Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဒရုန်းဖြင့်လာတိုက်ပါက ပြန်လမ်းမရှိစေရဟု စိန်ခေါ်ထားသည့်ရဲစခန်းကို မဟာမိတ်အဖွဲ့က ဒရုန်းဖြင့်တိုက်ခိုက်

စစ်ကောင်စီဘက်က ထိခိုက်မှုကိုစုံစမ်းနေပြီး မကြာမီ သတင်းအတိအကျထုတ်ပြန်မည်ဟု မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထားသည်။

ယနေ့ တိုက်ခိုက်မှု ဓာတ်ပုံမှတ်တမ်း၊ ဓာတ်ပုံ - Ko Nway Oo Myaung
ယနေ့ တိုက်ခိုက်မှု ဓာတ်ပုံမှတ်တမ်း၊ ဓာတ်ပုံ - Ko Nway Oo Myaung

“ကြိုက်တဲ့ဒရုန်းနဲ့လာချလှည့်။ ပြန်လမ်းမရှိစေရဘူး”ဟု စခန်းမှူးက စိန်ခေါ်ထားသည့် မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည်။

မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းကို ယနေ့(စက်တင်ဘာလ ၁၉ရက်) နံနက်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးမဟာမိတ်သုံးဖွဲ့က ဒရုန်းဖြင့်တိုက်ခိုက်ခဲ့​​ခြင်း ဖြစ်သည်။

စက်တင်ဘာ ၁၆ရက်က သေဆုံးခဲ့သည့် အဘွားဒေါ်ကြည်တင်၊ ဓာတ်ပုံ - Ko Nway Oo Myaung
စက်တင်ဘာ ၁၆ရက်က သေဆုံးခဲ့သည့် အဘွားဒေါ်ကြည်တင်၊ ဓာတ်ပုံ – Ko Nway Oo Myaung

ကျောက်ရစ်စခန်းမှုးက ” ကြိုက်တဲ့ဒရုန်းနဲ့လာချလှည့် ပြန်လမ်းမရှိစေရဘူး” စိန်ခေါ်ထားလို့ စခန်းပေါ် အခေါက်ပေါင်းများစွာပျံဝဲပြီး အီနာဂါကျွေးထည့်လိုက်တယ်”ဟု​ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံတစ်ဦးက ဆိုသည်။

စစ်ကောင်စီဘက်က ထိခိုက်မှုကိုစုံစမ်းနေပြီး မကြာမီ သတင်းအတိအကျထုတ်ပြန်မည်ဟု မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ကျောက်စရစ်ရဲစခန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် စက်တင်ဘာ ၁၆ရက်တွင် နနွမ်းကိုင်းကျေးရွာသို့ အကြမ်းဖက်တိုက်ခိုက်ခဲ့ရာ အသက်(၇၀) အရွယ် အဘွားအိုတစ်ဦးသေဆုံးခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

အမှတ်(၂)တံတားအနီးရှိ မွေးမြူရေးဇုန်အနီးတွင်လည်း လက်နက်ကြီးကျ‌ရောက် ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။