Connect with us

Hi, what are you looking for?

သတင်း

မြဝတီ – ဝေါ်လေလမ်းတစ်နေရာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ကော်ဘရာစစ်ကြောင်း ဝင်ရောက်တိုက်ခိုက်

မြ၀တီ ဝေါ်လေလမ်းတွင် KNUဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့ ကော်ဘရာစစ်ကြောင်းနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်က အထိနာလျက်ရှိသည်။

(ယနေ့ တိုက်ပွဲအတွင်း အနီးကပ် ကွပ်ကဲနေသော ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်ဒါဘောဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း)
(ယနေ့ တိုက်ပွဲအတွင်း အနီးကပ် ကွပ်ကဲနေသော ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်ဒါဘောဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း)

၃နာရီကျော်ကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးမှုရှိဟုဆို

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ မြ၀တီ ဝေါ်လေလမ်း မြွေသုံးကောင် နှင့် သဲဖြူချောင်းဂိတ်အနီး နေရာတစ်ခု၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ယနေ့နေ့လည်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

စက်တင်ဘာ ၁၂ရက် နေ့လည် ၁၂နာရီခန့်မှစ၍ ၃နာရီခွဲအထိတိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးရှိနိုင်ကြောင်း၊ အရေအတွက်အတိအကျ အတည်မပြုနိုင်သေးကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ ကော်ဘရာစစ်သည်တစ်ဦး ဒဏ်ရာရခဲ့ပြီး မစိုးရိမ်ရကြောင်း အသိပေးထားသည်။

ယနေ့တိုက်ပွဲ၌ ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်ဒါဘောတိုက်ပွဲတွင် အနီးကပ်ကွပ်ကဲနေသည်ဟုလည်း ဓာတ်ပုံနှင့်တကွ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

မြ၀တီ ဝေါ်လေလမ်းတွင် KNUဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့ ကော်ဘရာစစ်ကြောင်းနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်က အထိနာလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း