Connect with us

Hi, what are you looking for?

သတင်း

ပူတာအိုတွင် ကျောက်ဆောင်ပြိုကျပြီး သားအဖနှစ်ဦး ကျောက်တုံးပိသေဆုံး

“ရှေ့ဆက် မိသားစု၏ ဘဝရှင်သန်ရေးအတွက်ရုန်းကန်နေရင်းကျောက်တုံးကြီးပြိုကျရာမှသားအဖ နစ်ဦးစလုံး အသက်ဆုံရူံးသွားခဲ့ရပါတယ်”ဟု ပူတာအိုမြို့မှ လူငယ်တစ်ဦးက ဆိုသည်။

People's Spring
People's Spring

ကချင်ပြည်နယ် ပူတာအိုမြို့နယ် ဆန်ဂေါင်ကျေးရွာတွင် မိုးသည်းထန်စွာရွာပြီးနောက် ကျောက်ဆောင်တစ်ခုပြိုကျရာ ဒေသခံသားအဖနှစ်ဦး ကျောက်တုံးပိ သေဆုံးမှုဖြစ်ပွားခဲ့သည်။

ဆန်ဂေါင်ရွာမှ ဦးနန်ဟီးဒီးနှင့် သားဖြစ်သူ နန်ဟီးဖုန်ရမ်သည် ယမန်နေ့(စက်တင်ဘာလ ၇ရက်) နေ့လည်တွင် တောင်ယာလုပ်ငန်းခွင်ဝင်နေချိန် ကျောက်တုံးပိသေဆုံးခဲ့ရခြင်းဟု ဒေသခံများကပြောသည်။

“ရှေ့ဆက် မိသားစု၏ ဘဝရှင်သန်ရေးအတွက်ရုန်းကန်နေရင်းကျောက်တုံးကြီးပြိုကျရာမှသားအဖ နစ်ဦးစလုံး အသက်ဆုံရူံးသွားခဲ့ရပါတယ်”ဟု ပူတာအိုမြို့မှ လူငယ်တစ်ဦးက ဆိုသည်။

ပူတာအိုမြို့နယ်တွင် ယခုရက်ပိုင်း မိုးကောင်းနေ သည်။ ဒေသတွင်း ကျောက်ဆောင်များသည် ကျစ်လစ်အားနည်းပြီး ပြိုကျလွယ်၍ ဂရုတစိုက် နေသင့်ကြောင်း မြို့ခံများက ကျေးလက်တွင်နေထိုင်သူများကို သတိပေးနေကြသည်။

Public Service Announcement

Public Service Announcement

လတ်တလောကာလသည် အနောက်တောင်မုတ် သုံလေ ဆုတ်ခွာနေသည့်ကာလဖြစ်၍ နေရာကွက် မိုးကြီးတတ်သလို ဘင်္ဂလားပင်လယ်အော်မှလေဖိအားနည်းရပ်ဝန်းကြောင့်လည်း ဒေသအများစု မိုးဆက်ကောင်းနိုင်ကြောင်း သတိပေးချက်များရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ ကျင်ဒွေးတံတားကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျင်ဒွေးတံတား ထိန်းသိမ်းပြုပြင်နေတဲ့ အရပ်သား ၉ဦး သေဆုံးကာ ၃ဦး ဒဏ်ရာရခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကျင်ဒွေးမြို့ကို စစ်တပ်ကလေကြောင်းကနေဗုံးကြဲတိုက်ခိုက်လို့ လမ်းတံတားပြင်ဆင်နေတဲ့ ဆောက်လုပ်ရေးလုပ်သား၉ဦး သေဆုံးပြီး ၂ဦးဒဏ်ရာရရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။။

သတင်း

ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် ရွှေဘုန်းပွင့်ဘုရားလမ်းထိပ်မှာ အသက် ၆၀ ကျော်အရွယ်အမျိုးသမီးတစ်ဦးကားတိုက်ခံရပြီးသေဆုံးသွားတယ်လို့ ကိုပူတူးနှင့်ဘော်ဒါများ လူမှုကူညီရေးအသင်းကအသိပေးထားပါတယ်။