Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တိုက်ပွဲတွင် နောက်ချန်နေရစ်ခဲ့သည့် မြောင်နယ်က ရဲဘော်တစ်ဦးကျဆုံး

မြောင်နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲများဖြစ်ပွားနေပြီး ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်နေရသည်။

ကျဆုံးခဲ့သော တပ်ဖွဲ့ဝင်ရဲဘော်အား တွေ့ရစဥ်၊ဓာတ်ပုံ - MBTT
ကျဆုံးခဲ့သော တပ်ဖွဲ့ဝင်ရဲဘော်အား တွေ့ရစဥ်၊ဓာတ်ပုံ - MBTT

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် တိုက်ပွဲတစ်ခုတွင် တစ်ဦးတည်းနောက်ချန်နေရစ်ခဲ့သည့် MBTT တပ်ဖွဲ့ဝင် ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့(စက်တင်ဘာ ၂၂ ရက်)က တိုက်ပွဲတစ်ခုတွင် တော်လှန်ရေးညီနောင်ရဲဘော်များ လွတ်မြောက်ရန်အတွက် တစ်ကိုယ်တည်းနောက်ချန်နေခဲ့သော အာဇာနည်ရဲဘော် အသက် (၂၅) နှစ်အရွယ် ထက်ဝေအောင်(ခ) ထက်ကြီးသည် စစ်အာဏာရှင်စနစ်ဆိုးကို တွန်းလှန်တိုက်ခိုက်ရင်း ရှေ့တန်းတစ်နေရာတွင် မြင့်မြတ်စွာကျဆုံးသွားခဲ့ကြောင်း MyaungBoTaukTun(MBTT) Special Forceအဖွဲ့က သတင်းထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

ရဲဘော်ထက်ကြီးသည် စစ်အာဏာရှင်ကိုတော်လှန်ရာ၌ တော်လှန်ရေး၏ အစောဆုံးအပိုင်းမှ စတင်ကာတော်လှန်ပါဝင်ခဲ့သူဖြစ်ပြီး တပ်ဖွဲ့၏ များစွာယုံကြည်အားကိုးရသော တော်လှန်ရေးရဲဘော်တစ်ဦးလည်းဖြစ်ကြောင်း MBTTအဖွဲ့က အသိပေးသည်။

တိုင်းပြည်နှင့်လူမျိုးအတွက် စစ်ကျွန်စနစ်ဆိုးမှ ရုန်းထွက်နိုင်ရန် အသက်စွန့်ကာတိုက်ပွဲဝင်သွားသော ရဲဘော်ထက်ဝေအောင်(ခ)ထက်ကြီးအား အလေးနီပြုအပ်ကြောင်း Myaung BoTaukTun(MBTT) Special Force အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

မြောင်နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲများဖြစ်ပွားနေပြီး ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်ကမူ မြဝတီမြို့ပြင်ရှိ KNU၏ KNLA ဦးဆောင်သည့် ပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)ကို ဧပြီ ၁၁ ရက်နောက်ပိုင်း လေကြောင်းမှ တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးများချကာ အနည်းဆုံး နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်။

သတင်း

မြန်မာနိုင်ငံမှာ နိုင်ငံသားတွေ၊ အာဆီယံ အဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံခြားသားတွေ အားလုံးရဲ့ လုံခြုံဘေးကင်းရေးကို အလေးထား ဆောင်ရွက်ပေးဖို့ကလည်း အထူးအရေးပါတဲ့ တောင်းဆိုမှု တစ်ခုလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

သတင်း

ကော့ကရိတ်မြို့မြောက်ပိုင်း၌ နေရာယူထားသော ကျားဖြူစစ်ကြောင်းရှိရာသို့ စစ်ကောင်စီတပ်က တိုးဝင်လာ၍ တိုက်ပွဲစတင်ဖြစ်ခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီက လေကြောင်းမှ အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်နေသည်ဟု ၎င်းက ပြောသည်။

သတင်း

ဒုတိယဗိုလ်မှူးကြီးနိုင်နိုင်ဝင်းသည် ယခုရက်ပိုင်းဖြစ်ပွားနေသည့် ကော့ကရိတ် - မြဝတီအာရှလမ်းတိုက်ပွဲ၌ KNLAနှင့် PDF ပူးပေါင်းတပ်ဖွဲ့၏တိုက်ခိုက်မှုကြောင့် သေဆုံးသွားခြင်းဖြစ်နိုင်ကြောင်း ကော့ကရိတ်ရှိ စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။