Connect with us

Hi, what are you looking for?

သတင်း

မြင်းမူတွင် ပျူသုံးဦးကိုPDFများကပစ်ခတ်ရှင်းလင်း၊ လက်နက် တစ်လက်ပါ သိမ်းဆည်းရရှိ

မြင်းမူမြို့နယ်သည် စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းတွင် တည်ရှိပြီး စစ်အာဏာရှင်ကို ခုခံတော်လှန်မှုအားကောင်းရာ ဒေသဖြစ်ကာ စစ်ကောင်စီတပ်နှင့်ပျူများ၏ အကြမ်းဖက်မီးရှို့ဖျက်ဆီးသတ်ဖြတ်ခြင်းများ မကြာခဏ ခံနေရသည်။

(သိမ်းဆည်းရမိသောသေနတ်အား တွေ့ရစဥ်။ဓာတ်ပုံ-Nway Oo Takhon)
(သိမ်းဆည်းရမိသောသေနတ်အား တွေ့ရစဥ်။ဓာတ်ပုံ-Nway Oo Takhon)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် စစ်ကောင်စီတပ်နှင့်ပူးပေါင်းကာ ဒေသခံပြည်သူအား အကြမ်းဖက်နေသည့် ပျူစောထီးအဖွဲ့ဝင် သုံးဦး ပစ်ခတ်ခံရ၍ သေဆုံးသွားပြီး ၎င်းတို့၏ လက်နက်တစ်လက်ပါ သိမ်းဆည်းခံလိုက်ရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့ (စက်တင်ဘာ၁ ရက်) ညပိုင်းက မြင်းမူနယ်တဝိုက်တွင် စစ်ကောင်စီတပ်နှင့် ပေါင်းပြီး ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ဖျက်ဆီးနေသော ပျူစောထီးသုံးဦးအား မဟာမိတ်ညီနောင်များနှင့်ပူးပေါင်း၍ ဝင်ရောက်ရှင်းလင်းခဲ့ကြောင်း၊ ၎င်းတို့ထံမှ လက်လုပ် သေနက်တစ်လက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိကြောင်း Nway Oo Takhon PDFအဖွဲ့က သတင်းထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

ဖြစ်စဥ်နှင့်ပတ်သက်၍ Nway Oo Takhon PDFအဖွဲ့ တာဝန်ရှိသူက “မဟာမိတ်သုံးဖွဲ့နဲ ပျူ​လေးကောင်ကို ဝင်ဖမ်းတယ်။ သုံးကောင်မိပြီး တစ်ကောင်လွတ်သွားတယ်။ သေနတ်တစ်လက်နဲ့ စစ်အသုံးအဆောင်ပစ္စည်းတချိူ့ ရပါတယ်။ဒီပျူတွေက မြင်းမူဘက်မှာ လှုပ်ရှားပြီး ငါန်းဇွန်ဘက် က ပျူတွေနဲ့လည်း ဆက်စပ်မှုရှိပါတယ်။ ပျူတွေဟာ စကစသတင်းပေးလုပ်တယ်။ အကြမ်းဖက်စကစတပ်တွေစစ်ကြောင်းထိုးတဲ့အခါလမ်းပြလိုက်တယ်။အလိုတူအလိုပါပြည်သူလူထုအိုးအိမ်ကိုဖျက်ဆီးနေကြသူတွေပါ။”ဟု ပြောကြားသည်။

မြင်းမူမြို့နယ်သည် စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းတွင် တည်ရှိပြီး စစ်အာဏာရှင်ကို ခုခံတော်လှန်မှုအားကောင်းရာ ဒေသဖြစ်ကာ စစ်ကောင်စီတပ်နှင့်ပျူများ၏ အကြမ်းဖက်မီးရှို့ဖျက်ဆီးသတ်ဖြတ်ခြင်းများ မကြာခဏ ခံနေရသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။