Connect with us

Hi, what are you looking for?

သတင်း

မုံရွာ(နမခ)မှ မန္တလေးဘက်သို့ ထွက်လာသော စစ်ကောင်စီယာဥ်နှစ်စီးအား မိုင်းဆွဲတိုက်ခိုက်

ယနေ့(စက်တင်ဘာ ၂၄ ရက်) နံနက် ၄ နာရီခန့်က မုံရွာ – မန္တလေးလမ်းမကြီးပေါ်၊ မုံရွာ-ချောင်းဦးကြား လမ်းပိုင်းတစ်နေရာတွင် မုံရွာဘက်မှ မန္တလေးမြို့ဘက်သို့ သွားသော စစ်ကောင်စီ၏ ယာဥ်ကြီး နှစ်စီးအား မိုင်း၂ လုံးခွဲကာ တိုက်ခိုက်ခဲ့ကြောင်း PDF-South Monywa ၏ ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

(မုံရွာခရိုင်အတွင်း ဖြတ်သန်းသွားသော စစ်ကောင်စီတပ် ယာဥ်တစ်စီးအား တွေ့ရစဥ်။ဓာတ်ပုံ-CJ)
(မုံရွာခရိုင်အတွင်း ဖြတ်သန်းသွားသော စစ်ကောင်စီတပ် ယာဥ်တစ်စီးအား တွေ့ရစဥ်။ဓာတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ မန္တလေးမြို့ဘက်သို့လာသည့် စစ်ကောင်စီတပ် ယာဥ်နှစ်စီးအား မုံရွာနှင့်ချောင်းဦးမြို့နယ်ကြားတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း မုံရွာမြို့နယ်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (People’s Defence Force – South Monywa)က သတင်းထုတ်ပြန်သည်။

ယနေ့(စက်တင်ဘာ ၂၄ ရက်) နံနက် ၄ နာရီခန့်က မုံရွာ – မန္တလေးလမ်းမကြီးပေါ်၊ မုံရွာ-ချောင်းဦးကြား လမ်းပိုင်းတစ်နေရာတွင် မုံရွာဘက်မှ မန္တလေးမြို့ဘက်သို့ သွားသော စစ်ကောင်စီ၏ ယာဥ်ကြီး နှစ်စီးအား မိုင်း၂ လုံးခွဲကာ တိုက်ခိုက်ခဲ့ကြောင်း PDF-South Monywa ၏ ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

အဆိုပါ စစ်ဆင်ရေးအား Farmers Revolution Force – FRFအဖွဲ့နှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယာဥ်၏နောက်ပိုင်းများ ထိသွားသည်ဟု သိရှိရပြီး ထိခိုက်မှုအခြေအနေမသိရသေးကြောင်း PDF-South Monywaက အသိပေးသည်။

ထိုဖြစ်စဥ်နှင့်ပတ်သက်၍ PDF-South Monywaအဖွဲ့ တာဝန်ရှိသူ Daung Karyan က “ဒီနေ့မနက်၄နာရီလောက်က မုံရွာနမခကနေပြီးတော့ ွေးကားအကြီး၂စီးအင်အားအပြည့်နဲ့ထွက်လာကြောင်းသတင်းရရှိတာနဲ့ ကြိုတင်စောင့်ဆိုင်းပြီး မိုင်းအကြီး၂လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါဗျ။”ဟု ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် လူနာတင်ယာဉ်နှင့်သာသနာရေး ယာဥ်များကိုပါ အသုံးပြုသွားလာနေ၍ အဆိုပါယာဥ်များအပါအဝင် မုံရွာ – မန္တလေးလမ်းမကြီးအား အသုံးပြုသွားလာနေကြသော မည်သည့်ယာဥ်မဆို တော်လှန်ရေးအောင်မြင်စွာ ပြီးမြောက်သည့်အချိန်အထိ ကားမှန်များချ၍ သင့်တင့်သောအရှိန်ဖြင့်သာ ဖြတ်သန်းသွားလာ မောင်းနှင်ပေးကြရန် PDF-South Monywaက မေတ္တာရပ်ခံသည်။

ထို့အပြင် သက်ဆိုင်ရာပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းများ၏ လမ်းပိုင်းဆိုင်ရာကြေညာချက်၊ သတိပေးချက်များကိုလည်း မျက်ခြည်မပြတ်ဖတ်၍ အတိအကျ လိုက်နာပေးခြင်းဖြင့် တော်လှန်ရေးတွင် တတပ်တအား ပါဝင်ကူညီပေးကြရန်လည်း PDF-South Monywaက ထပ်ဆင့်မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

Tiktok အကောင့်တွေ ဖွင့်လိုက်တိုင်း ပျက်ပျက်သွားလို့ စိတ်အနှောင့်အယှက်ကြီးစွာ ကြုံနေရတဲ့ သင်္ကန်းဝတ် ပျူခေါင်းဆောင် ပေါက်ကိုယ်တော်ဟာ ဒီတခါမှာတော့ Tiktok အကောင့်ပျက်တာထက် ဆိုးရွားတဲ့ ခံစားမှုတစ်ခုကို ရရှိနေပုံရပါတယ်။ အဲဒါကတော့ မန္တလေးမှာ သောင်းကျန်းနေတဲ့ သူ့ရဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်ဆက်မသုံးဖို့ ပြင်းပြင်းထန်ထန် တားမြစ်လိုက်တာပါ။

သတင်း

မန္တလေးမြို့မှာ မီးသတ်ကယ်ဆယ်ရေးယာဉ်ရဲ့ စက်သုံးဆီဝယ်ယူခွင့် QR ကို ပွားကာ စက်သုံးဆီ လိမ်လည်ထုတ်ယူသွားကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

Facebook