Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးအခြေစိုက် ဒရုန်းအဖွဲ့ (၇)ဖွဲ့ ရန်ပုံငွေနည်းလာ၍ စစ်ဆင်ရေးယာယီရပ်နားမည်ဟုပြော

အဆိုပါဒရုန်းတပ်ဖွဲ့များသည် စက်တင်ဘာအတွင်း၌ပင် ရွှေဘိုနှင့်ခင်ဦးမြို့နယ်များရှိ စစ်ကောင်စီတပ်နှင့်ပျူ တပ်စွဲရာကျေးရွာများ၊ စစ်ကောင်စီစစ်ကြောင်းများ၊ စစ်ဆေးရေးဂိတ်များအား ဒရုန်းဖြင့် ဗုံးချ တိုက်ခိုက်ခဲ့သေးသည်။

(ခင်ဦးအခြေစိုက်တပ်ဖွဲ့များ၏ ဒရုန်းစစ်ဆင်ရေးတစ်ခုပြုလုပ်နေစဉ်)
(ခင်ဦးအခြေစိုက်တပ်ဖွဲ့များ၏ ဒရုန်းစစ်ဆင်ရေးတစ်ခုပြုလုပ်နေစဉ်)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အခြေစိုက် ဒရုန်းတပ်ဖွဲ့ (၇)ဖွဲ့သည် ရန်ပုံငွေနည်းပါးလာ၍ စစ်ဆင်ရေးယာယီရပ်နားထားမည်ဟု DUGF(KU Dragon)အဖွဲ့က ထုတ်ပြန်သည်။

ခင်ဦးမြို့နယ် အခြေစိုက် Drone တပ်ဖွဲ့များဖြစ် သော DUGF(KU Dragon)၊ Wolf Guerrilla(Ye-U)၊NAA-DF၊ Burmese Revolution Youth (BRY)၊ FIRE DRAGON (Khin-U) ၊Northern Tigers Group (NTG)နှင့် FUTURE HERO စသည့် ဒရုန်းအဖွဲ့များသည် ပျက်စီး ဆုံးရှုံးမှုများပြားလာ၍ တိုက်ပွဲဝင်ရန် ရန်ပုံငွေအခက်အခဲကြောင့်ဟုဆိုကာ ယာယီ ရပ်နားထားမည်ဖြစ်ကြောင်း DUGF(KU Dragon)အဖွဲ့က အသိပေးသည်။

မဟာမိတ်တပ်ဖွဲ့များသည် တော်လှန်ရေးအစောပိုင်းကာလတွင် စစ်ကားများမလာနိုင်ရန် ဓားတစ် ချောင်းဖြင့် သစ်ပင်လှဲသည့်အချိန်မှသည် ယနေ့အချိန်ထိ တစ်ထောင့်တစ်နေရာမှ ပါဝင်ခဲ့ကြောင်း ၎င်းအဖွဲ့များက ပြောသည်။

ထို့အပြင် တိုက်ပွဲပေါင်း ၁၀၆ကြိမ်တိုက်ခိုက်ခဲ့ပြီး ကာလတန်ဖိုး သိန်း ၃၇၀ ခန့်တန်သည့် ဒရုန်း ၁၁စီး ဆုံးရှုံးခြင်း၊ Air bomb ၁၇၀ လုံးအတွက် ၁၂၃သိန်း၊ Air Drop အတွက် ကုန်ကျငွေ ၂၈ သိန်းတိတိ ကုန်ကျခဲ့ပြီး တိုက်ပွဲတစ်ပွဲသွားလျှင် ဆိုင်ကယ်ဆီဖိုးနှင့်အတူ ကုန်ကျငွေ လေးသိန်းနှင့် ငါးသိန်းကြားရှိကြောင်း DUGF(KU Dragon)အဖွဲ့က အသိပေးခဲ့သည်။

Public Service Announcement

Public Service Announcement

အဆိုပါဒရုန်းတပ်ဖွဲ့များသည် စက်တင်ဘာအတွင်း၌ပင် ရွှေဘိုနှင့်ခင်ဦးမြို့နယ်များရှိ စစ်ကောင်စီတပ်နှင့်ပျူ တပ်စွဲရာကျေးရွာများ၊ စစ်ကောင်စီစစ်ကြောင်းများ၊ စစ်ဆေးရေးဂိတ်များအား ဒရုန်းဖြင့် ဗုံးချ တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။

နိုင်ငံတကာ

လက်တုံ့ပြန်တဲ့ အနေနဲ့ အီရန်ဟာ ပင်လယ်ကွေ့ ဒေသတွင်း နိုင်ငံတချို့မှာရှိတဲ့ အမေရိကန် စစ်စခန်းတွေကို တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ ဒရုန်းတွေနဲ့ ရေဒါစခန်းတွေကို တိုက်ခိုက်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရန်လိုတိုက်ခိုက်လာတဲ့ ဒရုန်းနဲ့ ဒုံးကျည်တွေကို အောင်အောင်မြင်မြင် ကြားဖြတ် ဟန့်တားနိုင်ခဲ့ကြောင်း ကူဝိတ်စစ်တပ်က ကြေညာခဲ့ပါတယ်။