Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာ(နမခ)မှ မန္တလေးဘက်သို့ ထွက်လာသော စစ်ကောင်စီယာဥ်နှစ်စီးအား မိုင်းဆွဲတိုက်ခိုက်

ယနေ့(စက်တင်ဘာ ၂၄ ရက်) နံနက် ၄ နာရီခန့်က မုံရွာ – မန္တလေးလမ်းမကြီးပေါ်၊ မုံရွာ-ချောင်းဦးကြား လမ်းပိုင်းတစ်နေရာတွင် မုံရွာဘက်မှ မန္တလေးမြို့ဘက်သို့ သွားသော စစ်ကောင်စီ၏ ယာဥ်ကြီး နှစ်စီးအား မိုင်း၂ လုံးခွဲကာ တိုက်ခိုက်ခဲ့ကြောင်း PDF-South Monywa ၏ ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

(မုံရွာခရိုင်အတွင်း ဖြတ်သန်းသွားသော စစ်ကောင်စီတပ် ယာဥ်တစ်စီးအား တွေ့ရစဥ်။ဓာတ်ပုံ-CJ)
(မုံရွာခရိုင်အတွင်း ဖြတ်သန်းသွားသော စစ်ကောင်စီတပ် ယာဥ်တစ်စီးအား တွေ့ရစဥ်။ဓာတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ မန္တလေးမြို့ဘက်သို့လာသည့် စစ်ကောင်စီတပ် ယာဥ်နှစ်စီးအား မုံရွာနှင့်ချောင်းဦးမြို့နယ်ကြားတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း မုံရွာမြို့နယ်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (People’s Defence Force – South Monywa)က သတင်းထုတ်ပြန်သည်။

ယနေ့(စက်တင်ဘာ ၂၄ ရက်) နံနက် ၄ နာရီခန့်က မုံရွာ – မန္တလေးလမ်းမကြီးပေါ်၊ မုံရွာ-ချောင်းဦးကြား လမ်းပိုင်းတစ်နေရာတွင် မုံရွာဘက်မှ မန္တလေးမြို့ဘက်သို့ သွားသော စစ်ကောင်စီ၏ ယာဥ်ကြီး နှစ်စီးအား မိုင်း၂ လုံးခွဲကာ တိုက်ခိုက်ခဲ့ကြောင်း PDF-South Monywa ၏ ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

အဆိုပါ စစ်ဆင်ရေးအား Farmers Revolution Force – FRFအဖွဲ့နှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယာဥ်၏နောက်ပိုင်းများ ထိသွားသည်ဟု သိရှိရပြီး ထိခိုက်မှုအခြေအနေမသိရသေးကြောင်း PDF-South Monywaက အသိပေးသည်။

ထိုဖြစ်စဥ်နှင့်ပတ်သက်၍ PDF-South Monywaအဖွဲ့ တာဝန်ရှိသူ Daung Karyan က “ဒီနေ့မနက်၄နာရီလောက်က မုံရွာနမခကနေပြီးတော့ ွေးကားအကြီး၂စီးအင်အားအပြည့်နဲ့ထွက်လာကြောင်းသတင်းရရှိတာနဲ့ ကြိုတင်စောင့်ဆိုင်းပြီး မိုင်းအကြီး၂လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါဗျ။”ဟု ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် လူနာတင်ယာဉ်နှင့်သာသနာရေး ယာဥ်များကိုပါ အသုံးပြုသွားလာနေ၍ အဆိုပါယာဥ်များအပါအဝင် မုံရွာ – မန္တလေးလမ်းမကြီးအား အသုံးပြုသွားလာနေကြသော မည်သည့်ယာဥ်မဆို တော်လှန်ရေးအောင်မြင်စွာ ပြီးမြောက်သည့်အချိန်အထိ ကားမှန်များချ၍ သင့်တင့်သောအရှိန်ဖြင့်သာ ဖြတ်သန်းသွားလာ မောင်းနှင်ပေးကြရန် PDF-South Monywaက မေတ္တာရပ်ခံသည်။

ထို့အပြင် သက်ဆိုင်ရာပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းများ၏ လမ်းပိုင်းဆိုင်ရာကြေညာချက်၊ သတိပေးချက်များကိုလည်း မျက်ခြည်မပြတ်ဖတ်၍ အတိအကျ လိုက်နာပေးခြင်းဖြင့် တော်လှန်ရေးတွင် တတပ်တအား ပါဝင်ကူညီပေးကြရန်လည်း PDF-South Monywaက ထပ်ဆင့်မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။