Connect with us

Hi, what are you looking for?

သတင်း

ဖာပွန်ထဲက စစ်ကောင်စီစခန်းတွေကို KNLA ဝင်တိုက်

ဒါ့အပြင် မနက်(၁၁)နာရီအချိန်ခန့်မှာ KNLA တပ်မဟာ ၅ လက်အောက်ခံ တပ်ရင်း(၁၀၂)တပ်ဖွဲ့ဝင်တွေက မူတြော်ခရိုင် ဒွယ်လိုးမြို့နယ် လှဂွန်းပျိုအခြေစိုက် စစ်ကောင်စီစခန်းကို ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီဘက်က တစ်ဦး သေဆုံးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဖာပွန်ထဲက စစ်ကောင်စီစခန်းတွေကို KNLA ဝင်တိုက်
ဖာပွန်ထဲက စစ်ကောင်စီစခန်းတွေကို KNLA ဝင်တိုက်

ဖာပွန်ခရိုင်ထဲက စစ်ကောင်စီတပ်စခန်းတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ ၅ က ဝင်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က လေးဦး သေဆုံးသွားခဲ့တယ်လို့ မူတြော်သတင်းစဉ်က ထုတ်ပြန်ထားပါတယ်။

ဩဂုတ်လ(၂၈)ရက် မနက်(၉)နာရီအချိန်က ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေ ထိန်းချုပ်နယ်မြေဖြစ်တဲ့ မူတြော်(ဖာပွန်)ခရိုင်ထဲက ဖာပွန်မြို့အနီးရှိ စစ်ကောင်စီရဲ့ မယားငယ်ကုန်းစခန်းငယ်ကို KNLA တပ်မဟာ ၅ လက်အောက်ခံတပ်ရင်း(၁၅) တပ်ဖွဲ့ ဝင်တွေက ခြံခိုဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးသွားတယ်လို့ တပ်ရင်း(၁၅)အရာရှိတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် မနက်(၁၁)နာရီအချိန်ခန့်မှာ KNLA တပ်မဟာ ၅ လက်အောက်ခံ တပ်ရင်း(၁၀၂)တပ်ဖွဲ့ဝင်တွေက မူတြော်ခရိုင် ဒွယ်လိုးမြို့နယ် လှဂွန်းပျိုအခြေစိုက် စစ်ကောင်စီစခန်းကို ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီဘက်က တစ်ဦး သေဆုံးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဲ့ဒီနောက် ညနေ(၅)နာရီခွဲအချိန်ခန့်မှာ ဖာပွန်မြို့ အရင်းပိုင်ဝင်းနေရာမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို KNLA တပ်ရင်း(၁၅)တပ်ဖွဲ့ဝင်တွေက ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီဘက်က တစ်ဦးသေဆုံးပြီး KNLA ဘက်က ထိခိုက်ကျဆုံးမှုမရှိကြောင်း မူတြော်သတင်းစဉ်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ဩဂုတ်လ(၂၈)ရက် ညနေ(၃)နာရီအချိန်က စစ်ကောင်စီစခန်းအခြေစိုက်ရာ မဲ၀ိုင်မှာ စစ်ရဟတ်ယာဉ် ဟယ်လီကော်ပတာနှစ်စီးရောက်ရှိလာပြီး တစ်စီးက စစ်လက်နက်ပစ္စည်းနဲ့ စားနပ်ရိက္ခာတွေ လာရောက်ကြဲချပြီး ကျန်တစ်စီးကတော့ စက်သေနတ်တွေပစ်ခတ်ခဲ့တယ်လို့ တပ်မဟာ(၅)က ပြောပါတယ်။

ဩဂုတ်လ(၂၇)ရက်ကလည်း ဒွယ်လိုးမြို့နယ် မထောကျေးရွာအုပ်စု နေပူကန်ကျေးရွာထဲကို နယ်ခြားစောင့်တပ်(BGF)က လက်နက်ကြီးလေးချက် ပစ်ခတ်ခဲ့ရာ အသက်(၉)နှစ်အရွယ်ရှိတဲ့ ကလေးငယ်တစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်လည်းပျက်စီးသွားခဲ့သလို ဩဂုတ်(၂၆)ရက်နေ့ကလည်း မယ့်ကနော်နဲ့ ကျောပါးမကွီးခိုအကြားမှာ BGF တပ်ဖွဲ့တွေက လက်နက်ကြီးရမ်းသမ်းပစ်ခဲ့သေးလို့ မူတြော်သတင်းစဉ်ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက်ခြမ်းက ဖလူးဒေသတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်က အထိနာလျက်ရှိပြီး အရာရှိတွေအပါအဝင် သေဆုံးထိခိုက်များပြားနေသလို လက်နက်ခဲယမ်းတွေ သိမ်းရတာရှိကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၂၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောမူးဂေက ပြောပါတယ်။