Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီထံ ဆက်ကြေးပေးဖွင့်လှစ်ထားသည့် မန္တလေးမှ ဂိမ်းဆိုင်တိုက်ခိုက်မှု ပျူငါးဦး ဒဏ်ရာရ

“ထပ်မံ ဝင်ရောက်ပစ်ခတ်ဖို့ စီစဉ်ထားသော်လည်း ထိချက်ကောင်းမွန်မှုကြောင့် ကျွန်တော်တို့ ဆုတ်ခွာခဲ့ပါတယ်”ဟု DRM – PDF က ဆိုသည်။

(DRM Rangers Mandalay — PDFမှ ရဲဘော်များအား တွေ့ရစဥ်)
(DRM Rangers Mandalay — PDFမှ ရဲဘော်များအား တွေ့ရစဥ်)

စစ်ကောင်စီထံ ဆက်ကြေးပေးပြီး ဖွင့်လှစ်ထားသည့် မန္တလေးမြို့မှ ဂိမ်းဆိုင်တစ်ဆိုင်အား ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အဆိုပါဆိုင်လုံခြုံရေးယူထားသည့် ပျူစောထီးငါးဦး ထိခိုက်ဒဏ်ရာရကြောင်း DRM Rangers Mandalay — PDF က ယနေ့(စက်တင်ဘာ ၁၉)ထုတ်ပြန်သည်။

ယနေ့နံနက် ၁၁ နာရီ ၂၀ ခန့်က စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့အား ငွေပေး၍ ဖွင့်လှစ်ထားသော ချမ်းမြသာစည်မြို့သစ်၊ မြရည်နန္ဒာရပ်ကွက် ၁၁၄ လမ်း၊ ၅၀ × ၅၁ လမ်းကြားရှိ ငါးဂိမ်းဆိုင်အား ဗုံးသီးတစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

Public Service Announcement
Public Service Announcement

“ထပ်မံ ဝင်ရောက်ပစ်ခတ်ဖို့ စီစဉ်ထားသော်လည်း ထိချက်ကောင်းမွန်မှုကြောင့် ကျွန်တော်တို့ ဆုတ်ခွာခဲ့ပါတယ်”ဟု DRM – PDF က ဆိုသည်။

အထက်ပါတိုက်ခိုက်မှုတွင် ဆိုင်အတွင်း တံခါးဝရှိ ပျူစောထီးအဖွဲ့ဝင် လူမိုက်ငါးဦးထက်မနည်း ပြင်းထန်စွာထိခိုက်နိုင်ပြီး အတွင်းပစ္စည်း ဆုံးရှုံးမှုအများအပြားရှိနိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ ရှစ်လေးလုံးသပိတ်ပြုလုပ်မှာစိုးရိမ်ပြီး စစ်တပ်က နေရာစုံစစ်ဆေးမှုတွေပြုလုပ်နေသလို PSMS နည်းပညာနဲ့ မြို့ပတ်လမ်းတွေမှာ ရှောင်တခင်စစ်ဆေးတာတွေလည်းပြုလုပ်နေတယ်လို့ မြို့ခံ တွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်