း သေနတ်ပြောင်းဝတေ့ကာ ခြိမ်းခြောက်ဖမ်းဆီးသွားခြင်းဟုCDF မင်းတပ်ပြန်ကြားရေးမှ အသိပေး ထားသည်။

Public Service Announcement
Public Service Announcement

“ဖုန်းထဲတွင် သေနတ်ပုံ ပါရှိနေသောကြောင့်အဖမ်းခံရတာလို့သိရပါတယ် ” ဟုမင်းတပ်ပြန်ကြားရေးဌာနမှဟာကလေးက လူမှုကွန်ရက်မှတစ်ဆင့် အသိပေးသည်။

သြဂုတ်လ ၂၇ရက်ညနေကနောက်ဆုံးသိရသည့်အခြေအနေအရ မင်းတပ်မြို့ ၂၇၄ တပ်ရင်းထဲတွင် နှိပ်စက်မေးမြန်းနေဆဲဟု ဟာကလေးကဆက်လက်​ရေးသားထားသည်။

Public Service Announcement

Public Service Announcement

လွန်ခဲ့သည့် ရက်အနည်းငယ်ကလည်းမင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးပညာရေးဘုတ်အဖွဲ့သင်တန်း မှတ်တမ်းများရှိသည့် ဖုန်းကိုင်ဆောင်သူတစ်ဦးကို စစ်ကောင်စီဖမ်းဆီးခဲ့သည်။ ထို့ကြောင့် သင်တန်းတက်ခဲ့သော ဆရာ၊ဆရာမများ သတိပြုနေထိုင်ကြရန် CDF မင်းတပ်က သတ်ိပေးချက်ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

အရပ်ထဲတွင် အုပ်ကြီး​ခေါ်​သော စစ်​ကောင်စီခန့်အုပ်ချုပ်​ရေးမှူးများ ၊ ရာအိမ်မှူးများ၊ဆယ်အိမ်မှူးများ၊ ရပ်ကွက်/​ကျေးရွာအုပ်ကြီးစာ​ရေးများ ၏ နာ​ရေးသတင်းများ မတ်လ ​နောက်ဆုံးပါတ်တွင် တဟုန်းထိုးများလာ​​တော့သည်။

သတင်း

အဆိုပါစစ်ကြောင်းမှာ ဆိပ်ဖြူမြို့နယ်၊ အမှတ်(၉)လေကြောင်းရန်ကာကွယ်ရေးစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (လစခ ၉)နှင့် ကပစ(၂၁)၊ (၂၂)တပ်များမှ ထွက်လာသည့် စစ်ကြောင်းဖြစ်ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများထံမှ သိရသည်။

သတင်း

တရုတ်ဖက်ကထုတ်ပြန်သည့်သတင်း၌ ဖမ်းဆီးသွားသူများကို ​ခေါင်းအားအဝတ်အုပ်၍ခေါ်ဆောင်သွားပြီး တရုတ်လေဆိပ်အ​ရောက် သတင်းမီဒီယာများရှေ့၌ ဖွင့်ပြခဲ့သည်။

သတင်း

မိတ္ထီလာမြို့တွင် လောက်ကိုင်မြို့မှ ပြန်လာသည့် စစ်ဘေးရှောင်ပြည်သူများ ရောက်ရှိနေပြီး အချို့မှာ ဆိုင်ကယ်ဖြင့်ပြန်လာချိန် စစ်ကောင်စီ၏ ယာဥ်စစ်ဆေးရေးအဖွဲ့​၏ ငွေတောင်းခံရမှုကြုံတွေ့နေရကြောင်း ဒေသခံအချို့က ပြောသည်။