Connect with us

Hi, what are you looking for?

သတင်း

ဖာပွန်ခရိုင်ရှိ စစ်ကောင်စီတပ်စခန်းကို KNU တပ်မဟာ(၅) တိုက်ခိုက်သိမ်းပိုက်

ဖာပွန်ခရိုင်ရှိ စစ်ကောင်စီတပ်၏ ဖောလုတပ်စခန်းကို စက်တင်ဘာ ၂ရက် နံနက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိခဲ့သည်ဟုဆိုသည်။

ကောင်သူးလေ ထိန်းချုပ်နယ်မြေ မူတြော်ခရိုင် တပ်မဟာ(၅)မှ နယ်မြေကျုးကျော်စခန်းချသည့် အကြမ်းဖက် စစ်ကောင်စီ တပ်စခန်း (ဖေါလု)စခန်းအား သိမ်းပိုက်စဉ် ရရှိသည့် လက်နက်ခဲယမ်းများ၊ ဓာတ်ပုံ - thooleipoe
ကောင်သူးလေ ထိန်းချုပ်နယ်မြေ မူတြော်ခရိုင် တပ်မဟာ(၅)မှ နယ်မြေကျုးကျော်စခန်းချသည့် အကြမ်းဖက် စစ်ကောင်စီ တပ်စခန်း (ဖေါလု)စခန်းအား သိမ်းပိုက်စဉ် ရရှိသည့် လက်နက်ခဲယမ်းများ၊ ဓာတ်ပုံ - thooleipoe

▪️စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိပြီး လက်နက် (၈)လက်နှင့် ခဲယမ်း၊ကျည်များရ

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော် (ဖာပွန်)ခရိုင် အတွင်းရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၅) တပ်ဖွဲ့ဝင်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း KNU သတင်းရင်းမြစ်က ပြော သည်။

ဖာပွန်ခရိုင်ရှိ စစ်ကောင်စီတပ်၏ ဖောလုတပ်စခန်းကို စက်တင်ဘာ ၂ရက် နံနက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိခဲ့သည်ဟုဆိုသည်။

” စခန်းသိမ်းတာ ဟုတ်တယ်။ ဖြစ်တာ ဒီမနက်ပဲ။ အထိအခိုက် အကျအဆုံးလည်းရှိတယ်။ လက်နက်ကတော့ ၈လက်ရတယ်။ နောက်တခြား လက်နက်ကြီးကျည်တို့ဘာတို့ ရတာပေါ့။ စစ်သားဝတ်စုံတွေရော” ဟု KNU သတင်းရင်းမြစ်က ပြော သည်။

Public Service Announcement
Public Service Announcement

ပြီးခဲ့သည့် ဩဂုတ် ၂၂ရက်ကလည်း ဖာပွန်ခရိုင် ဒွယ်လိုးမြို့နယ်ရှိ စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့၏ ဘော့ကျုံထာ့ တပ်စခန်း ကို တပ်မဟာ(၅)က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ BGF တပ်သား လေးဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း ၊ လက်နက်ခဲယမ်းများ ရရှိခဲ့ကြောင်း တပ်မဟာ(၅)က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။