Connect with us

Hi, what are you looking for?

သတင်း

သန်လျင်နည်းပညာတက္ကသိုလ်ဝင်းအတွင်းရှိ စစ်ကောင်စီတပ်ကို ရန်ကုန် UG နှစ်ဖွဲ့ပူးပေါင်းတိုက်ခိုက်

အထက်ပါတိုက်ခိုက်မှုကို သန်လျင်မြေအောက်ပြောက်ကျားတပ်ဖွဲ့နှင့် ရန်ကုန်မြို့ပြပြောက်ကျား တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

သန်လျင်နည်းပညာတက္ကသိုလ်ဝင်းအတွင်းရှိ စစ်ကောင်စီတပ်ကို ရန်ကုန် UG နှစ်ဖွဲ့ပူးပေါင်းတိုက်ခိုက်
သန်လျင်နည်းပညာတက္ကသိုလ်ဝင်းအတွင်းရှိ စစ်ကောင်စီတပ်ကို ရန်ကုန် UG နှစ်ဖွဲ့ပူးပေါင်းတိုက်ခိုက်

စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအပါအဝင် နှစ်ဦးသေဟုဆို

ရန်ကုန်တိုင်း သန်လျင်မြို့နယ်ရှိ နည်းပညာတက္ကသိုလ်ဝင်းအတွင်းတပ်စွဲထားသည့် စစ်အုပ်စုကို ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့(YPDF)က ထုတ်ပြန်သည်။

အဆိုပါတိုက်ခိုက်မှုကို ယမန်နေ့(စက်တင်ဘာ ၂၆ ရက်) ည ၉ နာရီခွဲခန့်က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဖောက်ခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးခဲ့ရာ သုံးပွင့်ဖြင့်အရာရှိတစ်ဦးပါဝင်ကြောင်းလည်း ဖော်ပြသည်။

“မျက်မြင်တွင် နှစ်ဦးသေဆုံးပြီး၊ လေးဦးခန့်‌‌ သေဆုံးနိုင်ပါသည်။ ဒဏ်ရာအများအပြားရနိုင်၊ စခ အမျာအပြားဆုံးရှုံးမှုရှိပါ၍ ယနေ့တွင် ထိုနေရာအနီးတစ်ဝိုက်၌ စခများရမ်းကားနိုင်ခြေရှိပါသောကြောင့် ပြည်သူများသတိထားရှောင်ရှားနိုင်ကြပါရန် အသိပေးထုတ်ပြန်လိုက်သည်”ဟု YPDF ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အထက်ပါတိုက်ခိုက်မှုကို သန်လျင်မြေအောက်ပြောက်ကျားတပ်ဖွဲ့နှင့် ရန်ကုန်မြို့ပြပြောက်ကျား တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့လယ်ခေါင်ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာ ဒီကနေ့ (စက်တင်ဘာ ၁၉)ညမှာအမျိုးသားတစ်ဦး မူးယစ်ဆေးသုံးစွဲပြီး ကားကိုမောင်းနှင်တာမှာ လမ်း​ပေါ်ရှိတဲ့ ကား​တွေကို လိုက်လံတိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ဒေသခံပြည်သူတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ စားအုန်းဆီဈေးတွေ သတ်မှတ်ဈေးထက် ၂ဆလောက် မြင့်တက်နေပြီး ရပ်ကွက်တွေမှာလည်း စာအုန်းဆီ ခွဲတမ်းဝယ်ယူရတာ ပိုခက်ခဲလာတယ်လို့ ဒေသခံတွေက‌ ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဒီနေ့(စက်တင်ဘာ၁၄) နေ့လည်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်လေးခုမှာသစ်ပင်လဲကျတဲ့ ဖြစ်စဉ်တွေဖြစ်ခဲ့ပြီး လမ်းပိတ်မှုတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။