Connect with us

Hi, what are you looking for?

သတင်း

ကျပ်ငွေတန်ဖိုးကျဆင်းရခြင်းကို အမေရိကန်ဗဟိုဘဏ်နှင့် မီဒီယာများကြောင့်ဟု စစ်ကောင်စီဗဟိုဘဏ်အပြစ်တင်

ကျပ်​ငွေတန်ဖိုးကျဆင်း​နေမှုကို ​ဖြေရှင်းရန် စစ်​ကောင်စီ၏ဗဟိုဘဏ်ကလုပ်ငန်းရှင်များကို​နေပြည်​တော်သို့​ခေါ်ယူ​ဆွေး​နွေ​း​နေသည်ဟုလည်းဆိုသည်။

စစ်​ကောင်စီ၏ ဗဟိုဘဏ် ဥက္ကဌ ​ဒေါ်သန်း​ဆွေ ။ဓါတ်ပုံ-CB
စစ်​ကောင်စီ၏ ဗဟိုဘဏ် ဥက္ကဌ ​ဒေါ်သန်း​ဆွေ ။ဓါတ်ပုံ-CB

▪︎အ​မေရိကန် ၁ ​ဒေါ်လာ ၃,၄၀၀ကျပ်၊ ထိုင်း ၁ဘတ် ၁၀၀ ခန့်၊ တရုတ် ၁ ယွမ် ၄၅၀ အထိစံချိန်တင်​ရောက်ရှိ

ကျပ်ငွေတန်ဖိုးကျဆင်းရခြင်းမှာ အမေရိကန်ဗဟိုဘဏ်က အတိုးနှုန်းဆက်တိုက်မြှင့်တင်​နေခြင်းနှင့် သတင်းမီဒီယာများက ဒေါ်လာဈေးတက်အောင် ရေးသားခြင်းတို့ကြောင့်ဖြစ်သည်ဟု စစ်ကောင်စီ၏ဗဟိုဘဏ်က အပြစ်ပုံချလိုက်သည်။

သမိုင်းတလျှောက် ကျပ်ငွေတန်ဖိုးစံချိန်တင်ကျဆင်းနေချိန်တွင် စစ်ကောင်စီ၏ဗဟိုဘဏ်က သတင်းမီဒီယာနှင့် အမေရိကန်ဗဟိုဘဏ်တို့အ​ပေါ် ယနေ့တွင်အပြစ်တင်လိုက်ခြင်းဖြစ်သည်။

စစ်​ကောင်စီ ဗဟိုဘဏ်ယ​နေ့ထုတ်ပြန်ချက်
စစ်​ကောင်စီ ဗဟိုဘဏ်ယ​နေ့ထုတ်ပြန်ချက်

စစ်ကောင်စီ၏ဗဟိုဘဏ်က တရားမဝင်မီဒီယာများသည် နိုင်ငံ့စီးပွားရေးတိုးတက်မှုအဟန့်အတားဖြစ်စေရန်နှင့် ပြည်သူများ စိုးရိမ်မှုမြင့်တက်စေရန် ရေးသားနေကြသည်ဟု အပြစ်တင်သည်။ ထိုအပြင် အမေရိကန်ဗဟိုဘဏ်က အတိုးနှုန်းကိုဆက်တက်မြင့်တက်နေခြင်းကြောင့်ဒေါ်လာအားကောင်းလာပြီးအခြားငွေကြေးများလည်းကျဆင်းနေည်ဟုလည်းစစ်ကောင်စီက အကြောင်းပြထားသည်။

ထိုအပြင် အွန်လိုင်းမှ ဒေါ်လာအရောင်းအဝယ်လုပ်ကိုင်နေသူများကလည်း ​​ဒေါ်လာ​ဈေးကစား​နေသည်ဟုစွပ်စွဲလိုက်ပြီး အွန်လိုင်းမှ​ဒေါ်လာ​ရောင်းဝယ်သူများကိုလည်း ဖမ်းဆီးအရေးယူမည်ဟုလည်းစစ်ကောင်စီကခြိမ်းခြောက်ထားသည်။

