Connect with us

Hi, what are you looking for?

သတင်း

လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့တိုက်ပွဲ စစ်ကောင်စီတပ် ဗိုလ်တစ်ဦးအပါအဝင် လေးဦးထက်မနည်းသေဟု KNDFပြော

အလားတူ ဒီးမော့ဆိုမြို့နယ်၊ သေးဆူးလဲကျေးရွာတွင် ကင်းထောက်နေစဉ်အတွင်း စစ်ကောင်စီတပ်သားများနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှုများရှိခဲ့ကြောင်း KNDF တပ်ရင်း(၅)က အသိပေးသည်။

ဓာတ်ပုံ - KNDF
ဓာတ်ပုံ - KNDF

လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့တိုက်ပွဲများ၌ အကြမ်းဖက်စစ်ကောင်စီတပ်မှ ဗိုလ်တစ်ဦး အပါ အဝင်ထိခိုက်သေဆုံးသူ လေးဦးထက်မနည်းရှိကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်းများက ယနေ့ (စက်တင်ဘာ ၁၃ ရက်) ထုတ်ပြန်သည်။

တိုက်ပွဲဖြစ်စဥ်များအရ ယမန်နေ့ နံနက် ၈ နာရီ ၄၅မိနစ်ခန့်တွင် လွိုင်ကော်မြို့ ကယန်းသာယာကျေးရွာအနီးရှိ စစ်ကောင်စီတပ်ကို KNDF တပ်ရင်း (၂) နှင့် တပ်ရင်း (၁၄)တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ထိုဖြစ်စဥ်တွင် စစ်ကောင်စီတပ်မှ ဗိုလ်တစ်ဦးအပါအဝင် အထိအခိုက်များရှိခဲ့ကြောင်း ဖော်ပြသည်။

ဓာတ်ပုံ - KNDF
ဓာတ်ပုံ – KNDF

အလားတူ ဒီးမော့ဆိုမြို့နယ်၊ သေးဆူးလဲကျေးရွာတွင် ကင်းထောက်နေစဉ်အတွင်း စစ်ကောင်စီတပ်သားများနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှုများရှိခဲ့ကြောင်း KNDF တပ်ရင်း(၅)က အသိပေးသည်။

Public Service Announcement

Public Service Announcement

RPG ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှ စစ်ကောင်စီတပ်သား လေးဦးခန့်သေဆုံးခဲ့သည်ကို အတည်ပြုနိုင်ကြောင်း KNDF တပ်ရင်း (၅)က ပြောသည်။တိုက်ပွဲတွင် ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) ရဲဘော်များမှလည်း လက်နက်ကြီးပစ်ကူများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

“အဓိကတော့ စကစရဲ့ နယ်မြေစစ်ထိုးမှုကို ကျွန်တော်ဟန့်တားနေတယ်။ ဒီအပိုင်းမှာလည်း လက်နက်ကြီးပစ်ကူကို ကျွန်တော်တို့ အနေနဲ့ အစွမ်းကုန်ထိရောက်အောင် လုပ်နေတယ်”ဟု KRUတာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်မှလည်း လက်နက်ကြီးပစ်ကူ အနည်းဆုံး (၂) ကြိမ်ခန့် ပြန် လည်ပစ်ခတ်ခဲ့သော်လည်း ပူးပေါင်းအဖွဲ့သားများသည် နေ့လည် ၂နာရီခန့်တွင် အထိအခိုက်မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။