Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

KNU တပ်မဟာ(၅)နယ်မြေ၌ ဩဂုတ်အတွင်းတိုက်ပွဲများတွင် စစ်ကောင်စီနှင့် BGFတပ်ဖွဲ့ဝင် ၈၀ကျော်သေ

ဩဂုတ်အတွင်း စစ်ကောင်စီတပ်က လေကြာင်းတိုက်ခိုက်မှု သုံးကြိမ်ပြုလုပ်ခဲ့၍ အရပ်သား တစ်ဦး သေဆုံးပြီး ငါးဦး ဒစ်ရာရခဲ့သည်ဟု ထုတ်ပြန်သည်။

(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော ပစ္စည်းများအား တွေ့ရစဥ်၊ဓာတ်ပုံ - Thoolei Poe)
(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော ပစ္စည်းများအား တွေ့ရစဥ်၊ဓာတ်ပုံ - Thoolei Poe)

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်(မူတြော်) ခရိုင်အတွင်း၌ ဩဂုတ်အတွင်းက တိုက်ပွဲပေါင်း ၁၁၈ကြိမ်ဖြစ်ခဲ့ရာ စစ်ကောင်စီတပ်နှင့် ၎င်း၏ လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ (BGF) တို့ဘက်မှ တပ်ဖွဲ့ဝင် ၈၄ဦး သေဆုံးခဲ့ကြောင်း တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။

ထို့ပြင် စစ်ကောင်စီတပ်နှင့် BGF တပ်ဖွဲ့ဝင် ၄၇ဦး ဒဏ်ရာရရှိခဲ့ပြီး KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ဘက်မှ တစ်ဦးကျဆုံးခဲ့ရသည်ဟု အသိပေးထားသည်။

KNLA အနေဖြင့် စစ်ကောင်စီ၏ ထောက်ပို့တံတား တစ်စင်းအား ဖြတ်တောက်ဖျက်ဆီးနိုင်ခဲ့ကြောင်းလည်း ဖော်ပြထားသည်။

ဩဂုတ်အတွင်း စစ်ကောင်စီတပ်က လေကြာင်းတိုက်ခိုက်မှု သုံးကြိမ်ပြုလုပ်ခဲ့၍ အရပ်သား တစ်ဦး သေဆုံးပြီး ငါးဦး ဒစ်ရာရခဲ့သည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

KNLA တပ်မဟာ(၅) နယ်မြေ၌ ဩဂုတ်လအတွင်းက စစ်ကောင်စီ လက်အောက်ခံတပ်စခန်း အချို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းများလည်းရရှိခဲ့သည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။