Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကျပ်ငွေတန်ဖိုးကျဆင်းရခြင်းကို အမေရိကန်ဗဟိုဘဏ်နှင့် မီဒီယာများကြောင့်ဟု စစ်ကောင်စီဗဟိုဘဏ်အပြစ်တင်

ကျပ်​ငွေတန်ဖိုးကျဆင်း​နေမှုကို ​ဖြေရှင်းရန် စစ်​ကောင်စီ၏ဗဟိုဘဏ်ကလုပ်ငန်းရှင်များကို​နေပြည်​တော်သို့​ခေါ်ယူ​ဆွေး​နွေ​း​နေသည်ဟုလည်းဆိုသည်။

စစ်​ကောင်စီ၏ ဗဟိုဘဏ် ဥက္ကဌ ​ဒေါ်သန်း​ဆွေ ။ဓါတ်ပုံ-CB
စစ်​ကောင်စီ၏ ဗဟိုဘဏ် ဥက္ကဌ ​ဒေါ်သန်း​ဆွေ ။ဓါတ်ပုံ-CB

▪︎အ​မေရိကန် ၁ ​ဒေါ်လာ ၃,၄၀၀ကျပ်၊ ထိုင်း ၁ဘတ် ၁၀၀ ခန့်၊ တရုတ် ၁ ယွမ် ၄၅၀ အထိစံချိန်တင်​ရောက်ရှိ

ကျပ်ငွေတန်ဖိုးကျဆင်းရခြင်းမှာ အမေရိကန်ဗဟိုဘဏ်က အတိုးနှုန်းဆက်တိုက်မြှင့်တင်​နေခြင်းနှင့် သတင်းမီဒီယာများက ဒေါ်လာဈေးတက်အောင် ရေးသားခြင်းတို့ကြောင့်ဖြစ်သည်ဟု စစ်ကောင်စီ၏ဗဟိုဘဏ်က အပြစ်ပုံချလိုက်သည်။

သမိုင်းတလျှောက် ကျပ်ငွေတန်ဖိုးစံချိန်တင်ကျဆင်းနေချိန်တွင် စစ်ကောင်စီ၏ဗဟိုဘဏ်က သတင်းမီဒီယာနှင့် အမေရိကန်ဗဟိုဘဏ်တို့အ​ပေါ် ယနေ့တွင်အပြစ်တင်လိုက်ခြင်းဖြစ်သည်။

စစ်​ကောင်စီ ဗဟိုဘဏ်ယ​နေ့ထုတ်ပြန်ချက်
စစ်​ကောင်စီ ဗဟိုဘဏ်ယ​နေ့ထုတ်ပြန်ချက်

စစ်ကောင်စီ၏ဗဟိုဘဏ်က တရားမဝင်မီဒီယာများသည် နိုင်ငံ့စီးပွားရေးတိုးတက်မှုအဟန့်အတားဖြစ်စေရန်နှင့် ပြည်သူများ စိုးရိမ်မှုမြင့်တက်စေရန် ရေးသားနေကြသည်ဟု အပြစ်တင်သည်။ ထိုအပြင် အမေရိကန်ဗဟိုဘဏ်က အတိုးနှုန်းကိုဆက်တက်မြင့်တက်နေခြင်းကြောင့်ဒေါ်လာအားကောင်းလာပြီးအခြားငွေကြေးများလည်းကျဆင်းနေည်ဟုလည်းစစ်ကောင်စီက အကြောင်းပြထားသည်။

ထိုအပြင် အွန်လိုင်းမှ ဒေါ်လာအရောင်းအဝယ်လုပ်ကိုင်နေသူများကလည်း ​​ဒေါ်လာ​ဈေးကစား​နေသည်ဟုစွပ်စွဲလိုက်ပြီး အွန်လိုင်းမှ​ဒေါ်လာ​ရောင်းဝယ်သူများကိုလည်း ဖမ်းဆီးအရေးယူမည်ဟုလည်းစစ်ကောင်စီကခြိမ်းခြောက်ထားသည်။

Public Service Announcement

Public Service Announcement

“လက်ရှိ တစ်ကမ္ဘာလုံးမှာ ဒေါ်လာဈေးတက်တာကတစ်ပိုင်းတစ်စပါပါတယ်။ ဒါပေ့မယ့်အခုဖြစ်နေတာကလူတွေကကျပ်ငွေကိုမယုံတော့တာ။ ဒါ​ကြောင့် ထိုင်းဘတ်ငွေ၊ တရုတ်ယွမ်တွေပါ ဈေးလိုက်တက်နေတာ”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက မှတ်ချက်ပေးသည်။

ရွှေဈေး၊ ဒေါ်လာနှင့် စက်သုံးဆီဈေး နေ့စဉ်မြင့်တက်နေပြီး တစ်ရက်လျှင် တစ်ဒေါ်လာကို အနည်းဆုံးကျပ်တစ်ရာကျော်နှင့် ရွှေတစ်ကျပ်သားကို ကျပ် ၁ သိန်းကျော်အထိ့စံချိန်တင်မြင့်တက်နေသည်ဟု လုပ်ငန်းရှင်များကပြောသည်။

“အခုဖြစ်နေတာက စီးပွားရေးကြောင့်ဖြစ်တဲ့ ပြသာနာမဟုတ်ဘူး။ နိုင်ငံရေးကြောင့်ဖြစ်တဲ့ ပြသာနာပါ။ အခုလက်ရှိ စစ်ကောင်စီကို ဘယ်သူမှ မယုံတော့လို့ သူတို့ထိန်းချုပ်တဲ့ ကျပ်ငွေကိုလည်း မယုံကြည်တော့တာ။ လူမှုဘဝမှကော ၊ စီးပွားရေးပတ်ဝန်းကျင်မှာကော ယုံကြည်ပျက်သုဉ်းကုန်လို့ အခုလို ဖြစ်နေတာပါ။”ဟု အခြားစီးပွားရေးလုပ်ငန်းရှင်တစ်ဦးကလည်းပြောသည်။

ဩဂုတ် ၂၇ ရက်တွင် တစ်ဒေါ်လာကို ၃၄၀၀ကျပ်၊ အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၂,၉၂၅,၀၀၀ကျပ်နှင့် ပရီမီယံဓာတ်ဆီတစ်လီတာကို ကျပ် ၃၃၀၅ကျပ်အထိ ပေါက်ဈေးရှိလာသည်။ထိုင်းဘတ်ငွေလဲနှုန်းတွင်လည်း ၁ ဘတ်လျှင် ကျပ် ၁၀၀ နီးပါးအထိ့ စံချိန်တင်ကျပ်တန်ဖိုးကျဆင်းသွားသည်။အလာတူတရုတ်ငွေ တစ်ယွမ်ကို မြန်မာကျပ်ငွေ ၄၅၀အထိ မြင့်တက်နေသည်။

ကျပ်​ငွေတန်ဖိုးကျဆင်း​နေမှုကို ​ဖြေရှင်းရန် စစ်​ကောင်စီ၏ဗဟိုဘဏ်ကလုပ်ငန်းရှင်များကို​နေပြည်​တော်သို့​ခေါ်ယူ​ဆွေး​နွေ​း​နေသည်ဟုလည်းဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။