Connect with us

Hi, what are you looking for?

သတင်း

အမရပူရမြို့နယ်ရှိ စစ်ကောင်စီအုပ်ချုပ်ရေးမှူးရုံးတစ်ရုံးကို ဖောက်ခွဲတိုက်ခိုက်

လက်ရှိတွင် ဒဏ်ရာရခဲ့သောရဲဘော်များ စိတ်ချလုံခြုံသည့်နေရာသို့ ရောက်ရှိပြီဖြစ်ကာ ဆေးကုသမှုခံယူလျှက်ရှိကြောင်း TKF-AMA က အသိပေးထုတ်ပြန်ထားသည်။

(အမရပူရမြို့နယ်မှ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့စခန်းတစ်ခုအား တွေ့ရစဥ်၊ဓာတ်ပုံ - CJ)
(အမရပူရမြို့နယ်မှ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့စခန်းတစ်ခုအား တွေ့ရစဥ်၊ဓာတ်ပုံ - CJ)

▪️မိုင်းမတော်တဆဖြစ်ပြီး UG ရဲဘော်နှစ်ဦးဒဏ်ရာရ

မန္တလေးတိုင်း အမရပူရမြို့နယ် ဆင်စွယ်ပွတ်ရပ်ကွက်မှ စစ်ကောင်စီအုပ်ချုပ်ရေးမှူးရုံးတစ်ရုံးကို ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Truth Keeping Force – Amarapura(TKF-AMA)က ယနေ့(စက်တင်ဘာ ၅) ထုတ်ပြန်သည်။

အဆိုပါတိုက်ခိုက်မှုကို ယမန်နေ့ (စက်တင်ဘာ ၄ ရက်) နေ့လယ် ၃ နာရီဝန်းကျင်ခန့်က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယင်းတိုက်ခိုက်မှုတွင် မိုင်းမတော်တဆဖြစ်ကာ TKF-AMA မှ တော်လှန်ရေးရဲဘော်နှစ်ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရခဲ့ကြောင်း ဖော်ပြသည်။

“အရေးပေါ်အခြေနေတွင် အဖက်ဖက်မှ ကူညီပေးခဲ့သောမိဘပြည်သူများနှင့် တော်လှန်ရေးရဲဘော်များအား TKF-AMA မှ အထူးပင်ကျေးဇူးတင်ရှိပါ သည်”ဟု ထုတ်ပြန်ချက်က ဆိုသည်။

Public Service Announcement
Public Service Announcement

ယခုအချိန်တွင် စိတ်ချရသောအခြေနေသို့ ရောက်ရှိနေပြီဖြစ်ပြီး နောက်နောင်တွင် ပိုမိုထိရောက်သောလုပ်ဆောင် ချက်များနှင့် ဆက်လက်တော်လှန်သွားမည်ဖြစ်ကြောင်း TKF-AMA က အသိပေးသည်။

Public Service Announcement

Public Service Announcement

အထက်ပါတိုက်ခိုက်မှုတွင် ဆင်စွယ်ပွတ်ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးရုံးမှ မှန်တံခါးများကွဲသွားပြီး ရုံးအဆောက်အအုံ ထိခိုက်ပျက်စီးမှုအနည်းငယ်ရှိခဲ့ကာ လူထိခိုက်မှုရှိ၊မရှိ မသိရသေးပေ။

လက်ရှိတွင် ဒဏ်ရာရခဲ့သောရဲဘော်များ စိတ်ချလုံခြုံသည့်နေရာသို့ ရောက်ရှိပြီဖြစ်ကာ ဆေးကုသမှုခံယူလျှက်ရှိကြောင်း TKF-AMA က အသိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ခန့်အုပ်ချုပ်​ရေးမှူးကဦး​ဆောင်ပျူအဖွဲ့ ဖွဲ့ထားချိန်ယခုဖြစ်စဥ်ဖြစ်ခဲ့ဟုဒေသခံအချို့​ပြော

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook