Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကျဆုံးသွားသည့်ရဲဘော်နှစ်ဦး နှစ်ပတ်လည်အဖြစ် ခရမ်းမြို့နယ်ထွေအုပ်ရုံးကို (၄၀)မမ ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်

ထို့ပြင် ယင်းတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီဝင်နှစ်ဦး ၊ထွေအုပ်ဝန်ထမ်းနှစ်ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၅ ဦးခန့်ရှိကြောင်း ခရမ်းချန်နယ်က ဖော်ပြထားသည်။

ကျဆုံးသွားသည့် ရဲဘော်နှစ်ဦး နှစ်ပတ်လည်အဖြစ် ခရမ်းမြို့နယ်အထွေထွေအုပ်ချုပ်‌ရေးမှူးရုံးကို (၄၀)မမဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ခရမ်း PDF ခေါင်းဆောင် ကိုမီးပွားကပြောသည်။

“ထွေအုပ်ရုံးထဲကို တည့်တည့်ကျသွားတာဆိုတော့ထိခိုက်မှု ရှိလိမ့်မယ် “ဟု ကိုမီးပွားက ပြောသည်။

အဆိုပါတိုက်ခိုက်မှုသည် ပြီးခဲ့သည့်နှစ် စက်တင် ဘာ ၁၇ရက်တွင် ကျဆုံးခဲ့သော ၎င်းတို့၏ ရဲဘော်နှစ်ဦး တစ်နှစ်ပြည့်အတွက် သွေးမအေးကြောင်းပြသခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

ယင်းစစ်ဆင်ရေး၌ ပါဝင်သည့် အဖွဲ့သားများအားလုံး ဘေးကင်းကြောင်းလည်း ကိုမီးပွားက ပြောသည်။

Public Service Announcement

Public Service Announcement

ခရမ်းမြို့နယ်ထွေအုပ်ရုံးအတွင်း၌ စက်တင်ဘာ ၂၀ရက် နေ့လည် ၁ နာရီ ၄၄ မိနစ်ခန့်က ပေါက်ကွဲမှူဖြစ်ခဲ့ခြင်းဖြစ်ပြီး အရေးပေါ်ကားသံများကြားရသောကြောင့် ထိခိုက်မှုများနိုင်ကြောင်း ခရမ်းချန်နယ်က ဖော်ပြထားသည်။

ထို့ပြင် ယင်းတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီဝင်နှစ်ဦး ၊ထွေအုပ်ဝန်ထမ်းနှစ်ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၅ ဦးခန့်ရှိကြောင်း ခရမ်းချန်နယ်က ဖော်ပြထားသည်။

၂၀၂၁ စက်တင်ဘာလ ၁၇ ရက်တွင် ခရမ်းမြို့နယ်၌ ခရမ်း PDF နှင့် စစ်ကောင်စီတပ်တို့ ပထမဆုံး တိုက်ပွဲငယ်တစ်ခုဖြစ်ပွားခဲ့ပြီး ခရမ်းရPDF ဘက်မှ ရဲဘော်နှစ်ဦးကျဆုံးခဲ့ကာ စစ်ကောင်စီတပ်ဘက်က ငါးဦးခန့် သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မတ်လ ၁၄ ရက်ကလည်း BWM နှင့် MKCDF အဖွဲ့တို့ပူးပေါင်း၍ တောင်ငူလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦးသေဆုံးခဲ့သည်။

သတင်း

ကိုမာန်ဇာမြေမွန်နှင့် ကိုအောင်ကျော်ဇင်တို့အား မြို့တော်ခန်းမအတွင်းရှိ စစ်သားများက ရိုက်နှက် နှိပ်စက်ခဲ့ရာ ကိုအောင်ကျော်ဇင်မှာ မတ်လ (၂၉) ရက်နေ့တွင် ကျဆုံးခဲ့ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ပြောကြားသည်။

သတင်း

ရွာငံမြို့နယ်တွင် ပြီးခဲ့သည့် မတ်လ ၁၅ရက်၊၁၇ရက်နှင့် ၁၉ရက်ကလည်း စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် အထိနာခဲ့သည်။

သတင်း

ရတနာပုံခန်းမကို အာဏာသိမ်းခဲ့သည့် ၂၀၂၁ မေလအတွင်းက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။