Connect with us

Hi, what are you looking for?

သတင်း

KNU တပ်မဟာ(၅)နယ်မြေ၌ ဩဂုတ်အတွင်းတိုက်ပွဲများတွင် စစ်ကောင်စီနှင့် BGFတပ်ဖွဲ့ဝင် ၈၀ကျော်သေ

ဩဂုတ်အတွင်း စစ်ကောင်စီတပ်က လေကြာင်းတိုက်ခိုက်မှု သုံးကြိမ်ပြုလုပ်ခဲ့၍ အရပ်သား တစ်ဦး သေဆုံးပြီး ငါးဦး ဒစ်ရာရခဲ့သည်ဟု ထုတ်ပြန်သည်။

(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော ပစ္စည်းများအား တွေ့ရစဥ်၊ဓာတ်ပုံ - Thoolei Poe)
(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော ပစ္စည်းများအား တွေ့ရစဥ်၊ဓာတ်ပုံ - Thoolei Poe)

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်(မူတြော်) ခရိုင်အတွင်း၌ ဩဂုတ်အတွင်းက တိုက်ပွဲပေါင်း ၁၁၈ကြိမ်ဖြစ်ခဲ့ရာ စစ်ကောင်စီတပ်နှင့် ၎င်း၏ လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ (BGF) တို့ဘက်မှ တပ်ဖွဲ့ဝင် ၈၄ဦး သေဆုံးခဲ့ကြောင်း တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။

ထို့ပြင် စစ်ကောင်စီတပ်နှင့် BGF တပ်ဖွဲ့ဝင် ၄၇ဦး ဒဏ်ရာရရှိခဲ့ပြီး KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ဘက်မှ တစ်ဦးကျဆုံးခဲ့ရသည်ဟု အသိပေးထားသည်။

KNLA အနေဖြင့် စစ်ကောင်စီ၏ ထောက်ပို့တံတား တစ်စင်းအား ဖြတ်တောက်ဖျက်ဆီးနိုင်ခဲ့ကြောင်းလည်း ဖော်ပြထားသည်။

ဩဂုတ်အတွင်း စစ်ကောင်စီတပ်က လေကြာင်းတိုက်ခိုက်မှု သုံးကြိမ်ပြုလုပ်ခဲ့၍ အရပ်သား တစ်ဦး သေဆုံးပြီး ငါးဦး ဒစ်ရာရခဲ့သည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

KNLA တပ်မဟာ(၅) နယ်မြေ၌ ဩဂုတ်လအတွင်းက စစ်ကောင်စီ လက်အောက်ခံတပ်စခန်း အချို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းများလည်းရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။