Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က ရွာသားတစ်ဦးကိုပစ်သတ်ပြီး လူဦးရေတစ်ထောင်နီးပါးကို ရွာထဲကနေအဓမ္မရွှေ့ပြောင်းခိုင်း တယ်လို့ KNU ပြော

ရွာသားတွေရွှေ့ပြောင်းနိုင်ဖို့အတွက် နိုကူကနေ ကျောက်ကြီးကားလမ်းတစ်ခုကိုသာဖွင့်ပေးထားပြီး အခြားလမ်းတွေကိုအသုံးမပြုနိုင်အောင် စစ်ကောင်စီတပ်က ပိတ်ဆို့တာတွေပြုလုပ်ခဲ့တယ်လို့ ကေအဲန်ယူက ဆိုပါတယ်။

စစ်တပ်က ရွာသားတစ်ဦးကိုပစ်သတ်ပြီး လူဦးရေတစ်ထောင်နီးပါးကို ရွာထဲကနေအဓမ္မရွှေ့ပြောင်းခိုင်း တယ်လို့ KNU ပြော
စစ်တပ်က ရွာသားတစ်ဦးကိုပစ်သတ်ပြီး လူဦးရေတစ်ထောင်နီးပါးကို ရွာထဲကနေအဓမ္မရွှေ့ပြောင်းခိုင်း တယ်လို့ KNU ပြော

မူးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က ပြည်သူတစ်ဦးကိုပစ်သတ်ပြီး ကျေးရွာသူရွာသား တစ်ထောင်နီးပါးကို အဓမ္မရွှေ့ပြောင်းခိုင်းခဲ့တာကြောင့် စစ်ဘေးရှောင်ဦးရေ တိုးများလာတယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ထားပါတယ်။

ကေအဲန်ယူ-ခလယ်လွီထူ(ညောင်လေးပင်)ခရိုင် မူးမြို့နယ်မှာ စက်တင်ဘာ(၁၂)ရက်က တခေါ့ပွာရွာသားအမျိုးသားတစ်ဦးဟာ အိမ်မွေးတိရိစ္ဆာန်တွေကို အစာပြန်လာကျွေးချိန်မှာ ပစ်ခတ်ခံရပြီး လည်ပင်းမှာ ကျည်ထိမှန် ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

စက်တင်ဘာ(၁၃)ရက်မှာ ကလည်း နိုကူကျေးရွာရှိ သေခေးမယ်တံတးမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်က နိုကူကျေးရွာအတွင်းရှိပြည်သူတွေကို ကျေးရွာအတွင်းမနေထိုင်ဖို့ အတင်းအဓမ္မမောင်းထုတ်တာတွေပြုလုပ်ခဲ့ပြီး တဆက်တည်းမှာပင် ရွာသားတွေကို သူတို့စစ်ကြောင်းတွေပြန်လာချိန်မှာ ကျေးရွာအတွင်းရွာသားတွေနေထိုင်တာကိုတွေ့ရှိပါက အကုန်သတ်ပစ်မယ်လို့ ခြိမ်းခြောက်ပြောဆိုတာတွေပြုလုပ်ခဲ့တယ်လို့ ကကေအဲန်ယူကပြောပါတယ်။

ရွာသားတွေရွှေ့ပြောင်းနိုင်ဖို့အတွက် နိုကူကနေ ကျောက်ကြီးကားလမ်းတစ်ခုကိုသာဖွင့်ပေးထားပြီး အခြားလမ်းတွေကိုအသုံးမပြုနိုင်အောင် စစ်ကောင်စီတပ်က ပိတ်ဆို့တာတွေပြုလုပ်ခဲ့တယ်လို့ ကေအဲန်ယူက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်က နိုကူရွာသားတွေရဲ့ ဖုန်း(၃၆)လုံးကို အတင်းအဓမ္မသိမ်းယူသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

နိုကူကျေးရွာထဲမှာရှိတဲ့ နေအိမ်(၁၆၇)လုံး လူဦးရေ(၉၄၅) ဦးကို စစ်ကောင်စီတပ်က အတင်းအဓမ္မမောင်းထုတ်ခဲ့တာပါ။

ဒါ့အပြင် ကေအဲန်ယူ-လယ်ဒို(ကျောက်ကြီး)မြို့နယ်ထဲမှာလည်း စစ်ကောင်စီတပ်က လေယာဉ်နဲ့ ကင်းထောက်တာတွေပြုလုပ်ခဲ့သလို စက်တင်ဘာ(၁၄)ရက်နေ့ ညနေပိုင်းကလည်း လယ်ဒိုမြို့နယ်အတွင်းကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုသုံးကြိမ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ခလယ်လွီထူခရိုင် တပ်မဟာ(၃)နယ်မြေအတွင်းမှာ စက်တင်ဘာတစ်ရက်နေ့ကနေ စက်တင်ဘာ(၁၄)ရက်နေ့အထိ နေ့တိုင်းနီးပါး ရင်ဆိုင်တိုက်ပွဲတွေဖြစ်ပွားချက်ရှိပြီး လယ်ဒိုမြို့နယ်ထဲမှာ စစ်ဘေးရှောင်ပြည်သူ(၁၇၅၀၄)ဦးအထိ ထပ်တိုးလာကာ စစ်ဘေးရှောင်ပြည်သူလူထုတွေဟာ အခက်အခဲများစွာနဲ့ရင်ဆိုင်ကြုံတွေ့နေရတာကြောင့် အရေးပေါ်လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေတယ်လို့ ကေအဲန်ယူရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ချောက်မြို့နယ်ထဲမှာစစ်ကြောင်းထိုးနေတဲ့အာဏာသိမ်းစစ်တပ်ကနရွဲတောရွာကိုမီးရှို့ဖျက်ဆီးလိုက်တာကြောင့် ရွာလုံးကျွတ်နီးပါးအပျက်အဆီးတွေများနိုင်သလို ရွာခံတွေလည်း ထွက်ပြေးနေရတယ်လို့ ဒေသခံအချို့ ဆီကသိရပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။