Connect with us

Hi, what are you looking for?

သတင်း

ရဲနှစ်ဦး ပစ်သတ်ခံရပြီးနောက် မုံရွာ – အမြင့်လမ်းဘေးရွာများကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီး

စက်တင်ဘာ ၁၄ရက် နံနက်၆နာရီခွဲတွင်လည်း နဂါးတွင်းကျေးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ကာ ဝင်ရောက်ခဲ့ပြီး နေအိမ်တစ်လုံး လက်နက်ကြီး ထိမှန်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

(မီးရှို့ဖျက်ဆီးခံရသော နေအိမ်များအား တွေ့ရစဥ်။ဓာတ်ပုံ - မုံရွာ - အမြင့်လမ်းသတင်းမှန်ပြန်ကြားရေး)
(မီးရှို့ဖျက်ဆီးခံရသော နေအိမ်များအား တွေ့ရစဥ်။ဓာတ်ပုံ - မုံရွာ - အမြင့်လမ်းသတင်းမှန်ပြန်ကြားရေး)

ဒေသခံတစ်သောင်းခန့် ထွက်ပြေးတိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် မုံရွာ – အမြင့်လမ်းဘေးကျေးရွာနှစ်ရွာရှိ နေအိမ်၂၀ကျော်နှင့် ဆိုင်ကယ်အစီး ၃၀ကျော်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီး လမ်းတစ်လျှောက်ကျေးရွာများမှ ပြည်သူတစ်သောင်းခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၂ ရက်က မုံရွာမြို့နယ်၊ မုံရွာ – အမြင့်လမ်းရှိ ညောင်ဖြူပင်ရဲကင်းစခန်းက ရဲနှစ်ဦးအား PDFအဖွဲ့က ဝင်ရောက်ပစ်ခတ်မှုအပြီး စက်တင်ဘာ ၁၃ရက် နံနက်ပိုင်းမှ စတင်ကာ စစ်ကောင်စီတပ်သည် ကုန်းကြောင်း၊ ရေကြောင်း စစ်ကြောင်းနှစ်ကြောင်းဖြင့် အဆိုပါ လမ်းပိုင်းရှိ ကျေးရွာများအား ဝင်ရောက်လာခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် ကျွန်းကြီး၊နတ်ကြီးကျွန်း၊ ဂျိုးစု စသည့်ကျေးရွာများကို လက်နက်ကြီးဖြင့်ပစ်ခတ်ဝင်ရောက်ခဲ့ကြောင်း၊ ကျွန်းကြီးကျေးရွာရှိ နေအိမ် သုံးလုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

စက်တင်ဘာ ၁၄ရက် နံနက်၆နာရီခွဲတွင်လည်း နဂါးတွင်းကျေးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ကာ ဝင်ရောက်ခဲ့ပြီး နေအိမ်တစ်လုံး လက်နက်ကြီး ထိမှန်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ယင်းနောက် ကျေးရွာအနီး ယာတောထဲရှိ ​နေအိမ် သုံးလုံး၊ ​ကျေးရွာအတွင်းရှိ နေအိမ် ၁၆လုံး၊ ဆိုင်ကယ် အစီး၃၀ တို့ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။

“နဂါးတွင်းရွာ ချမ်းသာကြီးကျောင်းတိုက်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူ ၁၈ဦးကိုလည်း ဖမ်းဆီးကာ စစ်ဆေးခဲ့ပါတယ်။စစ်ဆေးပြီးနောက် ပစ္စည်းထမ်းရန် ေခါ်ဆောင်သွားကြပါတယ်။ ယခုလို ကျေးရွာအတွင်း မီးရှို့ဖျက်စီးခံရသည်မှာ ယခင်က နဂါးတွင်းကျေးရွာမှာ နေထိုင်သူတွေ ဖြစ်တဲ့ ယခု တောပုရွာ​ပျူစောထီးနှစ်ဦးက မီးရှို့ခိုင်းစေခဲ့ခြင်းဖြစ်ပါတယ်။”ဟုမုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

စက်တင်ဘာ ၁၃ရက်ကစ၍ မုံရွာ – အမြင့်လမ်းဘေးကျေးရွာများရှိ ဒေသခံပြည်သူ တစ်သောင်းခန့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပြီး မီးရှို့ခံရသည့်နေအိမ်များအတွက် အကူအညီများ လိုအပ်နေကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီကနေ့ ဩဂုတ် ၂ရက် ညနေပိုင်းက ကားဆီတန်းပြန်လာတဲ့ လူငယ် အပါအဝင် ၁၃ ဦးထက်မနည်းကို စစ်တပ်က ရိုက်နှက်ပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။