စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် တိုက်ပွဲတစ်ခုတွင် တစ်ဦးတည်းနောက်ချန်နေရစ်ခဲ့သည့် MBTT တပ်ဖွဲ့ဝင် ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ယမန်နေ့(စက်တင်ဘာ ၂၂ ရက်)က တိုက်ပွဲတစ်ခုတွင် တော်လှန်ရေးညီနောင်ရဲဘော်များ လွတ်မြောက်ရန်အတွက် တစ်ကိုယ်တည်းနောက်ချန်နေခဲ့သော အာဇာနည်ရဲဘော် အသက် (၂၅) နှစ်အရွယ် ထက်ဝေအောင်(ခ) ထက်ကြီးသည် စစ်အာဏာရှင်စနစ်ဆိုးကို တွန်းလှန်တိုက်ခိုက်ရင်း ရှေ့တန်းတစ်နေရာတွင် မြင့်မြတ်စွာကျဆုံးသွားခဲ့ကြောင်း MyaungBoTaukTun(MBTT) Special Forceအဖွဲ့က သတင်းထုတ်ပြန်သည်။

ရဲဘော်ထက်ကြီးသည် စစ်အာဏာရှင်ကိုတော်လှန်ရာ၌ တော်လှန်ရေး၏ အစောဆုံးအပိုင်းမှ စတင်ကာတော်လှန်ပါဝင်ခဲ့သူဖြစ်ပြီး တပ်ဖွဲ့၏ များစွာယုံကြည်အားကိုးရသော တော်လှန်ရေးရဲဘော်တစ်ဦးလည်းဖြစ်ကြောင်း MBTTအဖွဲ့က အသိပေးသည်။
တိုင်းပြည်နှင့်လူမျိုးအတွက် စစ်ကျွန်စနစ်ဆိုးမှ ရုန်းထွက်နိုင်ရန် အသက်စွန့်ကာတိုက်ပွဲဝင်သွားသော ရဲဘော်ထက်ဝေအောင်(ခ)ထက်ကြီးအား အလေးနီပြုအပ်ကြောင်း Myaung BoTaukTun(MBTT) Special Force အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Public Service Announcement
မြောင်နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲများဖြစ်ပွားနေပြီး ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်နေရသည်။


















































