Connect with us

Hi, what are you looking for?

သတင်း

မင်းတပ် CDFက တစ်ရက်အတွင်း စစ်ကောင်စီတပ် ပစ်မှတ် ၅နေရာအား တိုက်ခိုက်

“သပိတ်က အစအခုအချိန်ထိသေဆုံးသွားတဲ့ သူတွေမျက်နှာကို ငဲ့ညှာပြီး တော်လှန်ရေးအဖွဲ့ CDF တစ်ခုတည်းမဟုတ်ဘူး PDF တွေ ကာကွယ်ရေး အားလုံးနဲ့ ပြည်သူတွေ တသားတည်းပါပြီး စကစကို ဆန့်ကျင်ကြောင်း ပြဖို့ လိုအပ်တယ်”ဟု ဆလိုင်းဟာအွမ်က ပြောသည်။

(မင်းတပ် CDFမှ ရဲဘော်များအား တွေ့ရစဥ်၊ Chin Defence Force - Mindat)
(မင်းတပ် CDFမှ ရဲဘော်များအား တွေ့ရစဥ်၊ Chin Defence Force - Mindat)

လူထုအား လေကြောင်းတိုက်ခိုက်မှု၊ ဝါဒဖြန့်စျေးရောင်းပွဲကျင်းပမှုတို့အား ဆန့်ကျင်ကြောင်း ပြသခြင်းဟုဆို

သပိတ်စချိန်မှစ၍ ထောင်နှင့်ချီကျဆုံးခဲ့ရသည့် ပြည်သူများ၏ ပေးဆပ်မှုကိုငဲ့ပြီး စစ်ကောင်စီကို ဆက်လက်ဆန့်ကျင်ရန် တိုက်တွန်း

မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF)က စက်တင်ဘာ ၂၁ရက်အတွင်း စစ်ကောင်စီတပ်စွဲရာ နေရာ ၅နေရာကို တိုက်ခိုက်ခဲ့ကြောင်း မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောသည်။

“မနေ့ကတုန်းက အချိန်အားဖြင့် သုံးချိန်တိုက်တယ် နေရာအားဖြင့် ၅နေရာတိုက်တယ်။ ဒါက ဘာကြောင့်လဲဆိုတော့ အပြစ်မဲ့တဲ့ ပြည်သူတွေကို လေကြောင်း တိုက်ခိုက်မှုလုပ်တယ်။ စစ်ကောင်စီက ဦးစီးပြီးမှ ဝါဒဖြန့်တဲ့ စျေးရောင်းပွဲတော်ကို ဆန့်ကျင်တယ်ဆိုတာပြတာ။ အဲဒီလို ပြတဲ့အနေနဲ့ မနက် ၅နာရီခွဲမှာ မြို့အဝင်ဂိတ်ကို ဝင်တိုက်တယ်။ ညနေ ၆နာရီခွဲမှာ ခလရ (၂၇၄) တပ်ရင်းထဲအထိရောက်အောင် လက်နက်ကြီးနဲ့ တိုက်ခိုက်တယ်။ နောက်တစ်ခုက ည ၁၁နာရီခွဲမှာ NLD ရုံးရယ် တိုင်းရင်းဆေးရုံရယ် မိခင်နဲ့ ကလေးရုံး သူတို့တပ်စွဲတဲ့နေရာတွေမှာ တိုက်ခိုက်တယ်ပေါ”ဟု ဆလိုင်း ဟာအွမ်က ပြောသည်။

Public Service Announcement
Public Service Announcement

စက်တင်ဘာ ၂၁ရက် မင်းတပ်မြို့အဝင်ဂိတ်တိုက်ခိုက်မှုနှင့် မင်းတပ်မြို့ပေါ် စစ်ကောင်စီတပ်စွဲရာ နေရာများအား တိုက်ခိုက်မှုများတွင် စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများနိုင်ကြောင်း ဗျူဟာမှူးက ပြောကြားခဲ့သည်ဟု ဆလိုင်းဟာအွမ်က ပြောသည်။ ခလရ(၂၇၄)တပ်ရင်းသို့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်အခြေအနေ မသိရသေးဟု ဆိုသည်။

“ဒီနေရာမှာ ပေးချင်တဲ့ သတင်းစကားက ကျွန်တော်တို့က စစ်ကောင်စီက ဒီလိုလုပ်ရင် ပြင်းပြင်းထန်ထန် ပြန်တုံ့ပြန်တယ်။ အပြစ်မဲ့ ပြည်သူတွေကို လုပ်တဲ့အတွက် နောက် စစ်ကောင်စီ ဝါဒဖြန့်မှု အခြား တိုင်းနဲ့ ပြည်နယ်မှာဖြစ်လာရင် ကျွန်တော်တို့လိုပဲ ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြပါ။ သူတို့ ဝါဒဖြန်တဲ့အတိုင်း မပါဝင်ဖို့ ပေါ့”ဟု ဆလိုင်းဟာအွမ်က ပြောသည်။

Public Service Announcement

Public Service Announcement

သပိတ်စတင်ချိန်မှစ၍ ထောင်ထဲ၌ ကျဆုံးခဲ့ရသူတိုက်ပွဲ၌ ကျဆုံးခဲ့ရသူစသည့် တော်လှန်ရေးကာလ အသက်ပေးသွားရသည့် ပြည်သူများ၏ မျက်နှာကိုငဲ့ပြီး စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမပြုကြရန် မင်းတပ်ပြည်သူလူထုနှင့် တစ်နိုင်ငံလုံးရှိ ပြည်သူလူထုများကို မင်းတပ် CDFက တိုက်တွန်းသည်။

“သပိတ်က အစအခုအချိန်ထိသေဆုံးသွားတဲ့ သူတွေမျက်နှာကို ငဲ့ညှာပြီး တော်လှန်ရေးအဖွဲ့ CDF တစ်ခုတည်းမဟုတ်ဘူး PDF တွေ ကာကွယ်ရေး အားလုံးနဲ့ ပြည်သူတွေ တသားတည်းပါပြီး စကစကို ဆန့်ကျင်ကြောင်း ပြဖို့ လိုအပ်တယ်”ဟု ဆလိုင်းဟာအွမ်က ပြောသည်။

စစ်ကောင်စီတပ်အနေဖြင့် မင်းတပ်မြို့ပေါ်၌ ယမန်နေ့ကစ၍ စျေးရောက်ပွဲတော် ကျင်းပနေသကဲ့သို့ တစ်ဖက်တွင်လည်း ယင်းပွဲတော်မကျင်းပမီက မင်းတပ်မြို့နယ်ရှိ ကျေးရွာများသို့ လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သည်ဟု မင်းတပ် CDFက အသိပေးထားသည်။ စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုလေကြောင်း တိုက်ခိုက်မှုကြောင့် မင်းတပ်ဒေသရှိအရပ်သားပြည်သူများလည်း သေဆုံးထိခိုက်မှုများရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မင်းတပ်မြို့အနီးဝန်းကို ဖျက်အားပြင်းဗုံးတွေအပါအဝင် ဗုံးအလုံးရေ ၁၀၀ ကျော်နဲ့ ထပ်မံတိုက်ခိုက်

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။