Connect with us

Hi, what are you looking for?

သတင်း

ကော်သူးလေနယ်မြေထဲ စစ်တပ်ကလေကြောင်းကပစ်ခတ်တာနေတယ်လို့ KNU ထုတ်ပြန်

စက်တင်ဘာ(၂၀)ရက်ကလည်း စစ်ကောင်စီတပ်က ကေအဲန်ယူ-လယ်ဒိုမြို့နယ်အတွင်းကို လေယာဉ်နှစ်စင်းနဲ့ လာရောက်ထောက်လှမ်းခဲ့ပြီး နေ့လည်တစ်နာရီခွဲမှာ ဃိုးလူကျေးရွာထဲကို လေယာဉ်နဲ့ သုံးကြိမ် လာရောက်ပစ်ခတ်ခဲ့တယ်လို့ ကေအဲန်ယူက ဆိုထားပါတယ်။

ကော်သူးလေနယ်မြေထဲ စစ်တပ်ကလေကြောင်းကပစ်ခတ်တာနေတယ်လို့ KNU ထုတ်ပြန်
ကော်သူးလေနယ်မြေထဲ စစ်တပ်ကလေကြောင်းကပစ်ခတ်တာနေတယ်လို့ KNU ထုတ်ပြန်

ကော်သူးလေအုပ်ချုပ်နယ်မြေဖြစ်တဲ့ လယ်ဒို(ကျောက်ကြီး)မြို့နယ်အတွင်းမှာ စစ်တပ်က လေယာဉ်နဲ့ပစ်ခတ်နေပြီး စစ်ကောင်စီတပ်သားတွေအတွက် ရိက္ခာလာချပေးတာတွေလည်းရှိတယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာ(၂၁)ရက်က စစ်ကောင်စီရဲ့ တောင်ငူလေတပ်စခန်းက ရဟတ်ယာဉ်နှစ်စင်းထွက်ခွာပြီး နေ့လည်တစ်နာရီကျော်အချိန်က ကေအဲန်ယူ-ခလယ်လွီထူခရိုင် လယ်ဒိုမြို့နယ်မှာ ထိုးစစ်ဆင်လှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်သားတွေအတွက် ရိက္ခာ(၉)ထုပ်လာပစ်ချခဲ့တယ်လို့ဆိုပါတယ်။ ညနေပိုင်းအချိန်မှာလည်း လေယာဉ်တွေနဲ့ထပ်ရောက်လာကာ နာရီဝက်ကျော်ကြာ လာရောက်ထောက်လှမ်းမှုတွေ လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ(၂၀)ရက်ကလည်း စစ်ကောင်စီတပ်က ကေအဲန်ယူ-လယ်ဒိုမြို့နယ်အတွင်းကို လေယာဉ်နှစ်စင်းနဲ့ လာရောက်ထောက်လှမ်းခဲ့ပြီး နေ့လည်တစ်နာရီခွဲမှာ ဃိုးလူကျေးရွာထဲကို လေယာဉ်နဲ့ သုံးကြိမ် လာရောက်ပစ်ခတ်ခဲ့တယ်လို့ ကေအဲန်ယူက ဆိုထားပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာလ(၇)ရက်ကလည်း စစ်ကောင်စီတပ်ဟာ တပ်မဟာ(၅)ဘက်ကနေ အင်အား(၂၀၀)ကျော်နဲ့ ပြန်ဆင်းလာပြီး ကေအဲန်ယူ-ခလယ်လွီထူ(ညောင်လေးပင်)ခရိုင် လယ်ဒိုမြို့နယ်အတွင်းကို စတင်ထိုးစစ်ဝင်ရောက်ခဲ့ရာ ထိုးစစ်ဆင်ဖို့အတွက် စက်တင်ဘာ(၁၄)ရက် မနက်ပိုင်းက ဘောကထာစခန်းကနေ နောက်ထပ်အင်အား(၁၅၀)ခန့် ထပ်ဖြည့်လာခဲ့တာပါ။

Public Service Announcement

Public Service Announcement

အဲ့ဒီနောက် စက်တင်ဘာ(၁၄)ရက် ညနေလေးနာရီမှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့လေးကြိမ် လာရောက်ပစ်ခတ်ခဲ့ပြီး စက်တင်ဘာ(၁၇)ရက်မှာလည်း ကား(၆)စီးနဲ့ နောက်ထပ်လူအင်အား(၅၀)ကျော်ကို စစ်ကောင်စီတပ်က ထပ်ဖြည့်လာကာ သံဆိပ်မင်းကျေးရွာကနေ ဘောကထာကျေးရွာအထိ လမ်းလုံခြုံရေးအတွက်ချထားခဲ့တယ်လို့ ကေအဲန်ယူက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဟာ စတင်ထိုးစစ်ဆင်တဲ့ စက်တင်ဘာလ(၇)ရက်နေ့အချိန်ကစပြီး အခုအချိန်အထိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)တပ်ဖွဲ့ကြား နေ့စဉ်တိုက်ပွဲတွေ ပြင်းထန်ဖြစ်ပွားလျက်ရှိနေတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊သဲအင်း ကျေးရွာက ကျောင်းထိုင်ဆရာ‌‌တော် တပါးကို အာဏာသိမ်းစစ်တပ်ကဖမ်းဆီးနှိပ်စက်သတ်ဖြတ်လိုက်ပြီး အနီးပတ်ဝန်းကျင်က ကျေးရွာ တွေကိုလည်း ပေါ်တာဆွဲဖမ်းဆီးမှုတွေလုပ်​နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။