Connect with us

Hi, what are you looking for?

သတင်း

ချောင်းဦးမှ မုံရွာသို့ ထွက်ခွာလာသည့် စစ်ကောင်စီ၏ အံစာတုံးယာဉ်သုံးစီး မိုင်းထိ

ထိုစစ်ဆင်ရေးအား မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပ.က.ဖ)နှင့်အတူ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မဟာမိတ်ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း SpecialForces-11(PDF)က အသိပေးသည်။

(စစ်ကောင်စီတပ်သားများ လိုက်ပါလာသည့် ယာဉ်တစ်စီးအား တွေ့ရစဉ်)
(စစ်ကောင်စီတပ်သားများ လိုက်ပါလာသည့် ယာဉ်တစ်စီးအား တွေ့ရစဉ်)

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းပိုင်းတွင် ချောင်းဦးမှ မုံရွာမြို့သို့ထွက်ခွာလာသော စစ်ကောင်စီအဖွဲ့များလိုက်ပါလာသည့် အံစာတုံးယာဉ်သုံးစီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားအချို့ ထိခိုက်မှုများ ရှိနိုင်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့(စက်တင်ဘာ၂ ရက်) ညနေ ၆နာရီ ၁၅မိနစ် ဝန်းကျင်က မုံရွာ – မန္တလေးလမ်းမကြီး၏ ချောင်းဦး-မုံရွာ လမ်းပိုင်းတစ်နေရာတွင် ချောင်းဦးမြို့ဘက်မှ စစ်ကောင်စီတပ်ဖွဲ့ လိုက်ပါလာသော အံစာတုံးယာဉ်သုံးစီး မုံရွာမြို့ဘက်သို့ ထွက်လာခဲ့သည်။

ထိုအံစာတုံးကား သုံးစီးအနက် ဒုတိယမြောက်အစီးအား ပဒေသာမိုင်း(၃)လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းစစ်ကောင်စီတပ်သား သုံးဦး နေရာတွင် ပွဲချင်းပြီးသေဆုံး၍ စစ်သားနှစ်ဦး ဒဏ်ရာအပြင်းအထန်ဖြင့် သေဆုံးနိုင်ခြေများကြောင်း Special Forces-11(PDF)က သတင်းထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

အခြားစစ်ကောင်စီတပ်သားများလည်း ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့ပြီး မိုင်းထိထားသော ကားတစ်စီးသည် မုံရွာမြို့ဘက်သို့ ဆက်မထွက်နိုင်တော့ဘဲ နေရာတွင် ရပ်တန့်ထားခဲ့ကြောင်း၊ ၎င်းနောက်မှ လိုက်ပါလာသော ကားအတွင်းမှ စစ်သားများသည် ပတ်ဝန်းကျင်အား ရမ်းသမ်း ပစ်ခတ်သွားကြောင်း Special Forces-11(PDF)က အသိပေးသည်။

Public Service Announcement

Public Service Announcement

ထိုစစ်ဆင်ရေးအား မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပ.က.ဖ)နှင့်အတူ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မဟာမိတ်ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း SpecialForces-11(PDF)က အသိပေးသည်။

ယမန်နေ့ညနေပိုင်းကလည်း မုံရွာ-မန္တလေးလမ်းပေါ်တွင် စစ်ကောင်စီယာဥ်တန်း တိုက်ခိုက်ခံခဲ့ရပြီး ထိခိုက်မှုများရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မုံရွာမြို့ရဲ့ ရပ်ကွက်အချို့မှာ မိုးရွာလိုက်တိုင်း ​ရေနှုတ်​မြောင်းမရှိတဲ့အတွက် ရေဝပ်ပြီး ရေနစ်မြုပ်​နေတာ​ကြောင့် ​နောက်ဆက်တွဲကျန်းမာ​ရေးပြသာနာ​တွေဖြစ်လာမှာကို ဒေသခံတွေစိုးရိမ်​​နေကြပါတယ်။

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

တပတ်ကျော်အတွင်း အိမ်ခြံမြေပွဲစားတွေ ပြန်ပေးဆွဲခံရမှု ၂မှုဖြစ်လာ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

Facebook