Connect with us

Hi, what are you looking for?

သတင်း

တန့်ဆည်နယ် ချောင်းဆုံရွာရှိ ပျူ​ခေါင်း​ဆောင်အိမ်ကိုဒရုန်းဖြင့် မီးလောင်ဗုံးချ၊ နေအိမ်နှစ်လုံးမီးလောင်

ယမန်နေ့နေ့လယ် ၂ နာရီဝန်းကျင်က ချောင်းဆုံ (တောင်)ရွာမှ ပျူစောထီးခေါင်းဆောင် စိန်ချိုဆိုသူ၏ နေအိမ်အား ဒရုန်းဖြင့် မီးလောင်ဗုံးနှစ်လုံးချ၍ တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

(ချောင်းဆုံ(တောင်)ရွာမှ ပျူခေါင်းဆောင် စိန်ချိုနေအိမ်အား ဒရုန်းဖြင့် မီးလုံးဗုံးများကြဲချနေစဥ်_ ဓာတ်ပုံ - တန့်ဆည် -ပ.က.ဖ))
(ချောင်းဆုံ(တောင်)ရွာမှ ပျူခေါင်းဆောင် စိန်ချိုနေအိမ်အား ဒရုန်းဖြင့် မီးလုံးဗုံးများကြဲချနေစဥ်_ ဓာတ်ပုံ - တန့်ဆည် -ပ.က.ဖ))

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ချောင်ဆုံ(တောင်)ကျေးရွာရှိ ပျူစောထီးနှင့် စစ်ကောင်စီတပ်များ အထိုင်ချလေ့ရှိသည့် ပျူခေါင်းဆောင်စိန်ချိုနေအိမ်အား ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့(စက်တင်ဘာ ၇) ထုတ်ပြန် သည်။

ယမန်နေ့နေ့လယ် ၂ နာရီဝန်းကျင်က ချောင်းဆုံ (တောင်)ရွာမှ ပျူစောထီးခေါင်းဆောင် စိန်ချိုဆိုသူ၏ နေအိမ်အား ဒရုန်းဖြင့် မီးလောင်ဗုံးနှစ်လုံးချ၍ တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် ပျူခေါင်းဆောင် စိန်ချို၏ နေအိမ်နှစ်လုံး မီးလောင်းပျက်စီးသွားပြီး အထိုင်ချထားသော ပျူစောထီးများ ထိခိုက်မှုရှိနိုင်သည်ဟု တန့်ဆည်(ပ.က.ဖ)က ဆိုသည်။

(ချောင်းဆုံ(တောင်)ရွာမှ ပျူခေါင်းဆောင် စိန်ချိုနေအိမ်အား ဒရုန်းဖြင့် မီးလုံးဗုံးများကြဲချနေစဥ်_ ဓာတ်ပုံ - တန့်ဆည် -ပ.က.ဖ))
(ချောင်းဆုံ(တောင်)ရွာမှ ပျူခေါင်းဆောင် စိန်ချိုနေအိမ်အား ဒရုန်းဖြင့် မီးလုံးဗုံးများကြဲချနေစဥ်_ ဓာတ်ပုံ – တန့်ဆည် -ပ.က.ဖ))

ဖြစ်စဥ်နှင့်ပတ်သက်၍ တန့်ဆည် ပကဖအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

Public Service Announcement

Public Service Announcement

ချောင်းဆုံ(တောင်)ရွာတွင် စစ်ကောင်စီတပ်များ တပ်စွဲထားပြီး ယခင်ကလည်း မကြာခဏ တိုက်ခိုက်ခံခဲ့ရဖူးသည်

စစ်ကောင်စီတပ်များနှင့် ပျူစောထီးများ အထိုင်ချတပ်စွဲလေ့ရှိသော ပျူခေါင်းဆောင် စိန်ချိုဆိုသူ၏နေအိမ်အား ပြီးခဲ့သည့် သြဂုတ် ၅ ရက်ကလည်း ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ကများက စီးနင်းတိုက်ခိုက်ခဲ့ရာ ပျူစောထီးတစ်ဦးသေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားပိုင်နက်ထဲမှာ ဒရုန်းတိုက်ခိုက်မှုတွေ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အထောက်အကူ ဖြစ်စေမယ့် jammerတွေ ထုတ်လုပ်ဖို့ မူပိုင်ခွင့်ကို ဗြိတိန်က ယူကရိန်းဆီ ပေးအပ်ခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းရဲ့ ဒရုန်းရန်ကို ကြောက်လို့ ရုရှားဟာ ရေတပ်အထိမ်းအမှတ်နေ့ စစ်ရေးပြပွဲတွေ ကျင်းပမယ့် အစီအစဉ်တွေကို ၂ နှစ်ဆက်တိုက် ဖျက်သိမ်းခဲ့ရပါတယ်။