Connect with us

Hi, what are you looking for?

သတင်း

တွံတေးမြို့နယ်တွင် အုပ်ကြီးအဖွဲ့ရှင်းလင်းခံရမှုနှင့်ပတ်သက်ပြီး စစ်ကောင်စီ၏ မတရားဖမ်းဆီးခံရသည့် အမျိုးသမီးတစ်ဦးသေဆုံး

ဖမ်းဆီးစစ်ဆေးနေသူများသည် စစ်ဆင်ရေးနှင့်သက်ဆိုင်ခြင်းမရှိသည့် ပြည်သူ များဖြစ်ပြီး စစ်ဆင်ရေးဆောင်ရွက်ခဲ့သည့် အဖွဲ့ဝင်အားလုံးဘေးကင်းကြောင်း ၎င်းက ဆိုသည်။

တွံတေးမြို့နယ်
တွံတေးမြို့နယ်

ရန်ကုန်တိုင်း တွံတေးမြို့နယ် ဇီးဖြူကုန်းကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များကို ရှင်းလင်းခဲ့သည့်ဖြစ်စဉ်နှင့်ပတ်သက်၍ မတရားဖမ်းဆီးခံထားရသည့် အမျိုးသမီးတစ်ဦး အကြမ်းဖက် စစ်ကောင်စီ၏ ရိုက်နှက်နှိပ်စက်မှုကြောင့် သေဆုံးသွားကြောင်း မြို့ပြပြောက်ကျား တွံတေးမှ တာဝန်ရှိသူတစ်ဦးက People’s Springသို့ ပြောသည်။

“တွံတေးမြို့နယ်၊ဇီးဖြူကုန်းရွာမှာစစ်ခွေးတွေဖမ်းထားတဲ့အထဲကမခင်မျိုးနွယ်ဆိုတဲ့အမျိုးသမီးကိုစစ်ခွေးတွေရိုက်နှက်လို့လက်လွန်ပြီးသေဆုံးတယ်လို့အတွင်းသတင်းပေးရဲ့ပြောပြချက်အရသိရပါတယ်။အလောင်းကိုတော့မနက်မှပို့ပေးမယ်လို့ကြားရပါတယ်။”ဟု ၎င်းက ပြောသည်။

မြို့ပြပြောက်ကျား တွံတေးအဖွဲ့က ဩဂုတ် ၂၂ ရက်တွင် တွံတေးမြို့နယ် အုပ်ချုပ်ရေးမှုးရုံး၌ ပြုလုပ်သည့် အစည်းအဝေးမှပြန်လာသည့် ဇီးဖြူကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးအပါအဝင် အုပ်ချုပ်ရေးအဖွဲ့ဝင်များကို သေနတ်ပစ်၍ ရှင်းလင်းခဲ့ရာ ခြောက်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ကောင်စီက ဇီးဖြူကုန်းကျေးရွာ နှင့်အခြားရွာများမှ အပြစ်မဲ့ပြည်သူများကို ဖမ်းဆီး၍ စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

ဖမ်းဆီးစစ်ဆေးနေသူများသည် စစ်ဆင်ရေးနှင့်သက်ဆိုင်ခြင်းမရှိသည့် ပြည်သူ များဖြစ်ပြီး စစ်ဆင်ရေးဆောင်ရွက်ခဲ့သည့် အဖွဲ့ဝင်အားလုံးဘေးကင်းကြောင်း ၎င်းက ဆိုသည်။

“အကြမ်းဖက်စစ်တပ်ကို ပြောချင်ပါတယ်။ အပြစ်မဲ့ပြည်သူကိုနှိပ်စက်မနေပဲနဲ့သတ္တိရှိရှိစစ်ရေးအရရင်ဆိုင်ကြရအောင်လို့ပါ”ဟု ၎င်းက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

သတင်း

LGBT ၁ဦးလည်း ဖမ်းဆီးခံရပြီး ထွက်ပြေးလွတ်မြောက်လာ

သတင်း

ရန်ကုန်-နေပြည်တော်အမြန်လမ်း၊ မိုင်တိုင် ၃၂ အနီးမှာ ဒီနေ့ မနက် ၉နာရီခန့်က TikTokရိုက်နေတဲ့ အမျိုးသမီးတစ်ဦး ကားတိုက်ခံရတယ်လို့ သတင်းရရှ်ိပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။