Connect with us

Hi, what are you looking for?

သတင်း

ရွှေတုံး၊ ရွှေခဲများကို စစ်​ကောင်စီခွင့်ပြု​သောဘဏ်တွင်သာ​ရောင်းဝယ်ရမည်ဟုကန့်သတ်ရန်စီစဥ်​နေဟုလုပ်ငန်းရှင်များ​ပြော

“ကျွန်တော်တို့ကြားတာတော့ဦးကျော်ဝင်း (​ရွှေသံလွင် ဦး​ကျော်ဝင်း )ပိုင်တဲ့ ရွှေဘဏ်ကပဲ ရွှေအရောင်းအဝယ်လုပ်ခွင့်ရှိတယ်လို့ပြောတယ်”ဟု ရွှေလုပ်ငန်းရှင်တစ်ဦးကပြောသည်။

(ကျပ်​ငွေတန်ဖိုးကျပြီးမတည်ငြိမ်သဖြင့် ​ငွေ​​ကြေးတက်နိုင်သူများက ​ရွှေနှင့်​ဒေါ်လာကိုသာဝယ်စုကြသည်။)
(ကျပ်​ငွေတန်ဖိုးကျပြီးမတည်ငြိမ်သဖြင့် ​ငွေ​​ကြေးတက်နိုင်သူများက ​ရွှေနှင့်​ဒေါ်လာကိုသာဝယ်စုကြသည်။)

ရွှေတုံး၊ ရွှေခဲများရောင်းဝယ်ရာတွင် အာဏာသိမ်းစစ်ကောင်စီကခွင့်ပြုထား​သောဘဏ်ဖြင့်သာ ချိတ်ဆက်​ရောင်းဝယ်ရန် စစ်ကောင်စီဗဟိုဘဏ်က စီစဉ်နေကြောင်း ရွှေလုပ်ငန်းရှင်များက​ပြောသည်။

စစ်ကောင်စီခန့် ဗဟိုဘဏ်ဥက္ကဌ နှင့် ရွှေလုပ်ငန်းရှင်များရွှေနှင့်ငွေကြေးဈေးကွက် တည်ငြိမ် ခိုင်မာစေရန်ဆိုကာယမန့်နေ့ (စက်တင်ဘာ ၁၄ရက်)က တွေ့ဆုံ​ဆွေး​နွေးခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီဗဟိုဘဏ်နှင့် စစ်ကောင်စီလက်အောက်ခံ ဝန်ကြီးဌာနများက ရွှေနှင့် ငွေကြေးဈေးကွက်တည်ငြိမ်အောင် ဆောင်ရွက်မည်ဖြစ်၍ ရွှေလုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်ရမည်ဟု ဖိအား​ပေးထား​ကြောင်းသိရသည်။

သို့​သော်အသေးစိပ်ကို စစ်ကောင်စီနှင့်ရွှေလုပ်ငန်းရှင်များဘက်က တရားဝင်ထုတ်ပြန်ခြင်းမရှိသေးပေ။

Public Service Announcement

Public Service Announcement

ယနေ့ (စက်တင်ဘာ ၁၅)တွင် ပြင်ပပေါက်ဈေး၌ ရွှေတစ်ကျပ်သားကို ကျပ် သိန်း ၃၀ခန့်ပေါက်ဈေးရှိပြီး ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းက အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၁၉ သိန်း​ကျော်( ၁,၉၈၂,၀၀၀)သာ​ဈေးဖွင့်ထားသည်။

“ကျွန်တော်တို့ကြားတာတော့ဦးကျော်ဝင်း (​ရွှေသံလွင် ဦး​ကျော်ဝင်း )ပိုင်တဲ့ ရွှေဘဏ်ကပဲ ရွှေအရောင်းအဝယ်လုပ်ခွင့်ရှိတယ်လို့ပြောတယ်”ဟု ရွှေလုပ်ငန်းရှင်တစ်ဦးကပြောသည်။

စစ်ကောင်စီထိန်းချုပ်ထားသည့် ဗဟိုဘဏ်ကကျပ်ငွေသိန်း ၂၀၀ နှင့် အထက်​ရွှေ၊အိမ်ခြံ​မြေနှင့်ကားရောင်းဝယ်မှုများကို ဘဏ်စနစ်ဖြင့်ပေးချေရမည်ဟု ယမန့်နှစ်က ကန့်သတ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook