Connect with us

Hi, what are you looking for?

သတင်း

AA အမာခံများကို အရေးယူရန်နှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်မိသားစုများအတွက် ရိက္ခာစုဆောင်းရန် နပခ တိုင်းမှူးညွှန်ကြား

တပ်ဖွဲ့ဝင် မိသားစုများအား တပ်ရန်ပုံငွေများဖြင့် သက်သာချောင်ချိရေး ဆောင်ရွက်ပေးသွားရန်၊ ရန်သူ့သတင်းများ ရရှိစေရေးတပ်ဖွဲ့ဝင် မိသားစုများမှ တဆင့်ရယူနိုင်ရေး စည်းရုံးဆောင်ရွက်သွားရန် အချက်များ ပါဝင်သည်။

(ရခိုင်ပြည်နယ်တစ်​နေရာတွင် စစ်​ကောင်စီတပ်သားများကို ယခုနှစ်အတွင်း​တွေရစဥ်။ဓါတ်ပုံ-Narinjara news)
(ရခိုင်ပြည်နယ်တစ်​နေရာတွင် စစ်​ကောင်စီတပ်သားများကို ယခုနှစ်အတွင်း​တွေရစဥ်။ဓါတ်ပုံ-Narinjara news)

▪️စီးပွားရေးလုပ်ငန်းရှင်နှင့် ဝန်ထမ်းများ AA ဆက်သွယ်ပါက ထိရောက်စွာအရေးယူမည်ဟု ခြိမ်းခြောက်

ရက္ခိုင့်တပ်တော်(AA)အား ထောက်ပံ့မှုပေးသည့် အမာခံများအား စုံစမ်းဖော်ထုတ်အရေးယူသွားရန် နှင့် တပ်ဖွဲ့ဝင်မိသးစုများ စားသောက်ရေးအတွက် ရိက္ခာအမယ်စုံများ စုဆောင်းထားရှိရန် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးက ညွှန်ကြားခဲ့သည်။

စစ်တင်ဘာ ၁၉ရက် မွန်းလွဲပိုင်းက နပခ တိုင်းမှူး က နပခ ကွပ်ကဲမှုအောက်ရှိ တပ်များမှ တပ်မှူးများအား အွန်လိုင်းမှ တွေ့ဆုံစဉ် ညွှန်ကြားချက် များပါသည့် လျှို့ဝှက်ညွှန်ကြားစာ လူမှုကွန်ရက် သို့ ပေါက်ကြားလာရာ စစ်ကောင်စီတိုင်းမှူးက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

စစ်ဆေးရေးဂိတ်များအားလုံး မည်သည့်ယာဉ်မှ ဖြတ်သန်းသွားလာခြင်းမပြုရန်၊ ကုန်းလမ်း၊ ရေလမ်းကြောင်းများရှိ စစ်ဆေးရေးဂိတ်များ စနစ်တကျ စစ်ဆေးရန်၊ ကုန်သည် စီးပွားရေး လုပ်ငန်းရှင်များ၊ ဝန်ထမ်းများအား ခေါ်ယူ၍ အစည်းအဝေး ပြုလုပ်ပြီး AAနှင့် ဆက်သွယ်ပါက ထိရောက်စွာ အရေးယူသွားမည်ကို ချပြပြောကြားထားရန် ညွှန်ကြားစာ၌ ရေးသားထားသည်။

ထို့ပြင် တပ်ဖွဲ့ဝင်မိသားစုများ စားရေးသောက် ရေးအတွက် ရိက္ခာအမယ်စုံများ စုစောင်းထားရန်၊ တပ်လှုပ်ရှားမှုများ ဆောင်ရွက်ရာတွင် စနစ်တကျစုဖွဲ့သွားလာရန်၊ လိုအပ်သော ရိက္ခာများ ပို့ဆောင်နိုင်ရေး စစ်ရေးအမြင်ဖြင့် ကြိုတင်စီမံ ဆောင်ရွက်ရန်၊ AA အား ထောက်ပံ့မှု ပေးသည့် အမာခံများအား စုံစမ်းဖော်ထုတ် အရေးယူသွားရန်၊ တပ်လှုပ်များ၊ လမ်းကြောင်း လုံခြုံရေးများ ချီတက်ထွက်ခွာစဉ် စနစ်တကျ မိုင်းရှင်းလင်းပြီး စစ်နည်းဗျူဟာမြောက်ချီတက်သွားလာရန် ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

တပ်ဖွဲ့ဝင် မိသားစုများအား တပ်ရန်ပုံငွေများဖြင့် သက်သာချောင်ချိရေး ဆောင်ရွက်ပေးသွားရန်၊ ရန်သူ့သတင်းများ ရရှိစေရေးတပ်ဖွဲ့ဝင် မိသားစုများမှ တဆင့်ရယူနိုင်ရေး စည်းရုံးဆောင်ရွက်သွားရန် အချက်များ ပါဝင်သည်။

ထိုသို့ ညွှန်ကြားပြီးနောက် စက်တင်ဘာ ၂၀ရက် တွင် ရခိုင်ပြည်နယ်တွင် စစ်ကောင်စီက ရခိုင်စီးပွားရေးလုပ်ငန်းရှင် ၆၀ကျော်ကို ခေါ်ယူပြီး AAကို မထောက်ပံ့ရန် ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း ဒေသတွင်း သတင်းဌာန Border News Agencyက သတင်းဖော်ပြထားသည်။

AAနှင့် စစ်ကောင်စီတပ်တို့သည် ဩဂုတ်မှစ၍ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ချင်းပြည်နယ် ပလက်၀ ဒေသများ၌ တိုက်ပွဲများ ပြင်းထန်ခဲ့သည်။ AA အနေဖြင့် စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်မှုများလည်း ဆက်တိုက်လုပ် ဆောင်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ နာမည်တပ်ပြီး အာရက္ခတပ်တော်(AA)နယ်မြေတွေဆီ ထိုးစစ်ဆင်တဲ့စစ်တပ်ကို အထိနာတပ်ဆုတ်ပြေးတဲ့အထိ ခုခံတိုက်ခိုက်ပြီးနောက်စစ်တွေမြို့နယ် အမြင့်ကျွန်း၊ ကံ့ကော်ကျွန်းနဲ့ တောကန်အနီး ဝန်းကျင်တို့ရှိ စစ်တပ်စခန်းတွေကို ထိုးစစ်ဆင်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

စစ်ရေးပစ်မှတ်မဟုတ်တဲ့ အပြစ်မဲ့အရပ်သားပြည်သူ‌တွေရှိရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေလို့ ထိခိုက်သေဆုံးမှုတွေ ပိုမိုများပြားလာတယ်လို့ အာရက္ခတပ်တော်(AA)က ဒီနေ့ စက်တင်ဘာ ၁၄ရက်မှာ သတင်းထုတ်ပြန်ပါတယ်။