Connect with us

Hi, what are you looking for?

သတင်း

မြဝတီ-ဝေါ်လေ လမ်းပေါ်က စစ်တပ်စခန်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

အဆိုပါဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က (၂)ဦးသေဆုံးပြီး အရာရှိ(၂)ဦးအပါအဝင် စုစုပေါင်း(၅)ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းထံကနေ သိရပါတယ်။

မြ၀တီ-ဝေါ်လေ လမ်းပေါ်က စစ်တပ်စခန်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်
မြ၀တီ-ဝေါ်လေ လမ်းပေါ်က စစ်တပ်စခန်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

မြ၀တီ-ဝေါ်လေ ကားလမ်းမပေါ်ရှိ ဘုရားအနီးမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ကော်ဘရာစစ်ကြောင်းပူးပေါင်းအဖွဲ့က မနေ့ညပိုင်းက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။

မြ၀တီ-ဝေါ်လေ ကာလမ်းမပေါ်ရှိ ကျော်ဝါးဘိုးဘုရားအနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ကော်ဘရာစစ်ကြောင်းနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်နေတဲ့ Federal Wings Drone အဖွဲ့က မနေ့ဩဂုတ်(၂၈)ရက်ည (၁၂)နာရီခန့်မှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဆိုပါဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က (၂)ဦးသေဆုံးပြီး အရာရှိ(၂)ဦးအပါအဝင် စုစုပေါင်း(၅)ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းထံကနေ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်အတွင်းရှိ ဘုတ်ဆုတ်ခင်ကျေးရွာကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူ အများအပြားသေဆုံးထိခိုက်ခဲ့ရကြောင်း KNU ဗဟိုက ဒီကနေ့ စက်တင်ဘာ ၁၃ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ မနေ့ညက နေရာ ၃ခုမှာ ကားမိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်​တွေ-ပုဏ္ဏားကျွန်းအစပ်တိုက်ပွဲ​တွေမှာစက်တင်ဘာ၄​နောက်ပိုင်းစစ်သား ၂၀၀ခန့်​သေဆုံးဟုဆို