Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် ကန့်ဘလူနယ်မှ လသားအရွယ်ကလေးအပါအဝင် သုံးဦးဒဏ်ရာရ

ကန့်ဘလူမြို့နယ် မိဿလင်ကုန်းရွာနှင့်ချပ်ကုန်းရွာကို ယမန်နေ့( စက်တင်ဘာလ ၁၅ရက်)က စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်တိုက်ခိုက်ခဲ့​ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် ကန့်ဘလူနယ်မှ လသားအရွယ်ကလေးအပါအဝင် သုံးဦးဒဏ်ရာရ
စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် ကန့်ဘလူနယ်မှ လသားအရွယ်ကလေးအပါအဝင် သုံးဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ်က လူနေကျေးရွာအတွင်း အကြမ်းဖက်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် လသားအရွယ်ကလေးတစ်ဦးအပါအဝင် သုံးဦး သေနတ်ကျည်ထိမှန်ဒဏ်ရာရခဲ့သည်။

ကန့်ဘလူမြို့နယ် မိဿလင်ကုန်းရွာနှင့်ချပ်ကုန်းရွာကို ယမန်နေ့( စက်တင်ဘာလ ၁၅ရက်)က စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်တိုက်ခိုက်ခဲ့​ခြင်းဖြစ်သည်။

” ရမ်းသမ်းပစ်ပြီး ရွာထဲ ဝင်လာတာ။ အရပ်သားတွေ ထိကုန်တယ်ဗျ။ အဲ့ဒီစစ်ကြောင်းက အခုထိရှိနေသေးတယ်”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် မိဿလင်ကုန်းရွာမှာ အသက်(၇၆)နှစ်အရွယ် အဘိုးအိုတစ်ဦး၊ အသက် (၁၃)နှစ်အရွယ် ကလေးငယ်တစ်ဦးသေနတ်ကျည်ထိမှန်ခဲ့ပြီး

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သည့် ချပ်ကုန်းရွာမှ လသားအရွယ်ကလေးငယ်တစ်ဦးဒဏ်ရာရခဲ့သည်ဟု Kotaungbo Revolution – KTB-R Team က ထုတ်ပြန်သည်။ ဒဏ်ရာရသူများကို ဆေးကုသပေးနေရဆဲ ဟုဆိုသည်။

ထို့အပြင် မိဿလင်ကုန်းကျေးရွာမှ နေအိမ်လေးလုံးကိုလည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားသည်။

ရှမ်းပြည်နယ် မိုးဗြဲမြို့နယ်တွင်လည်း ယနေ့ (စက်တင်ဘာ ၁၆ရက်) နံနက်အစောပိုင်းက စစ်ကောင်စီက ပစ်ခတ်သော လက်နက်ကြီးကျည်သည် စစ်ဘေးရှောင်စခန်းတစ်ခုသို့ ကျရောက်ပေါက်ကွဲပြီး ကလေးနှစ်ဦးအပါအဝင် စစ်ဘေးရှောင် လေးဦးသေဆုံးပြီး ၁၃ဦးဒဏ်ရာရသွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။