Connect with us

Hi, what are you looking for?

သတင်း

ကော်သူးလေမှာ လက်နက်ကြီးနဲ့ဆက်တိုက်ပစ်နေလို့ စစ်ဘေးရှောင်ဦးရေ ပိုတိုးများလာနေ

စစ်ကောင်စီတပ်ဟာ တောင်စုကျေးရွာသားတွေကို ရွာထဲကနေ အတင်းအဓမ္မထွက်ခွာခိုင်းတဲ့ စက်တင်ဘာ(၁၁)ရက်ကနေ ဒီကနေ့(၁၉)ရက်အထိ စစ်ကောင်စီတပ်က ကျေးရွာထဲကို လက်နက်ကြီးငါးကြိမ် ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ကော်သူးလေမှာ လက်နက်ကြီးနဲ့ဆက်တိုက်ပစ်နေလို့ စစ်ဘေးရှောင်ဦးရေ ပိုတိုးများလာနေ
ကော်သူးလေမှာ လက်နက်ကြီးနဲ့ဆက်တိုက်ပစ်နေလို့ စစ်ဘေးရှောင်ဦးရေ ပိုတိုးများလာနေ

ကော်သူးလေအုပ်ချုပ်နယ်မြေ ခလယ်လွီထူခရိုင်ထဲမှာ စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ ဒေသခံအမျိုးသမီးတစ်ဦးသေဆုံးသွားခဲ့ပြီး ကျေးရွာတွေထဲကို လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်နေတာကြောင့် စစ်ရှောင်ဦးရေတွေတိုးများလာတယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာ(၁၆)ရက် မနက်(၉)နာရီခွဲအချိန်က ကေအဲန်ယူ-မူးမြို့နယ်အတွင်းရှိ သစ်ချဆိပ်အခြေစိုက် စစ်ကောင်စီခမရ(၆၀၃)တပ်ဖွဲ့တွေက သစ်ချဆိပ်စခန်းကနေထွက်ခွာပြီး တယ်ပေါ်ကျေးရွာအတွင်းကို ဝင်ရောက်ကာ တယ်ပေါ်ရွာသားတစ်ဦးကို ဖမ်းဆီးခဲ့သလို တစ်ရက်တည်းမှာပင် သစ်ချဆိပ်အခြေစိုက် စစ်ကောင်စီတပ်က ဘုန်းကြီးအင်း၊ ရွာတန်းရှည်နဲ့ ကရင်မြက်ရဲကျေးရွာတွေထဲကို လက်နက်ကြီး(၂၅)လုံးပစ်ခတ်ခဲ့တယ်လို့ ကေအဲန်ယူက ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ(၁၇)ရက် နေ့လည်(၁၂)နာရီ(၁၅)မိနစ်အချိန်က နတ်သံကွင်းအခြေစိုက် စစ်ကောင်စီတပ်တွေက မူးမြို့နယ်အတွင်းရှိ တောင်စုကျေးရွာထဲကို လက်နက်ကြီး(၉) လုံး ပစ်ခတ်ခဲ့ပြီး ဒီလိုပစ်ခတ်ခဲ့တာကြောင့် မိသားစုစားဝတ်နေရေးအတွက် ရွာထဲကိုရိက္ခာပြန်လာယူတဲ့ အမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့ပါတယ်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်ဟာ တောင်စုကျေးရွာသားတွေကို ရွာထဲကနေ အတင်းအဓမ္မထွက်ခွာခိုင်းတဲ့ စက်တင်ဘာ(၁၁)ရက်ကနေ ဒီကနေ့(၁၉)ရက်အထိ စစ်ကောင်စီတပ်က ကျေးရွာထဲကို လက်နက်ကြီးငါးကြိမ် ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ကေအဲန်ယူ−ခလယ်လွီထူ(ညောင်လေးပင်)ခရိုင် လယ်ဒို(ကျောက်ကြီး)၊ မူး၊ ဆောထိ(ရွှေကျင်)မြို့နယ်တွေထဲမှာ စက်တင်ဘာလ (၁) ရက်နေ့မှ (၁၉) ရက်အတွင်း စစ်ဘေးရှောင်ပြည်သူ အိမ်ထောင်စုပေါင်း (၃၇၆၄)စုနဲ့ လူဦးရေစုစုပေါင်း (၂၀၉၄၃) ဦးအထိ ထပ်တိုးလာတယ်လို့ ကေအဲန်ယူကဆိုပါတယ်။

ကော်သူးလေအုပ်ချုပ်နယ်မြေ ခလယ်လွီထူခရိုင် တပ်မဟာ(၃) အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေအကြား ရင်ဆိုင်တိုက်ပွဲတွေ ပိုပြင်းထန်လာတဲ့အတွက်ကြောင့် ရှေ့တန်းမှာတိုက်ပွဲဝင်နေတဲ့ KNLA KNDO ရဲဘော်တွေစားသောက်ဖို့အတွက် ခလယ်လွီထူခရိုင် ကရင်အမျိုးသမီး အစည်းအရုံး (K.W.O)၊ ကရင်လူငယ်အစည်းအရုံး (K.Y.O)နဲ့ ရွာသူရွာသားတွေပူးပေါင်းပြီး အစားအစာတွေကို စီစဉ်ဆောင်ရွက်ပေးခဲ့ပြီး လာရောက်လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲပြင်းထန်နေတဲ့ တပ်မဟာ (၃) နယ်မြေရှိ ရှေ့တန်းမှာ တိုက်ပွဲဝင်နေတဲ့ KNLA KNDO ရဲဘော်တွေအတွက် တတ်နိုင်တဲ့ဘက်ကနေ ကူညီဆောင်ရွက်ပေးကြတဲ့ ပြည်တွင်းပြည်ပရှိ ပြည်သူလူထုတွေကို ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံးက အထူးကျေးဇူးတင်တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ​ယော​ဒေသမှာစစ်ကြောင်းထိုး၊ အရပ်သားတွေကို ဖမ်းဆီးတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ​တွေ​ကြောင့် ထွက်​ပြေးတိမ်း​ရှောင်​နေရတဲ့စစ်ဘေးရှောင်ပြည်သူတစ်သောင်းကျော်ထိ ရှိ နေပြီး စားနပ်ရိက္ခာ​​တွေအကူအညီလိုအပ်​နေပါတယ်။

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။