ဒီနေ့ မနက်ပိုင်း မိုးကုတ်မြို့နယ်အတွင်းက လောင့်စင်နဲ့ ဂွေးပင်ရွာဘက်မှာ စစ်ကောင်စီတပ်ကို စောင့်ဆိုင်းတိုက်ခိုက်ခဲ့တယ်လို့ သပိတ်ကျင်း PDF တပ်ရင်းအမှတ် ၁၂၂၂ က ထုတ်ပြန်ပါတယ်။
စစ်ကြောင်းထိုးပြီးပြန်လာတဲ့ စစ်ကောင်စီတပ်ကို PDF တပ်ရင်း ၁၂၂၁ ၊ ၁၂၂၂ ၊၁၂၂၃ တို့က ရဲဘော်တွေ တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။
ကားလမ်းနဲ့ ပေ ၆၀ လောက်အကွာကနေ အသင့်နေရာယူပြီး စစ်ကြောင်းထိုးပြန်လာတဲ့ စစ်ကောင်စီ ကားပေါ် လက်ပစ်ဗုံး ပစ်သွင်းခဲ့သလို မိုင်း ၅ လုံးလည်း ဖောက်ခွဲခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ၁၅ ဦးနဲ့အထက် ထိခိုက်သေဆုံးနိုင်ပြီး တိုက်ပွဲဟာ နာရီဝက်ခန့် ကြာမြင့်ခဲ့တယ်လို့ သပိတ်ကျင်း PDF တပ်ရင်းအမှတ် ၁၂၂၂ က ထုတ်ပြန်ပါတယ်။
တိုက်ခိုက်မှုအပြီးမှာ စစ်ကောင်စီဘက်က လက်နက်ကြီးအချက် ၂၀ ကျော်ပစ်ခတ်ခဲ့တာရှိတယ်လို့သိရပါတယ်။