Connect with us

Hi, what are you looking for?

သတင်း

ရေဦးကြာပန်းအဝိုင်းတွင် ခင်ဦးနယ်ခံပြည်သူများအား စစ်​ကောင်စီတပ်က ဖမ်းဆီးထား

အကြမ်းဖက်စစ်တပ်က ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ်စစ်ကြောင်းတစ်လျှောက်ခေါ်ဆောင်သွားနိုင်၍ ရေဦး-ခင်ဦးလမ်းပိုင်း အသွားအလာရပ်နားထားသင့်ကြောင်း ဒေသခံများက ပြောသည်။

(​ရေဦးမြို့မှ ကြာပန်းအဝိုင်း ။ ။ဓါတ်ပုံ-CJ)
(​ရေဦးမြို့မှ ကြာပန်းအဝိုင်း ။ ။ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ ကြာပန်းအဝိုင်းတွင် ခင်ဦးနယ်ခံပြည်သူ ၂၀ ကျော်ကိုစစ်​ကောင်စီတပ်က ဖမ်းဆီးထားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (သြဂုတ်လ ၂၉ ရက်နေ့ )နံနက်ပိုင်းက ရေဦးမြို့၊ ကြာပန်းအဝိုင်းတွင် ခင်ဦးနယ် သရက်ပင်စု၊ကားစိပ်၊အင်တိုင်းလေး(တ/မ) မှ ဒေသခံအမျိုးသား၄ဦး၊ အမျိုးသမီး၁၆ဦး ပေါင်း ၂၀ဦးခန့်အထိ မတရားဖမ်းဆီးထားကြောင်း 𝙆𝙝𝙞𝙣 𝙐 𝙎𝙪𝙥𝙥𝙤𝙧𝙩 𝙊𝙧𝙜𝙖𝙣𝙞𝙯𝙖𝙩𝙞𝙤𝙣-𝙆𝙎𝙊 အဖွဲ့က သတင်းထုတ်ပြန်သည်။

ထို့အပြင် လက်နက်ကြီးများဖြင့် အရှေ့ခင်ဦးနယ်ဘက်ဦးတည်တပ်ဆင်ထားကြောင်း၊ ရေဦ-ခင်ဦး ကားလမ်းဝဲယာ ခင်ဦးနယ် အနောက်ခြမ်းကျေးရွာများ အားလုံး သတိထားကြရန် 𝙆𝙎𝙊 အဖွဲ့က အသိပေးသည်။

Public Service Announcement
Public Service Announcement

ယမန်နေ့ကတည်းက ခင်ဦးနယ်တွင် အကြမ်းဖက်စစ်တပ်နှင့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များ တိုက်ပွဲများဖြစ်ပွားနေသည်။သို့​သော်မည်သည့်အဖွဲ့ကမှ သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

Public Service Announcement

Public Service Announcement

“ဘယ်အဖွဲ့နဲ့ ပွဲကြမ်းသလဲတော့ မသိရသေးပါဘူး ။ သေချာတာတစ်ခုကတော့ ဖြစ်ဖို့ များပါလိမ့်မယ်။ ဒါကြောင့် ဒီနေ့ ပြည်သူ အများအပြားကို ဖမ်းဆီးထားတာ ဖြစ်မယ်လို့ ယူဆပါတယ်။”ဟု ခင်ဦးနယ် ဒေသခံကာကွယ်ရေး မဟာမိတ်အင်အားစု-KURDAF က ပြောသည်။

အကြမ်းဖက်စစ်တပ်က ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ်စစ်ကြောင်းတစ်လျှောက်ခေါ်ဆောင်သွားနိုင်၍ ရေဦး-ခင်ဦးလမ်းပိုင်း အသွားအလာရပ်နားထားသင့်ကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းက စစ်ယာဉ်တန်းတိုက်ခံရတဲ့နေရာကို စစ်တပ်က အထိုင်စခန်းချပြီး ပြည်သူတွေကို ဖမ်းဆီးငွေညစ်နေတယ်လို့ မုံရွာမြို့နယ်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

သတင်း

မြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတဲ့ မြ၀တီမြို့မှာ မြို့သာယာလှပဖို့ဟုဆိုကာ စစ်အုပ်စုက တောင်းရမ်းသူ‌တွေကို ဖမ်းဆီးပြီး မြို့ပြင်ထုတ် နယ်နှင်ဒဏ်ပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်ကနေ စက်သုံးဆီနဲ့ စက်ပစ္စည်းတွေတင်လာတဲ့​လှေ တစ်စီးဟာရမ်းဗြဲမြို့နယ်၊မင်းကြောင်းချောင်းရွာအနီး ပင်လယ်ပြင်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပြီး ​လှေပေါ် ပါလာသူ ခုနစ်ဦးပါ ထိန်းသိမ်းခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။