Public Service Announcement

Public Service Announcement

“လက်ရှိ တစ်ကမ္ဘာလုံးမှာ ဒေါ်လာဈေးတက်တာကတစ်ပိုင်းတစ်စပါပါတယ်။ ဒါပေ့မယ့်အခုဖြစ်နေတာကလူတွေကကျပ်ငွေကိုမယုံတော့တာ။ ဒါ​ကြောင့် ထိုင်းဘတ်ငွေ၊ တရုတ်ယွမ်တွေပါ ဈေးလိုက်တက်နေတာ”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက မှတ်ချက်ပေးသည်။

ရွှေဈေး၊ ဒေါ်လာနှင့် စက်သုံးဆီဈေး နေ့စဉ်မြင့်တက်နေပြီး တစ်ရက်လျှင် တစ်ဒေါ်လာကို အနည်းဆုံးကျပ်တစ်ရာကျော်နှင့် ရွှေတစ်ကျပ်သားကို ကျပ် ၁ သိန်းကျော်အထိ့စံချိန်တင်မြင့်တက်နေသည်ဟု လုပ်ငန်းရှင်များကပြောသည်။

“အခုဖြစ်နေတာက စီးပွားရေးကြောင့်ဖြစ်တဲ့ ပြသာနာမဟုတ်ဘူး။ နိုင်ငံရေးကြောင့်ဖြစ်တဲ့ ပြသာနာပါ။ အခုလက်ရှိ စစ်ကောင်စီကို ဘယ်သူမှ မယုံတော့လို့ သူတို့ထိန်းချုပ်တဲ့ ကျပ်ငွေကိုလည်း မယုံကြည်တော့တာ။ လူမှုဘဝမှကော ၊ စီးပွားရေးပတ်ဝန်းကျင်မှာကော ယုံကြည်ပျက်သုဉ်းကုန်လို့ အခုလို ဖြစ်နေတာပါ။”ဟု အခြားစီးပွားရေးလုပ်ငန်းရှင်တစ်ဦးကလည်းပြောသည်။

ဩဂုတ် ၂၇ ရက်တွင် တစ်ဒေါ်လာကို ၃၄၀၀ကျပ်၊ အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၂,၉၂၅,၀၀၀ကျပ်နှင့် ပရီမီယံဓာတ်ဆီတစ်လီတာကို ကျပ် ၃၃၀၅ကျပ်အထိ ပေါက်ဈေးရှိလာသည်။ထိုင်းဘတ်ငွေလဲနှုန်းတွင်လည်း ၁ ဘတ်လျှင် ကျပ် ၁၀၀ နီးပါးအထိ့ စံချိန်တင်ကျပ်တန်ဖိုးကျဆင်းသွားသည်။အလာတူတရုတ်ငွေ တစ်ယွမ်ကို မြန်မာကျပ်ငွေ ၄၅၀အထိ မြင့်တက်နေသည်။

ကျပ်​ငွေတန်ဖိုးကျဆင်း​နေမှုကို ​ဖြေရှင်းရန် စစ်​ကောင်စီ၏ဗဟိုဘဏ်ကလုပ်ငန်းရှင်များကို​နေပြည်​တော်သို့​ခေါ်ယူ​ဆွေး​နွေ​း​နေသည်ဟုလည်းဆိုသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က မြန်မာနိုင်ငံကို ကမ္ဘာ့တရားမဝင် မူးယစ်ဆေးဝါး အဓိက ထုတ်လုပ်ရာနှင့် သယ်ယူဖြန့်ဖြူးရာ နိုင်ငံတစ်ခုအဖြစ် သတ်မှတ်လိုက်ကြောင်း အိမ်ဖြူတော်ကကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်စစ်ပွဲအတွင်း အမေရိကန် စစ်တပ်ရဲ့ လက်နက်တိုက်ထဲမှာ ထိခိုက်လျော့နည်းမှုတွေ စာရင်းကို ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ်က ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အာကာသထဲမှာ လက်နက် တပ်ဆင်ထားကြောင်း အမေရိကန် စစ်တပ်က ပထမဆုံးအကြိမ် အတည်ပြုခဲ့ပါတယ်။