Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်၏ ဘုရားတောင်စခန်းကို KNLA တပ်ဝင်သိမ်း

ယင်းကဲ့သို့ တိုက်ခိုက်ရာတွင် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိပြီး လက်နက်အကြီးအသေး (၁၁)လက် သိမ်းပိုက်ရရှိခဲ့သည်ဟု ကေအဲန်ယူပြောခွင့်ရသူ ပဒိုစောတောနီးက အတည်ပြုပြောကြားသည်။

စစ်ကောင်စီတပ်၏ ဘုရားတောင်စခန်းကို KNLA တပ်ဝင်သိမ်း
စစ်ကောင်စီတပ်၏ ဘုရားတောင်စခန်းကို KNLA တပ်ဝင်သိမ်း

ဒူးပလာယာခရိုင် နို့တကောမြို့နယ်အတွင်းမှာရှိသည့် စစ်ကောင်စီ၏ ဘုရားတောင်စခန်းကုန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)တပ်ဖွဲ့က ယနေ့နံနက်ပိုင်းက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ယင်းကဲ့သို့ တိုက်ခိုက်ရာတွင် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိပြီး လက်နက်အကြီးအသေး (၁၁)လက် သိမ်းပိုက်ရရှိခဲ့သည်ဟု ကေအဲန်ယူပြောခွင့်ရသူ ပဒိုစောတောနီးက အတည်ပြုပြောကြားသည်။

ကေအဲန်ယူ-ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေ ဘုရားသုံးဆူမြို့အနီးမှာရှိသည့် စစ်ကောင်စီ၏ဘုရားတောင်စခန်းကုန်းကို KNLA တပ်ဖွဲ့က ယနေ့စက်တင်ဘာလ(၂၈)ရက် နံနက်(၆)နာရီအချိန်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး တိုက်ပွဲကြာချိန်မှာ တစ်နာရီကျော်သာကြာမြင့်သည်ဟု ပဒိုစောတောနီးက ပြောသည်။

Public Service Announcement
Public Service Announcement

“ကျွန်တော်ရတဲ့သတင်းက (၉) ယောက်သေတယ်။ လက်နက်ကြီးအသေးက ၁၁ လက် KNLAဘက်ရသွားတယ်နော်။ ရန်သူဘက်အင်အားကလည်း သိပ်မရှိဘူးလို့ပြောတယ်။ တချို့တွေက (၁၃)ယောက်လို့ပဲပြောတယ်ဆိုပေမယ့် တချို့ကျတော့လည်း (၁၀)ပတ်ဝန်းကျင်အဲ့လောက်ပဲပြောတယ်။ လူသိပ်မရှိဘူးလို့ပြောတယ်နော်။ ဒီစခန်းတွေကတော့ သူတို့လုပ်လေ့လုပ်ထရှိတဲ့အတိုင်းပါပဲ လူထုကိုဒုက္ခပေးတာပဲ မေးလားစမ်းလားနှောင့်ယှက်ပေးတာတောက်လျှောက်ပဲလေ”ဟု ပဒိုစောတောနီးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ၏ဘုရားတောင်စခန်းကုန်းကို KNLA တပ်ဖွဲ့များက တက်ရောက်သိမ်းပိုက်စဉ်အတွင်း ဘုရားသုံးဆူမြို့အခြေစိုက် စစ်ကောင်စီ၏ နဂါးတောင်လက်နက်ကြီးကုန်းမှ လက်နက်ကြီးများဖြင့်ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သည်ဟု ဒေသခံများထံမှသိရပါသည်။

ပြီးခဲ့သည့် စက်တင်ဘာလ(၂၀)ရက်နေ့ကလည်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေအတွင်းတွင်ရှိသည့် စစ်ကောင်စီ၏ကြိတ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ခုနှစ်ဦးသေဆုံးနှင့် နှစ်ဦးဒဏ်ရာနှင့်အရှင်ဖမ်းဆီးရမိခဲ့ကာ လက်နက်မျိုးစုံ(၁၄)လက်ထက်မနည်း ရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ခမရ(၅၅၇)တပ်သား ၂ဦး လက်နက် ၃လက်ယူလာပြီး အလင်းဝင်လာ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက်ခြမ်းက ဖလူးဒေသတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်က အထိနာလျက်ရှိပြီး အရာရှိတွေအပါအဝင် သေဆုံးထိခိုက်များပြားနေသလို လက်နက်ခဲယမ်းတွေ သိမ်းရတာရှိကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၂၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောမူးဂေက ပြောပါတယ်။