Connect with us

Hi, what are you looking for?

သတင်း

ကျဆုံးသွားသည့်ရဲဘော်နှစ်ဦး နှစ်ပတ်လည်အဖြစ် ခရမ်းမြို့နယ်ထွေအုပ်ရုံးကို (၄၀)မမ ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်

ထို့ပြင် ယင်းတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီဝင်နှစ်ဦး ၊ထွေအုပ်ဝန်ထမ်းနှစ်ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၅ ဦးခန့်ရှိကြောင်း ခရမ်းချန်နယ်က ဖော်ပြထားသည်။

ကျဆုံးသွားသည့်ရဲဘော်နှစ်ဦး နှစ်ပတ်လည်အဖြစ် ခရမ်းမြို့နယ်ထွေအုပ်ရုံးကို (၄၀)မမ ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်
ကျဆုံးသွားသည့်ရဲဘော်နှစ်ဦး နှစ်ပတ်လည်အဖြစ် ခရမ်းမြို့နယ်ထွေအုပ်ရုံးကို (၄၀)မမ ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်

ကျဆုံးသွားသည့် ရဲဘော်နှစ်ဦး နှစ်ပတ်လည်အဖြစ် ခရမ်းမြို့နယ်အထွေထွေအုပ်ချုပ်‌ရေးမှူးရုံးကို (၄၀)မမဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ခရမ်း PDF ခေါင်းဆောင် ကိုမီးပွားကပြောသည်။

“ထွေအုပ်ရုံးထဲကို တည့်တည့်ကျသွားတာဆိုတော့ထိခိုက်မှု ရှိလိမ့်မယ် “ဟု ကိုမီးပွားက ပြောသည်။

အဆိုပါတိုက်ခိုက်မှုသည် ပြီးခဲ့သည့်နှစ် စက်တင် ဘာ ၁၇ရက်တွင် ကျဆုံးခဲ့သော ၎င်းတို့၏ ရဲဘော်နှစ်ဦး တစ်နှစ်ပြည့်အတွက် သွေးမအေးကြောင်းပြသခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

ယင်းစစ်ဆင်ရေး၌ ပါဝင်သည့် အဖွဲ့သားများအားလုံး ဘေးကင်းကြောင်းလည်း ကိုမီးပွားက ပြောသည်။

Public Service Announcement

Public Service Announcement

ခရမ်းမြို့နယ်ထွေအုပ်ရုံးအတွင်း၌ စက်တင်ဘာ ၂၀ရက် နေ့လည် ၁ နာရီ ၄၄ မိနစ်ခန့်က ပေါက်ကွဲမှူဖြစ်ခဲ့ခြင်းဖြစ်ပြီး အရေးပေါ်ကားသံများကြားရသောကြောင့် ထိခိုက်မှုများနိုင်ကြောင်း ခရမ်းချန်နယ်က ဖော်ပြထားသည်။

ထို့ပြင် ယင်းတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီဝင်နှစ်ဦး ၊ထွေအုပ်ဝန်ထမ်းနှစ်ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၅ ဦးခန့်ရှိကြောင်း ခရမ်းချန်နယ်က ဖော်ပြထားသည်။

၂၀၂၁ စက်တင်ဘာလ ၁၇ ရက်တွင် ခရမ်းမြို့နယ်၌ ခရမ်း PDF နှင့် စစ်ကောင်စီတပ်တို့ ပထမဆုံး တိုက်ပွဲငယ်တစ်ခုဖြစ်ပွားခဲ့ပြီး ခရမ်းရPDF ဘက်မှ ရဲဘော်နှစ်ဦးကျဆုံးခဲ့ကာ စစ်ကောင်စီတပ်ဘက်က ငါးဦးခန့် သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ဧပြီလဆန်းလေပြီ။မကြာခင်သင်္ကြန်ကာလရောက်တော့မည်မို့ ရပ်ဝေးက သားတွေသမီးတွေ အလုပ်တွေနားလို့ မိဘအိမ် ပြန်လာကြလေပြီ။ ဖားကန့်မြို့နယ်၊ကျေးရွာတစ်ရွာက ဒေါ်စိုး(အမည်လွှဲ)တစ်ယောက်လည်း သူ့သားလေး ပြန်အလာကို မျှော်လေပြီ။

သတင်း

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ရဲ့ မဟာမိတ် ဖြစ်တဲ့ ဗထူးတပ်ဖွဲ့ကို ဗိုလ်ကော်လားဖိုး ဦးဆောင်တဲ့ KTLA တပ်ဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့ရာ ကနဦးမှာ ရဲဘော် ၄ဦး ကျဆုံးခဲ့ပြီး ရဲဘော် ၂ဦး ပျောက်ဆုံးခဲ့ရာ ပျောက်ဆုံးရဲဘော်တွေရဲ့ အလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ် ဖလမ်းမြို့မှာ အာဏာသိမ်းစစ်ကောင်စီတပ် လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ ဗိုလ်ကြီး ၁ဦး အပါအဝင် ချင်းအမျိုးသားတပ်မတော်(CNA) တပ်ဖွဲ့ဝင် ၃ဦး ကျဆုံးခဲ့ကြောင်း CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက အတည်ပြုပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့ စခန်း ၂ခု စီးနင်းခံရပြီး ရဲဘော် ၃ဦး ကျဆုံးခဲ့ရကြောင်း ဒေသတွင်းရဲဘော်အချို့က ပြောပါတယ်။