Connect with us

Hi, what are you looking for?

သတင်း

စျေးဝယ်လာသည့်ရဲနှစ်ဦးကို PDFကပစ်ခတ်ရှင်းလင်းပြီး​သေနတ်နှစ်လက်သိမ်းဆည်းရယူ

ထို့ပြင် ပစ်ခတ်မှုကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်သွားစဥ် ထွက်ပြေးခဲ့သည့် ပြည်သူနှစ်ဦး မိုင်းနင်းမိကာ သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

(PDFများသိမ်းဆည်းရရှိ​​သော ​သေနတ် ၂ လက်။ ဓါတ်ပုံ-Monywa Lighting PDF)
(PDFများသိမ်းဆည်းရရှိ​​သော ​သေနတ် ၂ လက်။ ဓါတ်ပုံ-Monywa Lighting PDF)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရဲကင်းစခန်းမှ ရဲနှစ်ဦးစျေးဝယ်ထွက်လာချိန်PDFများက ပစ်ခတ်တိုက်ခိုက်ရှင်းလင်းခဲ့၍ ​သေနတ်နှစ်လက်သိမ်းဆည်းရရှိသွားကြောင်း Monywa Lighting PDFက ပြောသည်။

ယနေ့ (စက်တင်ဘာလ ၁၂ရက် )နံနက် ၇ နာရီခွဲခန့်က မုံရွာမြို့နယ်၊ ညောင်ဖြူပင်ကျေးရွာရဲကင်းစခန်းမှ ရဲနှစ်ဦး စျေးဝယ်ထွက်လာချိန် မုံရွာခရိုင်တပ်ရင်း(၇)- Lightning People Defence Force မှ တပ်ခွဲ(၂)၊ တပ်ခွဲ(၃)၊ တပ်ခွဲ(၅)တို့ ပူးပေါင်းပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းအဖွဲ့များက သတင်းထုတ်ပြန်သည်။

ပစ်ခတ်ချိန် စက္ကန့်၂၀မျှသာကြာမြင့်ပြီး ရဲနှစ်ဦးစလုံးသေဆုံးကာ G-3တစ်လက်၊ UZI တစ်လက် ရရှိကာ PDFများအထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း Lightning People Defence Force အဖွဲ့က ထုတ်ပြန်ထားသည်။

Public Service Announcement
Public Service Announcement

ဖြစ်စဥ်နှင့်ပတ်သက်၍ Monywa Lightning PDF အဖွဲ့ တာဝန်ရှိသူက “သူတို့စျေးဝယ်ထွက်အလာကိုစောင့်ပြီး တိုက်ခိုက်တာပါ။ စစ်ကောင်စီလက်ခံအောက် စခရခ မှန်သမျှ ပြတ်ပြတ်သားသား လုပ်ဆောင်သွားပါမယ်။”ဟု ပြောကြားသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် ပစ်ခတ်မှုကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်သွားစဥ် ထွက်ပြေးခဲ့သည့် ပြည်သူနှစ်ဦး မိုင်းနင်းမိကာ သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

မုံရွာမြို့နယ်သည် စစ်ကောင်စီတပ်အား ခုခံတော်လှန်မှုအားကောင်းရာ ဒေသတစ်ခုဖြစ်ပြီး မုံရွာ-အမြင့်လမ်းတွင် စစ်ကောင်စီယာဥ်များ မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံရလေ့ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