Connect with us

Hi, what are you looking for?

သတင်း

မြောင်တွင် စစ်ကောင်စီတပ်က ပြည်သူနှစ်ဦးကို သတ်ဖြတ်

အဆိုပါ သုံးဦးအနက် စစ်ကောင်စီတ​ပ်သားတစ် ဦးသည် ရရှိသွားသော ဒဏ်ရာများဖြင့် မြစ်ဆုံကျေးရွာအဝင်တွင် သေဆုံးသွားခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားခဲ့သည့် စစ်ကောင်စီတပ်သားရုပ်အလောင်းနှင့် PDFများ၏ ဆိုင်ကယ်များ၊ ဓာတ်ပုံ- ကျေးရွာတပ်ပေါင်းစု(Myaung)
စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားခဲ့သည့် စစ်ကောင်စီတပ်သားရုပ်အလောင်းနှင့် PDFများ၏ ဆိုင်ကယ်များ၊ ဓာတ်ပုံ- ကျေးရွာတပ်ပေါင်းစု(Myaung)

▪️အဆိုပါ စစ်ကောင်စီတပ် မိုင်းဆွဲခံရပြီး ထိခိုက် သေဆုံးမှုရှိ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် ဒေသခံ ပြည်သူနှစ်ဦးကို သတ်ဖြတ်ကာ ဆိုင်ကယ်များအား မီးရှို့ဖျက်ဆီးသွားသည့် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများရှိကြောင်း ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပြောသည်။

သြဂုတ် ၃၁ ရက်က မြောင်မြို့နယ်ကျောက်ရစ် ကျေးရွာမှ ထွက်ခွာလာသော စစ်ကောင်စီစစ် ကြောင်းသည် ည ၁၀နာရီခွဲ အချိန်က သနပ်ကုန်းကျေးရွာမှ စစ်ဘေးရှောင်ပြည်သူတစ်ဦးအား သတ်ဖြတ်ပြီး ၎င်းတို့၏ အကြမ်းဖက်ပစ်ခတ်မှုများကြောင့် ဒေသခံပြည်သူ​လေးဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ကျေးရွာတပ်ပေါင်းစု(Myaung)က ထုတ်ပြန်သည်။

စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားခဲ့သည့် စစ်ကောင်စီတပ်သားရုပ်အလောင်းနှင့် PDFများ၏ ဆိုင်ကယ်များ၊ ဓာတ်ပုံ- ကျေးရွာတပ်ပေါင်းစု(Myaung)
စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားခဲ့သည့် စစ်ကောင်စီတပ်သားရုပ်အလောင်းနှင့် PDFများ၏ ဆိုင်ကယ်များ၊ ဓာတ်ပုံ- ကျေးရွာတပ်ပေါင်းစု(Myaung)

အဆိုပါ စစ်ကောင်စီတပ်များသည်စက်တင်ဘာ ၁ ရက် ညနေ ၅နာရီခန့်တွင် မြစ်သာကျေးရွာကို စီးနင်းဝင်ရောက်ရန် တိတ်တဆိတ်ချဥ်းကပ်ခဲ့ကြောင်း၊ ၎င်းစစ်ကောင်စီတပ်များကို ရှေ့ထွက်မိုင်းကြီးဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သားတစ်ဦးမှာ နေရာတွင်ပင် ပွဲခြင်းပြီး သေဆုံးခဲ့ပြီး သုံးဦး ဒဏ်ရာပြင်းထန်စွာ ရရှိသွားကြောင်း ကျေးရွာတပ်ပေါင်းစု(Myaung)က အသိပေးသည်။

Public Service Announcement
Public Service Announcement

အဆိုပါ သုံးဦးအနက် စစ်ကောင်စီတ​ပ်သားတစ် ဦးသည် ရရှိသွားသော ဒဏ်ရာများဖြင့် မြစ်ဆုံကျေးရွာအဝင်တွင် သေဆုံးသွားခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားခဲ့သည့် စစ်ကောင်စီတပ်သားရုပ်အလောင်းနှင့် PDFများ၏ ဆိုင်ကယ်များ၊ ဓာတ်ပုံ- ကျေးရွာတပ်ပေါင်းစု(Myaung)
စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားခဲ့သည့် စစ်ကောင်စီတပ်သားရုပ်အလောင်းနှင့် PDFများ၏ ဆိုင်ကယ်များ၊ ဓာတ်ပုံ- ကျေးရွာတပ်ပေါင်းစု(Myaung)

စစ်ကောင်စီတပ်များသည် မြစ်သာကျေးရွာမှ ပြည်သူတစ်ဦးကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခဲ့ပြီး ရဲဘော်များ၏ ဆိုင်ကယ် ၇စီး၊ စက်ဘီး ၄စီး၊ ပျမ်းမျှတန်ဖိုး ကျပ်သိန်း၃၀ကျော်ခန့် မီးရှို့ဖျက် ဆီးခံခဲ့ရကြောင်း ကျေးရွာတပ်ပေါင်းစု (Myaung)က ထပ်မံအသိပေးသည်။

အဆိုပါ စစ်ဆင်ရေးအား ကျေးရွာတပ်ပေါင်းစု(Myaung)၊ 27 Revolution Force၊ မြေလတ် PDF၊ TTA ပြောက်ကျားတပ်၊ 7 People Defence Force တို့က ပူးပေါင်းတိိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နိုင်ငံတကာက မြန်မာနဲ့ သံတမန်ရေး ထိတွေ့မှုတွေကို မြှင့်တင်ဖို့ ခြေလှမ်းပြင်လာချိန်မှာပဲ အာဏာသိမ်း စစ်တပ်ကမြန်မာပြည်သူတွေအပေါ် သတ်ဖြတ်မှုတွေလျော့ပါးမသွားတဲ့အပြင်ပိုပြီးတောင်ဆိုးရွားလာနေတယ်လို့ နိုင်ငံတကာ လေ့လာစောင့်ကြည့်မှု အဖွဲ့တစ်ခုက ထောက်ပြခဲ့ပါတယ်။

သတင်း

ကျူးလွန်သူကိုထိထိရောက်ရောက်အရေးယူ၊ အပြစ်ပေးဖို့အရပ်ဖက်အဖွဲ့တွေနဲ့ ပြည်သူတွေတောင်းဆို