Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

KNUနယ်မြေ၌ လပေါင်း ၂၀အတွင်း တိုက်ပွဲခြောက်ထောင်ကျော်ဖြစ်၊ စစ်ကောင်စီနှင့် BGF ဘက်က ငါးထောင်ကျော်သေဆုံးခဲ့ဟု ထုတ်ပြန်

တိုက်ပွဲများအတွင်း အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် BGF တပ်များဘက်မှ ၅,၁၂၅ ဦး သေဆုံးခဲ့ပြီး ၄,၁၇၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်သည်။

ဓာတ်ပုံ - KNU၊ Cobra Column
ဓာတ်ပုံ - KNU၊ Cobra Column

▪️KNLAနှင့် KNDO ဘက်က ၁၃၇ဦးကျဆုံးပြီး စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုကြောင့် ပြည်သူ ၁၃၁ဦး အသက်ဆုံးရှုံး

▪️စစ်ကောင်စီ၏ အခြေစိုက်စခန်းကြီး ၉ ခုကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ဟု အသိပေး

စစ်တပ်အာဏာသိမ်းပြီးနောက် ကရင်အမျိုးသားအစည်းအရုံး(KNU) ကော်သူးလေအုပ်ချုပ်ရေးနယ်မြေများ၌ တိုက်ပွဲပေါင်း ခြောက်ထောင်ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီနှင့် ၎င်း၏ လက်ပါးစေ နယ်ခြားစောင့်တပ်ဖွဲ့(BGF) တပ်ဖွဲ့ဝင် စုစုပေါင်း ငါးထောင်ကျော်သေဆုံးခဲ့ကြောင်း KNUက ယနေ့ ထုတ်ပြန်သည်။

၂၀၂၁ ဇန်နဝါရီမှ ၂၀၂၂ ခုနှစ် ဩဂုတ်အထိ လပေါင်း (၂၀) အတွင်း ဖြစ်ပွားသော တိုက်ပွဲစာရင်း ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အာဏာသိမ်းမှုဖြစ်စဉ် ဖြစ်ပွားပြီးသည့်နောက်ပိုင်းတွင် ထိတွေ့တိုက်ပွဲများ နေ့တိုင်းဖြစ်ပွားလျက်ရှိရာ လပေါင်း ၂၀အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်များနှင့် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ် (BGF)တပ်များအကြား တိုက်ပွဲကြီး၊ တိုက်ပွဲငယ်၊ ပျောက်ကြားတိုက်ပွဲပေါင်း ၆,၃၅၆ ကြိမ် ဖြစ်ပွားခဲ့သည်ဟု ဖော်ပြထားသည်။

တိုက်ပွဲများအတွင်း အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် BGF တပ်များဘက်မှ ၅,၁၂၅ ဦး သေဆုံးခဲ့ပြီး ၄,၁၇၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

KNLAနှင့် KNDO တပ်ဖွဲ့များဘက်က ၁၃၇ ကျဆုံးခဲ့ပြီး ၃၅၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အသိပေးထားသည်။

ဓာတ်ပုံ - KNU၊ Cobra Column
ဓာတ်ပုံ – KNU၊ Cobra Column

KNLAနှင့် KNDO တပ်ဖွဲ့များမှ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်များ၏ အခြေစိုက်စခန်းကြီး (၉)လုံးကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်နှင့် BGF တပ်များက လူထုနေထိုင်ရာ နေရာများနှင့် လုပ်ငန်းခွင်များသို့ လက်နက်ကြီး စုစုပေါင်း ၄,၄၅၆လုံး ကို ရည်ရွယ်ချက် ရှိရှိ ပစ်ခတ်ခဲ့ပြီး

ရဟတ်ယာဉ်များ၊ တိုက်လေယာဉ်များ အသုံးပြုတိုက်ခိုက်ခဲ့ရာ လေကြောင်းတိုက်ခိုက်မှု ၁၁၇ ကြိမ် ရှိသည်ဟု ထုတ်ပြန်သည်။

ထိုသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခြင်းတို့ကြောင့် အပြစ်မဲ့ပြည်သူ ၁၃၁ ဦး သေဆုံးခဲ့ပြီး ၂၉၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။

ထို့ပြင် စစ်ကောင်စီနှင့် BGF တပ်များက အပြစ်မဲ့ပြည်သူလူထု ၄၁၂ဦးကို အကြောင်းမဲ့ ဖမ်းဆီးခဲ့ပြီး ခြိမ်းခြောက်စစ်ဆေးခြင်းများ၊ ပေါ်တာအဖြစ်အသုံးပြုခြင်းများ နှင့် လူသားဒိုင်းကာအဖြစ်အသုံးပြုခြင်းများ ပြုလုပ်ခဲ့ကြောင်း KNUက ထုတ်ပြန်သည်။

ဓာတ်ပုံ - KNU၊ Cobra Column
ဓာတ်ပုံ – KNU၊ Cobra Column

တိုက်ပွဲများ ဖြစ်ပွားခြင်း၊ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ တပ်များမှ ပြည်သူလူထုများ နေထိုင်သော ကျေးရွာများ၊ လုပ်ကိုင်စားသောက်သော လုပ်ငန်း ခွင်များ အတွင်းသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခြင်းတို့ကြောင့် ပြည်သူလူထု သုံးသိန်း ခုနစ်သောင်းကျော် သည် အိုးအိမ်များ လုပ်ငန်းခွင်များကို စွန့်ခွာပြီး အသက်ဘေးလုံခြုံရာနေရာဒေသများသို့ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဖော်ပြထားသည်။

ထွက်ပြေးတိမ်းရှောင်နေကြရသော ပြည်သူလူထုများအတွင်းတွင် ကလေးသူငယ်များ၊ ကျောင်းသားကျောင်းသူ များ၊ မသန်စွမ်း သူများ၊ သက်ကြီးရွယ်အိုများလည်း အများအပြားပါဝင်ပြီး ထွက်ပြေးတိမ်းရှောင်နေကြရ သော ပြည်သူလူ ထုများ အတွက် လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများလည်း အများအပြား လိုအပ်လျက်ရှိကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။