Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပူတာအိုတွင် ကျောက်ဆောင်ပြိုကျပြီး သားအဖနှစ်ဦး ကျောက်တုံးပိသေဆုံး

“ရှေ့ဆက် မိသားစု၏ ဘဝရှင်သန်ရေးအတွက်ရုန်းကန်နေရင်းကျောက်တုံးကြီးပြိုကျရာမှသားအဖ နစ်ဦးစလုံး အသက်ဆုံရူံးသွားခဲ့ရပါတယ်”ဟု ပူတာအိုမြို့မှ လူငယ်တစ်ဦးက ဆိုသည်။

People's Spring
People's Spring

ကချင်ပြည်နယ် ပူတာအိုမြို့နယ် ဆန်ဂေါင်ကျေးရွာတွင် မိုးသည်းထန်စွာရွာပြီးနောက် ကျောက်ဆောင်တစ်ခုပြိုကျရာ ဒေသခံသားအဖနှစ်ဦး ကျောက်တုံးပိ သေဆုံးမှုဖြစ်ပွားခဲ့သည်။

ဆန်ဂေါင်ရွာမှ ဦးနန်ဟီးဒီးနှင့် သားဖြစ်သူ နန်ဟီးဖုန်ရမ်သည် ယမန်နေ့(စက်တင်ဘာလ ၇ရက်) နေ့လည်တွင် တောင်ယာလုပ်ငန်းခွင်ဝင်နေချိန် ကျောက်တုံးပိသေဆုံးခဲ့ရခြင်းဟု ဒေသခံများကပြောသည်။

“ရှေ့ဆက် မိသားစု၏ ဘဝရှင်သန်ရေးအတွက်ရုန်းကန်နေရင်းကျောက်တုံးကြီးပြိုကျရာမှသားအဖ နစ်ဦးစလုံး အသက်ဆုံရူံးသွားခဲ့ရပါတယ်”ဟု ပူတာအိုမြို့မှ လူငယ်တစ်ဦးက ဆိုသည်။

ပူတာအိုမြို့နယ်တွင် ယခုရက်ပိုင်း မိုးကောင်းနေ သည်။ ဒေသတွင်း ကျောက်ဆောင်များသည် ကျစ်လစ်အားနည်းပြီး ပြိုကျလွယ်၍ ဂရုတစိုက် နေသင့်ကြောင်း မြို့ခံများက ကျေးလက်တွင်နေထိုင်သူများကို သတိပေးနေကြသည်။

Public Service Announcement

Public Service Announcement

လတ်တလောကာလသည် အနောက်တောင်မုတ် သုံလေ ဆုတ်ခွာနေသည့်ကာလဖြစ်၍ နေရာကွက် မိုးကြီးတတ်သလို ဘင်္ဂလားပင်လယ်အော်မှလေဖိအားနည်းရပ်ဝန်းကြောင့်လည်း ဒေသအများစု မိုးဆက်ကောင်းနိုင်ကြောင်း သတိပေးချက်များရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။