Connect with us

Hi, what are you looking for?

သတင်း

ဖုန်းထဲတွင်​သေနတ်ပုံရှိသည်ဆိုကာ လူငယ်တစ်ဦးကို စစ်​ကောင်စီတပ်ဖမ်းဆီး

သြဂုတ်လ ၂၇ရက်ညနေကနောက်ဆုံးသိရသည့်အခြေအနေအရ မင်းတပ်မြို့ ၂၇၄ တပ်ရင်းထဲတွင် နှိပ်စက်မေးမြန်းနေဆဲဟု ဟာကလေးကဆက်လက်​ရေးသားထားသည်။

(မင်းတပ်မြို့တနေရာအားသြဂုတ် ၂၆ရက်ကမြင်ကွင်း။ ဓါတ်ပုံ-HKL Mindat)
(မင်းတပ်မြို့တနေရာအားသြဂုတ် ၂၆ရက်ကမြင်ကွင်း။ ဓါတ်ပုံ-HKL Mindat)

မင်းတပ်တွင် လူငယ်တစ်ဦးကိုလက်ကိုင်ဖုန်းအတွင်း သေနတ်ပုံရှိနေသည်ဟုဆိုကာစစ်ကောင်စီတပ်ကဖမ်းဆီးခဲ့သည်။

လမ်းသွားလမ်းလာ လူငယ်တစ်ဦးကို မင်းတပ်မြို့(၃)မိုင် ဂိတ်တွင် သြဂုတ် ၂၆ရက်က ဖမ်းဆီးသွားခြင်းဖြစ်သည်။ ယင်းလူငယ်၏ ပါးစပ်အတွင်း သေနတ်ပြောင်းဝတေ့ကာ ခြိမ်းခြောက်ဖမ်းဆီးသွားခြင်းဟုCDF မင်းတပ်ပြန်ကြားရေးမှ အသိပေး ထားသည်။

Public Service Announcement
Public Service Announcement

“ဖုန်းထဲတွင် သေနတ်ပုံ ပါရှိနေသောကြောင့်အဖမ်းခံရတာလို့သိရပါတယ် ” ဟုမင်းတပ်ပြန်ကြားရေးဌာနမှဟာကလေးက လူမှုကွန်ရက်မှတစ်ဆင့် အသိပေးသည်။

သြဂုတ်လ ၂၇ရက်ညနေကနောက်ဆုံးသိရသည့်အခြေအနေအရ မင်းတပ်မြို့ ၂၇၄ တပ်ရင်းထဲတွင် နှိပ်စက်မေးမြန်းနေဆဲဟု ဟာကလေးကဆက်လက်​ရေးသားထားသည်။

Public Service Announcement

Public Service Announcement

လွန်ခဲ့သည့် ရက်အနည်းငယ်ကလည်းမင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးပညာရေးဘုတ်အဖွဲ့သင်တန်း မှတ်တမ်းများရှိသည့် ဖုန်းကိုင်ဆောင်သူတစ်ဦးကို စစ်ကောင်စီဖမ်းဆီးခဲ့သည်။ ထို့ကြောင့် သင်တန်းတက်ခဲ့သော ဆရာ၊ဆရာမများ သတိပြုနေထိုင်ကြရန် CDF မင်းတပ်က သတ်ိပေးချက်ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ခါကာဘို ရေးသားသည်။ “ဂျပန်မှာ အလုပ်အကိုင်အခွင့်အလမ်းကောင်းတယ်၊ လစာကောင်းတယ်၊ အနာဂတ်ရှိတယ်” ဆိုတာ မြန်မာလူငယ်အများစု ကြားဖူးနေကျ စကားပါ။ အထူးသဖြင့်မြန်မာနိုင်ငံရဲ့လက်ရှိ အခြေအနေအရ ဂျပန်နိုင်ငံကို အလုပ်သွားလုပ်ဖို့၊ ကျောင်းသွားတက်ဖို့၊ ဒါမှမဟုတ် အခြေချနေထိုင်ဖို့ စဉ်းစားနေသူတွေ တိုးလာနေပါတယ်။ ဒါပေမယ့်တစ်ဖက်မှာစိတ်ဝင်စားစရာကောင်းတဲ့ အပြောင်းအလဲတစ်ခု ဂျပန်နိုင်ငံအတွင်း ဖြစ်ပေါ်နေပါတယ်။ ဂျပန်ဟာ...

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းက စစ်ယာဉ်တန်းတိုက်ခံရတဲ့နေရာကို စစ်တပ်က အထိုင်စခန်းချပြီး ပြည်သူတွေကို ဖမ်းဆီးငွေညစ်နေတယ်လို့ မုံရွာမြို့နယ်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

သတင်း

မြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတဲ့ မြ၀တီမြို့မှာ မြို့သာယာလှပဖို့ဟုဆိုကာ စစ်အုပ်စုက တောင်းရမ်းသူ‌တွေကို ဖမ်းဆီးပြီး မြို့ပြင်ထုတ် နယ်နှင်ဒဏ်ပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။