Connect with us

Hi, what are you looking for?

သတင်း

တွံတေးမြို့နယ်တွင် အုပ်ကြီးအဖွဲ့ရှင်းလင်းခံရမှုနှင့်ပတ်သက်ပြီး စစ်ကောင်စီ၏ မတရားဖမ်းဆီးခံရသည့် အမျိုးသမီးတစ်ဦးသေဆုံး

ဖမ်းဆီးစစ်ဆေးနေသူများသည် စစ်ဆင်ရေးနှင့်သက်ဆိုင်ခြင်းမရှိသည့် ပြည်သူ များဖြစ်ပြီး စစ်ဆင်ရေးဆောင်ရွက်ခဲ့သည့် အဖွဲ့ဝင်အားလုံးဘေးကင်းကြောင်း ၎င်းက ဆိုသည်။

တွံတေးမြို့နယ်
တွံတေးမြို့နယ်

ရန်ကုန်တိုင်း တွံတေးမြို့နယ် ဇီးဖြူကုန်းကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များကို ရှင်းလင်းခဲ့သည့်ဖြစ်စဉ်နှင့်ပတ်သက်၍ မတရားဖမ်းဆီးခံထားရသည့် အမျိုးသမီးတစ်ဦး အကြမ်းဖက် စစ်ကောင်စီ၏ ရိုက်နှက်နှိပ်စက်မှုကြောင့် သေဆုံးသွားကြောင်း မြို့ပြပြောက်ကျား တွံတေးမှ တာဝန်ရှိသူတစ်ဦးက People’s Springသို့ ပြောသည်။

“တွံတေးမြို့နယ်၊ဇီးဖြူကုန်းရွာမှာစစ်ခွေးတွေဖမ်းထားတဲ့အထဲကမခင်မျိုးနွယ်ဆိုတဲ့အမျိုးသမီးကိုစစ်ခွေးတွေရိုက်နှက်လို့လက်လွန်ပြီးသေဆုံးတယ်လို့အတွင်းသတင်းပေးရဲ့ပြောပြချက်အရသိရပါတယ်။အလောင်းကိုတော့မနက်မှပို့ပေးမယ်လို့ကြားရပါတယ်။”ဟု ၎င်းက ပြောသည်။

မြို့ပြပြောက်ကျား တွံတေးအဖွဲ့က ဩဂုတ် ၂၂ ရက်တွင် တွံတေးမြို့နယ် အုပ်ချုပ်ရေးမှုးရုံး၌ ပြုလုပ်သည့် အစည်းအဝေးမှပြန်လာသည့် ဇီးဖြူကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးအပါအဝင် အုပ်ချုပ်ရေးအဖွဲ့ဝင်များကို သေနတ်ပစ်၍ ရှင်းလင်းခဲ့ရာ ခြောက်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ကောင်စီက ဇီးဖြူကုန်းကျေးရွာ နှင့်အခြားရွာများမှ အပြစ်မဲ့ပြည်သူများကို ဖမ်းဆီး၍ စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

ဖမ်းဆီးစစ်ဆေးနေသူများသည် စစ်ဆင်ရေးနှင့်သက်ဆိုင်ခြင်းမရှိသည့် ပြည်သူ များဖြစ်ပြီး စစ်ဆင်ရေးဆောင်ရွက်ခဲ့သည့် အဖွဲ့ဝင်အားလုံးဘေးကင်းကြောင်း ၎င်းက ဆိုသည်။

“အကြမ်းဖက်စစ်တပ်ကို ပြောချင်ပါတယ်။ အပြစ်မဲ့ပြည်သူကိုနှိပ်စက်မနေပဲနဲ့သတ္တိရှိရှိစစ်ရေးအရရင်ဆိုင်ကြရအောင်လို့ပါ”ဟု ၎င်းက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကမ္ဘာ့ရွှေ အမြင့်စျေးဖြင့် စျေးကွက်ပိတ်ခဲ့ပြီး ပြည် တွင်း၌ ရွှေသန့်စင်ဖိုများလုပ်ငန်းယာယီရပ်ရန် စစ်ကောင်စီက ဖိအားပေးနေကြောင်း ရွှေလုပ်ငန်းရှင် အချို့ကပြောသည်။

သတင်း

ရန်ကုန်မြို့မှာစစ်ကောင်စီရဲ့လက်အောက်ခံ ရဲတွေနဲ့ စစ်ကောင်စီက ပျူစောထီး​ခေါ် ပြည်သူ့စစ်တွေ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့တွေ၊ လူမိုက်အဖွဲ့တွေနဲ့ အချင်းချင်းကြားပြန်လည်ပစ်ခတ်မှုတွေဖြစ်နေပါတယ်။

သတင်း

မြန်မာ-တရုတ်နယ်စပ်တွင်အဓိကကုန်သွယ်ရေးဂိတ်ဖြစ်လာသည့် ကျင်စန်းကျော့ဂိတ်မှတဆင့် တရားဝင်အခွန်ကောက်မည်ဟု မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကကြေညာပြီးနောက် မူဆယ်သို့သွားမည့် ကုန်ကားများကို လားရှိူးမှ စောင့်၍ ဖမ်း‌ဆီး​နေသည်။

သတင်း

ရန်ကုန်တိုင်း၊တောင်ဒဂုံမြို့နယ်တွင်အခြေခံလုပ်အားခတိုးမြှင့်ရေးဦးဆောင်တောင်းဆိုသည့် စက်ရုံလုပ်သားတစ်ဦးကို စစ်ကောင်စီဖမ်းဆီးသွားသည်မှာ ငါးရက်ရှိပြီ ဖြစ်ပြီးပြန်လွတ်မလာ​သေး​ကြောင်း ဖြစ်စဥ်ကိုသိ​သူများက​ပြောသည်။