Connect with us

Hi, what are you looking for?

သတင်း

မိုးကုတ်တိုက်ပွဲတွင် အခြားရဲဘော်များကို ဆုတ်ခွာခိုင်းပြီး တစ်ဦးတည်းခံပစ်ရင်း ရှေ့တန်း၌ကျန်နေခဲ့သည့် ဒုရင်းမှူးကိုမှိုင်း ငါးရက်အကြာတွင် တပ်ရင်းသို့ ပြန်ရောက်လာ

“တိုက်ပွဲတွင်မသေပျောက်ဘဲ တောတွင်း၌ ငါးရက်လုံးလုံး ထမင်းမစားရဘဲ မိမိတပ်ဖွဲ့သို့ ပြန်လည်ရောက်ရှိခဲ့ပါသည်”ဟု PLA က ထုတ်ပြန် သည်။

မိုးကုတ်မြို့နယ်တွင် စစ်ကောင်စီနှင့်တိုက်ပွဲအတွင်း အခြားရဲဘော်များကို ဆုတ်ခွာခိုင်းပြီး တစ်ဦးတည်းခံပစ်ရင်း ရှေ့တန်း၌ ကျန်နေခဲ့သည့် ဒုရင်းမှူးတစ်ဦးသည် ငါးရက်အကြာတွင် တပ်ရင်းသို့ ပြန်ရောက်လာခဲ့သည်ဟု ပြည်သူ့လွတ်လပ်ရေးတပ်မတော် (PLA)က သတင်းထုတ်ပြန်သည်။

သြဂုတ် ၂၈ရက် နံနက်က တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA၊ မိုးကုတ် PDFနှင့် PLA ပူးပေါင်းမဟာမိတ်အဖွဲ့တို့ မိုးကုတ်မြို့နယ်၊လောင်စဥ်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် တိုက် ပွဲအပြင်းအထန်ဖြစ်ခဲ့သည်။

စစ်ကောင်စီဘက်က ၁၅ဦးထက်မနည်းသေဆုံးခဲ့သည့် ယင်းတိုက်ပွဲတွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်အမှတ် (၂)စစ်ဒေသမှူး ဒုတပ်မှူး ရဲဘော် ကိုမှိုင်းသည် ကျန်မဟာမိတ်ရဲဘော်အားလုံးကို ဆုတ်ခွာစေခဲ့ပြီး တစ်ဦးတည်းကျန်ရစ်ခဲ့စဥ် မိခင်တပ်ရင်းနှင့် အဆက်အသွယ်ပြတ်တောက် သွားခဲ့ကြောင်း၊ ယနေ့( စက်တင်ဘာ ၂ရက်)တွင် တပ်ရင်းသို့ပြန်ရောက်လာခဲ့သည်ဟု PLA က ထုတ်ပြန်သည်။

မိုးကုတ်တိုက်ပွဲတွင် အခြားရဲဘော်များကို ဆုတ်ခွာခိုင်းပြီး တစ်ဦးတည်းခံပစ်ရင်း ရှေ့တန်း၌ကျန်နေခဲ့သည့် ဒုရင်းမှူးကိုမှိုင်း ငါးရက်အကြာတွင် တပ်ရင်းသို့ ပြန်ရောက်လာ
မိုးကုတ်တိုက်ပွဲတွင် အခြားရဲဘော်များကို ဆုတ်ခွာခိုင်းပြီး တစ်ဦးတည်းခံပစ်ရင်း ရှေ့တန်း၌ကျန်နေခဲ့သည့် ဒုရင်းမှူးကိုမှိုင်း ငါးရက်အကြာတွင် တပ်ရင်းသို့ ပြန်ရောက်လာ

“တိုက်ပွဲတွင်မသေပျောက်ဘဲ တောတွင်း၌ ငါးရက်လုံးလုံး ထမင်းမစားရဘဲ မိမိတပ်ဖွဲ့သို့ ပြန်လည်ရောက်ရှိခဲ့ပါသည်”ဟု PLA က ထုတ်ပြန် သည်။

Public Service Announcement

Public Service Announcement

ဒုတပ်မှူး ရဲဘော် ကိုမှိုင်း၏ ရဲစွမ်းသတ္တိရှိမှု၊တပ်ဖွဲ့တခုလုံးကို စနစ်တကျ ဦးဆောင်ကွပ်ကဲနိုင်မှု၊တပ်ဖွဲ့တစ်ခုလုံး လုံခြုံရေးအတွက် မိမိတစ်ဦးတည်း စွန့်လွှတ် အနစ်နာခံမှုတို့ကို PLA တပ်မတော် တစ်ခုလုံးမှ တပ်မှူး၊တပ်သား အားလုံးက လေးစားဂုဏ်ယူရပါသည်ဟုလည်း ဖော်ပြထားသည်။

သြဂုတ် ၂၈ရက်က တိုက်ပွဲသည် အလွန်ပြင်းထန်ခဲ့ပြီး စစ်ကောင်စီသည် တိုက်ပွဲအတွင် သေဆုံးသူနှင့်ဒဏ်ရာရသူများကို မိုးကုတ်ဆေးရုံသို့ ကားသုံးစီးဖြင့် ပို့ဆောင်ခဲ့သည်ကို တွေ့ရသည်ဟု မြို့ခံများက ပြောသည်။

လောင်စဥ်ရွာအနီးတွင် သြဂုတ် ၂၉ရက်ကလည်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန် ကြီးဌာန၏ မိုးကုတ်အခြေပြု ပြည်သူ့ကာကွယ် ရေး တပ်ရင်းများဖြစ်သည့် (၁၂၂၁)၊ (၁၂၂၂)၊ (၁၂၂၃)နှင့် PLA ပူးပေါင်းကာ စစ်ကောင်စီကို တိုက်ခိုက်ခဲ့သည်။

ယင်းတိုက်ပွဲတွင်လည်း စစ်ကောင်စီဘက်က ဒုတပ်ရင်းမှူဒအပါအဝင် ၁၀ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့က ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။