Connect with us

Hi, what are you looking for?

သတင်း

ချင်း – မကွေးအစပ်တိုက်ပွဲ စစ်ကောင်စီတပ်မှ ငါးဦးထက်မနည်း သေဆုံးနိုင်ဟု ကန်ပက်လက် CDF အသိပေး

တိုက်ပွဲအပြီး နယ်မြေရှင်းလင်းရာ MA ကျည် ၂၀၀ တောင့်၊ (၄၀) မမ ကျည် သုံးလုံး၊ ကျည်ကာ တစ်ခု သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားသည်။

(ကန်ပက်လက် CDF ရဲဘော်များအား တွေ့ရစဉ်)
(ကန်ပက်လက် CDF ရဲဘော်များအား တွေ့ရစဉ်)

ချင်းပြည်နယ်နှင့် မကွေးတိုင်း အစပ်တစ်နေရာတွင် ယမန်နေ့(စက်တင်ဘာ ၂၀ရက်)က တိုက်ပွဲဖြစ် ပွားခဲ့ရာ စစ်ကောင်စီတပ်မှသေဆုံးထိခိုက်ရှိခဲ့ကြောင်း ကန်ပက်လက်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) က သတင်းထုတ်ပြန်သည်။

ကန်ပက်လက် CDFတပ်ဖွဲ့ဝင်များသည် ထိန်းချုပ် နယ်မြေ နယ်စပ်နေရာဖြစ်သော မကွေးတိုင်းနှင့် ချင်းပြည်နယ်အစပ် အပေါရွာဘက်သို့ နယ်မြေရှင်းလင်းရေး ပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်က သတင်းရပြီး ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

တိုက်ပွဲမှာ ယမန်နေ့ မွန်းလွဲ ၃နာရီမှ စတင်ခဲ့ပြီး ၁နာရီခန့် ကြာမြင့်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၅ငါးဦးထက်မနည်း သေဆုံးနိုင်ပြီးအလောင်း သုံးလောင်းကို ပြန်တမ်းဖြင့် သင်္ဂြိုလ်ပေးခဲ့ကြောင်း ထုတ်ပြန်သည်။

တိုက်ပွဲအပြီး နယ်မြေရှင်းလင်းရာ MA ကျည် ၂၀၀ တောင့်၊ (၄၀) မမ ကျည် သုံးလုံး၊ ကျည်ကာ တစ်ခု သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း ကန်ပက်လက် CDF ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။