Connect with us

Hi, what are you looking for?

သတင်း

အချုပ်ကားကို မြို့ပြပြောက်ကျားအဖွဲ့စောင့်ကြိုတိုက်ခိုက်ပြီး နိုင်ကျဉ်းတွေကို ကယ်ထုတ်

တိုက်ခိုက်မှုအပြီး နိုင်ကျဉ်း ၈ ဦးထွက်ပြေးခဲ့ပေမယ့် ၆ ဦးပြန်ဖမ်းခံရကာ ၂ ဦးကိုသာလုံခြုံတဲ့နေရာဆီပို့ဆောင်ပေးလိုက်နိုင်တယ်လို့Truth Keeping Force – Amarapura ဆိုပါတယ်။

စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ရဲ့အချုပ်ကားကိုတွေ့ရစဉ် (ပုံဟောင်း) ဓာတ်ပုံ − ရိုက်တာ
စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ရဲ့အချုပ်ကားကိုတွေ့ရစဉ် (ပုံဟောင်း) ဓာတ်ပုံ − ရိုက်တာ

မန္တလေး၊ အမရပူရမြို့နယ် အတွင်း နိုင်ငံရေးအကျဉ်းသားတွေကို တင်ဆောင်လာတဲ့ အချုပ်ကားကို မြို့ပြပြောက်ကျားအဖွဲ့က တိုက်ခိုက်ပြီး နိုင်ငံရေးအကျဉ်းသား ၂ ဦးကို ကယ်ထုတ်သွားခဲ့တယ်လို့တိုက်ခိုက်မှုကိုလုပ်ဆောင်ခဲ့တဲ့ Truth Keeping Force – Amarapura ကသတင်းထုတ်ပြန်ပါတယ်။

ဒီနေ့မနက်ပိုင်း ၉ နာရီခန့်က မြစ်ငယ်တံတားအနီးအချုပ်ကားကိုစောင့်ကြိုတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။

အချုပ်ကားပေါ်မှာလုံခြုံရေးလိုက်ပါလာတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေနဲ့အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ပြီး ရဲ ၂ ဦးသေကာ နိုင်ကျဉ်း ၁ ဦးဒဏ်ရာရသွားတယ်လို့ ထုတ်ပြန်ချက်မှာတွေ့ရပါတယ်။

တိုက်ခိုက်မှုအပြီး နိုင်ကျဉ်း ၈ ဦးထွက်ပြေးခဲ့ပေမယ့် ၆ ဦးပြန်ဖမ်းခံရကာ ၂ ဦးကိုသာလုံခြုံတဲ့နေရာဆီပို့ဆောင်ပေးလိုက်နိုင်တယ်လို့Truth Keeping Force – Amarapura ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ပြန်လည်ဖမ်းဆီးခံလိုက်ရတဲ့ နိုင်ကျဉ်း ၆ ဦးကို နှိပ်စက်ညှင်းပန်းပြီး စစ်အုပ်စုက လက်စဖျောက်လိုက်မှာကိုစိုးရိမ်ရတယ်လို့ လည်း ပြောထားပါတယ်။

အချုပ်ကားဟာ ကျောက်ဆည်ရဲစခန်းအချုပ်မှာ ချုပ်နှောင်ထားတဲ့ နိုင်ကျဉ်း ၈ ဦးကို အိုးဘိုထောင်ဆီ ရွှေ့ဖို့သယ်ဆောင်လာတဲ့ကားလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့က ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဒိန်းဒေါင်(ခ)ဦးစိုးမိုးနိုင်ဟာ ဒီကနေ့မနက်မှာမြင်းခြံအကျဉ်းထောင်မှာ ကွယ်လွန်သွားတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။

သတင်း

အကျဉ်းထောင် ၁၃ခုမှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေဆီကနေ ငွေကြေး မတရားခေါင်းပုံဖြတ်တာနဲ့ ဆေးဝါးပေးပို့မှု ပိတ်ပင်ကန့်သတ်တာတွေ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်လုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

သြစ​တြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီက​နေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook