Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ရေးအအဖွဲ့တွေရွာထဲလာရင် သတင်းပေးဖို့ ရွာသားတွေကိုစစ်တပ်က ခြိမ်းခြောက်

စက်တင်ဘာလ (၄)ရက်က စစ်ကောင်စီလက်အောက်ခံ(BGF – ၁၀၁၄)တပ်ရင်းက ကေအဲန်ယူ-ဖားအံမြို့နယ် တကောင်ဘိုးကျေးနယ်အုပ်စုအတွင်းရှိ တစ်လသူကြီးတွေကို မိတ္ထိလာ(ဘုရားကုန်း) BGF တပ်ခွဲ(၂)စခန်းကို ခေါ်ယူခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

တော်လှန်ရေးအအဖွဲ့တွေရွာထဲလာရင် သတင်းပေးဖို့ ရွာသားတွေကိုစစ်တပ်က ခြိမ်းခြောက်
တော်လှန်ရေးအအဖွဲ့တွေရွာထဲလာရင် သတင်းပေးဖို့ ရွာသားတွေကိုစစ်တပ်က ခြိမ်းခြောက်

ဖားအံမြို့နယ်မှာ နယ်ခြားစောင့်တပ်(BGF) တပ်ဖွဲ့တွေက ဒေသခံရွာလူကြီးတွေကို ခေါ်ယူတွေ့ဆုံပြီး KNU/KNLA အပါအဝင် မိတ်ဖက်တော်လှန်ရေးအဖွဲ့ဝင်တွေ ရွာထဲဝင်ရောက်လာရင် သတင်းပေးပို့ဖို့ ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ပါတယ်။

သတင်းမပေးရင် ရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ဖျက်ဆီးမယ်လို့ခြိမ်းခြောက်တယ်လို့လည်းဆိုပါတယ်။

စက်တင်ဘာလ (၄)ရက်က စစ်ကောင်စီလက်အောက်ခံ(BGF – ၁၀၁၄)တပ်ရင်းက ကေအဲန်ယူ-ဖားအံမြို့နယ် တကောင်ဘိုးကျေးနယ်အုပ်စုအတွင်းရှိ တစ်လသူကြီးတွေကို မိတ္ထိလာ(ဘုရားကုန်း) BGF တပ်ခွဲ(၂)စခန်းကို ခေါ်ယူခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

နယ်ခြားစောင့်တပ်က ရွာလူကြီးတွေကို ခေါ်ယူတွေ့ဆုံရာမှဋ KNU/ KNLA နဲ့ မိတ်ဖက်တော်လှန်ရေးအဖွဲ့ဝင်တွေ ကျေးရွာအတွင်း ဝင်ရောက်လာတာကို လက်မခံဖို့၊ ဝင်ရောက်လာခြင်းရှိပါက အချိန်နဲ့တပြေးညီ သတင်းပို့ဖို့နဲ့ သတင်းမပေးပါက ကျေးရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ဖျတ်ဆီးပစ်မယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အဲ့ဒီနောက် စက်တင်ဘာလ(၄)ရက်နေ့ ညနေ(၄)နာရီ (၅၀)မိနစ်မှာ (BGF – ၁၀၁၄) တပ်ရင်းရဲ့ ညောင်ကုန်း BGF စစ်ဆေးရေးဂိတ်ကနေ ကျုံခနကျေးရွာထဲကို လက်နက်ကြီးလေးချက်ပစ်ခတ်ခဲ့ပြီး လူနေအိမ်နှစ်လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ ကေအဲန်ယူကဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ သြဂုတ်လ(၂၇)ရက်နေ့ ညခုနှစ်နာရီကလည်း ညောင်ကုန်း BGF ဂိတ်က လက်နက်ကြီး (၆၀-မမ)နဲ့ ပစ်ခတ်ခဲ့မှုတွေရှိပြီး ကျုံခနနဲ့ ညောင်ကုန်းရွာကြား ကျရောက်ပေါက်ကွဲခဲ့ကာ အဲ့ဒီနေ့ည (၁၂)နာရီကျော်မှာလည်း ရမ်းသမ်းပစ်ခတ်ခြိမ်းခြောက်မှုတွေရှိခဲ့လို့ ကျုံခနရွာနဲ့ ညောင်ကုန်းရွာကြား(၁၀)လုံး၊ နောနော့ဝါးကျေးရွာထဲ တစ်လုံး ကျရောက်ခဲ့တာဖြစ်ပါတယ်။

အခုလို စစ်ကောင်စီလက်အောက်ခံ BGF ၁၀၁၄ တပ်ရင်းက အပြစ်မဲ့ပြည်သူတွေကို ခေါ်ယူခြိမ်းခြောက်တာ၊ လက်နက်ကြီးတွေနဲ့ ကျေးရွာတွေထဲ ပစ်ခတ်ခြိမ်းခြောက်နေတာတွေကြောင့် ဒေသခံလူထုဟာ ထိတ်လန့်ကြောက်ရွံ့နေကြရတယ်လို့ ကေအဲန်ယူရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကာကင်းစခန်းနဲ့ ခြေကုတ်နေရာအချို့သိမ်းပိုက်ခံရပြီး​တော့ အာဏာသိမ်းစစ်တပ်က ဒီနေ့မှာစစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တို့ ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲနေတယ်လို့ဒေသခံတွေကပြောပါတယ်။