Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စျေးဝယ်လာသည့်ရဲနှစ်ဦးကို PDFကပစ်ခတ်ရှင်းလင်းပြီး​သေနတ်နှစ်လက်သိမ်းဆည်းရယူ

ထို့ပြင် ပစ်ခတ်မှုကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်သွားစဥ် ထွက်ပြေးခဲ့သည့် ပြည်သူနှစ်ဦး မိုင်းနင်းမိကာ သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

(PDFများသိမ်းဆည်းရရှိ​​သော ​သေနတ် ၂ လက်။ ဓါတ်ပုံ-Monywa Lighting PDF)
(PDFများသိမ်းဆည်းရရှိ​​သော ​သေနတ် ၂ လက်။ ဓါတ်ပုံ-Monywa Lighting PDF)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရဲကင်းစခန်းမှ ရဲနှစ်ဦးစျေးဝယ်ထွက်လာချိန်PDFများက ပစ်ခတ်တိုက်ခိုက်ရှင်းလင်းခဲ့၍ ​သေနတ်နှစ်လက်သိမ်းဆည်းရရှိသွားကြောင်း Monywa Lighting PDFက ပြောသည်။

ယနေ့ (စက်တင်ဘာလ ၁၂ရက် )နံနက် ၇ နာရီခွဲခန့်က မုံရွာမြို့နယ်၊ ညောင်ဖြူပင်ကျေးရွာရဲကင်းစခန်းမှ ရဲနှစ်ဦး စျေးဝယ်ထွက်လာချိန် မုံရွာခရိုင်တပ်ရင်း(၇)- Lightning People Defence Force မှ တပ်ခွဲ(၂)၊ တပ်ခွဲ(၃)၊ တပ်ခွဲ(၅)တို့ ပူးပေါင်းပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းအဖွဲ့များက သတင်းထုတ်ပြန်သည်။

ပစ်ခတ်ချိန် စက္ကန့်၂၀မျှသာကြာမြင့်ပြီး ရဲနှစ်ဦးစလုံးသေဆုံးကာ G-3တစ်လက်၊ UZI တစ်လက် ရရှိကာ PDFများအထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း Lightning People Defence Force အဖွဲ့က ထုတ်ပြန်ထားသည်။

Public Service Announcement
Public Service Announcement

ဖြစ်စဥ်နှင့်ပတ်သက်၍ Monywa Lightning PDF အဖွဲ့ တာဝန်ရှိသူက “သူတို့စျေးဝယ်ထွက်အလာကိုစောင့်ပြီး တိုက်ခိုက်တာပါ။ စစ်ကောင်စီလက်ခံအောက် စခရခ မှန်သမျှ ပြတ်ပြတ်သားသား လုပ်ဆောင်သွားပါမယ်။”ဟု ပြောကြားသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် ပစ်ခတ်မှုကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်သွားစဥ် ထွက်ပြေးခဲ့သည့် ပြည်သူနှစ်ဦး မိုင်းနင်းမိကာ သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

မုံရွာမြို့နယ်သည် စစ်ကောင်စီတပ်အား ခုခံတော်လှန်မှုအားကောင်းရာ ဒေသတစ်ခုဖြစ်ပြီး မုံရွာ-အမြင့်လမ်းတွင် စစ်ကောင်စီယာဥ်များ မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံရလေ့ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။

သတင်း

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကာ ၎င်းတို့ထံမှ ၆၀ မမ အဝေးပစ်ပို့ယမ်း (၅)ထုပ်ရရှိခဲ့ကြောင်း MBT တပ်ဖွဲ့က အသိပေးသည်။

သတင်း

"ပြည်သူတွေ စိတ်မပူပါနဲ့။ ကျွန်တော်တို့ အဲဒီစစ်ကြောင်း မြဝတီကိုမရောက်နိုင်အောင် တားဆီးပါမယ်"ဟု ကျားဖြူစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

သတင်း

တိုက်ခိုက်မှုအတွင်း ခမရ (၅၆၁) တပ်ရင်းမှ စစ်ကောင်စီတပ်သား လေးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ပြီး အသေးစိပ်အခြေအနေကိုအတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းဆဲဖြစ် ကြောင်း ပူးပေါင်းစစ်ကြောင်းက အသိပေးသည်။