Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်ကို မတရားသဖြင့် ထောင်ဒဏ် ၃နှစ်ချမှတ်သည့်အပေါ် စစ်အုပ်စုကို အီးယူ ကန့်ကွက်ရှုတ်ချ

အကြမ်းဖက်စစ်အုပ်စုက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို မတရား သဖြင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည့်အပေါ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ကလည်း ပြင်းထန်စွာရှုတ်ချကြောင်း ထုတ်ပြန်ထားသည်။

ဓာတ်ပုံ - Josep Borrell Fontelles/Twitter
ဓာတ်ပုံ - Josep Borrell Fontelles/Twitter

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်အုပ်စုက ထောင်ဒဏ် ၃နှစ် မတရားသဖြင့် ထပ်မံချမှတ်လိုက်သည့်အပေါ် ဥရောပသမဂ္ဂ(EU)က ကန့်ကွက်ရှုတ်ချလိုက်သည်။

ဥရောပသမဂ္ဂ နိုင်ငံခြားရေးနှင့် လုံခြုံရေးမူဝါဒ အဆင့်မြင့်ကိုယ်စားလှယ် ဂျိုးဆက်ဘော်ရယ်လ် က တွစ်တာလူမှုကွန်ရက်မှတဆင့် ယမန်နေ့(စက်တင်ဘာ ၄ ရက်)တွင် ထုတ်ပြန်ခဲ့ပြီး စစ်ကောင်စီအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးရန် တောင်း ဆိုကြောင်းလည်း ဖော်ပြသည်။

“ဒေါ်အောင်ဆန်းစုကြည်ကို မတရားသဖြင့် အလုပ်နဲ့ ထောင်ဒဏ် ၃ နှစ် ထပ်မံချမှတ်ခဲ့တဲ့ အပေါ် အီးယူက ကန့်ကွက်ရှုတ်ချပါတယ်။ အခုဆိုရင် သူမ(ဒေါ်အောင်ဆန်းစုကြည်)ဟာ ကျန်ရှိနေတဲ့ တရားစွဲဆိုမှုများစွာနဲ့ ပုဒ်မ ၁၁ ခုအတွက် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံရတာကို ရင် ဆိုင်နေရပါတယ်။ သူမနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့ မြန်မာစစ်ကောင်စီကို အီးယူက တောင်းဆိုပါတယ်”ဟု ဂျိုးဆက်ဘော်ရယ်လ်က ဆိုသည်။

အကြမ်းဖက်စစ်အုပ်စုက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို မတရား သဖြင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည့်အပေါ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ကလည်း ပြင်းထန်စွာရှုတ်ချကြောင်း ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ဒီမိုကရေစီနည်းကျရွေးကောက်ခံခေါင်းဆောင်များအပေါ် စစ်အုပ်စု၏ ပိုမိုအကြမ်းဖက်၊ ဖိနှိပ်သည့်လုပ်ဆောင်ချက်များအတွက် အပြစ်ပေးအရေးယူနိုင်ရေး အတူတကွကြိုးပမ်းလုပ် ဆောင်ရမည်ဟု နိုင်ငံတကာအသိုင်းအဝန်းကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။