Connect with us

Hi, what are you looking for?

သတင်း

ဒရုန်းဖြင့်လာတိုက်ပါက ပြန်လမ်းမရှိစေရဟု စိန်ခေါ်ထားသည့်ရဲစခန်းကို မဟာမိတ်အဖွဲ့က ဒရုန်းဖြင့်တိုက်ခိုက်

စစ်ကောင်စီဘက်က ထိခိုက်မှုကိုစုံစမ်းနေပြီး မကြာမီ သတင်းအတိအကျထုတ်ပြန်မည်ဟု မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထားသည်။

ယနေ့ တိုက်ခိုက်မှု ဓာတ်ပုံမှတ်တမ်း၊ ဓာတ်ပုံ - Ko Nway Oo Myaung
ယနေ့ တိုက်ခိုက်မှု ဓာတ်ပုံမှတ်တမ်း၊ ဓာတ်ပုံ - Ko Nway Oo Myaung

“ကြိုက်တဲ့ဒရုန်းနဲ့လာချလှည့်။ ပြန်လမ်းမရှိစေရဘူး”ဟု စခန်းမှူးက စိန်ခေါ်ထားသည့် မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည်။

မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းကို ယနေ့(စက်တင်ဘာလ ၁၉ရက်) နံနက်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးမဟာမိတ်သုံးဖွဲ့က ဒရုန်းဖြင့်တိုက်ခိုက်ခဲ့​​ခြင်း ဖြစ်သည်။

စက်တင်ဘာ ၁၆ရက်က သေဆုံးခဲ့သည့် အဘွားဒေါ်ကြည်တင်၊ ဓာတ်ပုံ - Ko Nway Oo Myaung
စက်တင်ဘာ ၁၆ရက်က သေဆုံးခဲ့သည့် အဘွားဒေါ်ကြည်တင်၊ ဓာတ်ပုံ – Ko Nway Oo Myaung

ကျောက်ရစ်စခန်းမှုးက ” ကြိုက်တဲ့ဒရုန်းနဲ့လာချလှည့် ပြန်လမ်းမရှိစေရဘူး” စိန်ခေါ်ထားလို့ စခန်းပေါ် အခေါက်ပေါင်းများစွာပျံဝဲပြီး အီနာဂါကျွေးထည့်လိုက်တယ်”ဟု​ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံတစ်ဦးက ဆိုသည်။

စစ်ကောင်စီဘက်က ထိခိုက်မှုကိုစုံစမ်းနေပြီး မကြာမီ သတင်းအတိအကျထုတ်ပြန်မည်ဟု မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ကျောက်စရစ်ရဲစခန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် စက်တင်ဘာ ၁၆ရက်တွင် နနွမ်းကိုင်းကျေးရွာသို့ အကြမ်းဖက်တိုက်ခိုက်ခဲ့ရာ အသက်(၇၀) အရွယ် အဘွားအိုတစ်ဦးသေဆုံးခဲ့ရသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဆော်ဒီအာရေးဘီးယားရဲ့ မြို့တော်ကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း ယီမင်အခြေစိုက် ဟိုသီ ပြောက်ကျားတပ်တွေက ထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဝေဟင်နည်းပညာပိုင်း မြှင့်တင်မှုတွေပြုလုပ်ဖို့အတွက် ကြိုးနဲ့စွန် 2.0 (မီးပုံးပျံပွဲ) ကမ်ပိန်းမှာပါဝင်ပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက နှိုးဆော်ထားပါတယ်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

Facebook