စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ် မိုင်းခွဲတိုက်ခိုက် ခံရပြီး နှစ်ဦးသေဆုံးနိုင်ကြောင်း BLACK ARMY DPY PDF အဖွဲ့က သတင်းထုတ်ပြန်သည်။
ယနေ့ (ဇူလိုင်လ၂၁ရက်) မွန်းလွဲ ၁နာရီခန့်က ရေဦးမြို့ အ.ထ.က အမှတ်(၁) ပညာရေးမှူးရုံးအနီး၌ အများပြည်သူအား ငွေညှစ်တောင်းခံလျက်ရှိသည့် စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်အား ရွှေဘိုခရိုင်တပ်ရင်း-၂၁ ၏ တပ်စုအသစ် ငှက်ဖြူညီနောင် အဖွဲ့တော်သားက မိုင်းနှစ်လုံးဖြင့် အသင့်ပြင်ဆင်စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း BLACK ARMY DPY PDF၏ ထုတ်ပြန်ချက် တွင် ဖော်ပြသည်။
အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်သားနှစ်ဦး ထိခိုက်သေဆုံးကာ ယာဥ်များ ရှုပ်ထွေးသွားစဥ် တပ်စုအသစ် ငှက်ဖြူညီနောင်အဖွဲ့တော်သားများ ဆုတ်ခွာနိုင်ခဲ့သည်ဟု BLACK ARMY DPY PDF က ဆိုသည်။
ဖြစ်စဥ်နှင့်ပတ်သက်၍ BLACK ARMY DPY PDFအဖွဲ့၏ တာဝန်ရှိသူက “မိုင်းနှစ်လုံး ကြိုတင် ထောင်ထားခဲ့ပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါခင်ဗျ။ရမုနဲ့ ခွဲခဲ့တာ ဖြစ်ပါတယ်။ စကစ ငါးကောင် အဲဒီနေရာမှာ ဂိတ်သဘောမျိုးတောင်းစားလေ့ရှိပါတယ်။ မိုင်းခွဲတိုက်ခိုက်မှုအပြီး အစစ်အဆေးတော်တော်ပြုလုပ်ကြောင်းသိရပါတယ်။ ဈေးတွေထဲအထိလိုက်စစ်တာမျိုးကြားသိရပါတယ်။”ဟု ပြောကြားသည်။

Public Service Announcement
စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုအခြေအနေအားPeople’s Spring ကသီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ယမန်နေ့ (ဇူလိုင်၂၀ရက်) ည၁၁နာရီခွဲခန့်က စစ်ကောင်စီတပ်သားများသည် ကား ၄စီးဖြင့် ရေဦးမြို့နယ်၊ သံသည်ရွာဘက် ထွက်လာပြီး ချောင်းဆုံ၊ ထန်းဘဲလှရွာ များဘက်သို့ဦးတည်ကာ လက်နက်ကြီးဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့သောကြောင့် ရေဦးနယ်အနောက်ခြမ်းရွာများမှ ပြည်သူများ အရေးပေါ်ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံများက ပြောသည်။


















































