Connect with us

Hi, what are you looking for?

သတင်း

ငါန်းဇွန်တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦးကို ရှင်းလင်း

ငါန်းဇွန်မြို့နယ်အတွင်း ည ၇နာရီမှ နောက်တစ် နေ့နံနက် ၆ နာရီအတွင်း အပြင်ထွက်သွားလာခြင်းမပြုရန် မဟာမိတ်အဖွဲ့များက သတိပေးထားသည်။

ငါန်းဇွန်တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦးကို ရှင်းလင်း
ငါန်းဇွန်တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦးကို ရှင်းလင်း

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦးအား သုတ်သင်ရှင်းလင်းခဲ့ကြောင်း ဒေသတွင်းအခြေစို​က်ပြောက်ကျားတပ်ဖွဲ့များက ထုတ်ပြန်သည်။

ယမန်နေ့ (အောက်တိုဘာ၂ ရက်) နံနက် ၁၀နာရီ ၁၀ မိနစ်ခန့်က ငါန်းဇွန်မြို့နယ်၊ ညောင်ပင်ရိုးကျေးရွာ၏ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး၊ ပြည်ခိုင်ဖြိုး ဥက္ကဌဟောင်း ဦးလှမြင့်ဆိုသူအားမဟာမိတ် ညီနောင် လေးဖွဲ့ ပူးပေါင်းကာ ရှင်းလင်းခဲ့ကြောင်း နောင်ရိုးအထူးပြောက်ကျားတပ်- NYSGF က အသိပေးသည်။

နောင်တွင် ပြည်သူ့အကျိုးစီးပွား နှောင့်ယှက်ဖျက်ဆီးသူများကို မဟာမိတ်အဖွဲ့များက ရှင်းလင်းသွားမည်ဖြစ်ကြောင်း မာန်စွယ်ကျား ပြည်သူ့ကာကွယ်ရေး အထူးပြောက်ကျားတပ်ဖွဲ့က သတိပေးသည်။

Public Service Announcement
Public Service Announcement

ထိုဖြစ်စဥ်အား နောင်ရိုးအထူးပြောက်ကျားတပ်-NYSGF နှင့် မာန်စွယ်ကျားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မီးနဂါး NZN Revolution Force၊ One ပြောက်ကျားအဖွဲ့ မဟာမိတ် ညီနောင်၄ဖွဲ့ ပူးပေါင်း၍ ရှင်းလင်းရေး လုပ်ဆောင်ခဲ့ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ဖြစ်စဥ်နှင့်ပတ်သက်၍ နောင်ရိုးအထူးပြောက်ကျားတပ်- NYSGF ပြန်ကြားရေးတာဝန်ခံက “ညောင်ပင်ရိုး အုပ်ကြီးက စကစခန့်ထားတဲ့လက်ရှိ ရပ်ကျေးအုပ်ချုပ်ရေးမှုးပါ။ အာဏာမသိမ်းခင်ကာလတုန်းကလည်း ကြံဖွတ်ပါတီရဲ့ ဥက္ကဌ ဖြစ်ခဲ့ပါတယ်။အခု ငါန်းဇွန်နယ်မှာ စခတွေ အင်အားတိုးပြီး ရွာတိုင်းမှာရှိတဲ့ပြည်သူတွေကို ဖမ်းဆီးသက်ဖြတ်တာတွေ နေ့စဥ်နှင့်အမျှဖြစ်နေပါတယ်။ ညောင်ပင်ရိုးအုပ်ကြီးကလည်း စခတွေနဲ့ပေါင်းပြီး ပြည်သူလူထုအပေါ် စော်ကားသက်ဖြတ်တာတွေ ရမ်းကားခြိမ်းခြောက်တာတွေ လုပ်ဆောင်နေပါတယ်။ သူ့ကြောင့် ပြည်သူတော်တော်များများ ထွက်ပြေးတိမ်းရှောင်ရတာတွေ အသက်ပေးဆပ်ရတာတွေ ရှိလာပါတယ်။ အဲဒါကြောင့် မျက်စိနောက်လာလို့ ငရဲပြည် ဒိုးခိုင်းလိုက်တာပါ။”ဟု ပြောသည်။

ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်များ၊ ပျူစောထီးများနှင့် အနီးကပ်နေထိုင်ခြင်းမပြုကြရန် မဟာမိတ်အဖွဲ့များက မေတ္တာရပ်ခံထားသည်။

ငါန်းဇွန်မြို့နယ်အတွင်း ည ၇နာရီမှ နောက်တစ် နေ့နံနက် ၆ နာရီအတွင်း အပြင်ထွက်သွားလာခြင်းမပြုရန် မဟာမိတ်အဖွဲ့များက သတိပေးထားသည်။

ငါန်းဇွန်မြို့နယ်သည် စစ်ကောင်စီတပ်အား ခုခံတော်လှန်မှုအားကောင်းနေသည့် တောင်ဘက်တွင်မြင်းခြံမြို့နယ်၊ အနောက်ဘက် ဧရာဝတီမြစ်တစ်ဖက်ကမ်း မြင်းမူမြို့နယ်တို့နှင့် နီးကပ်စွာတည်ရှိနေပြီး ယခင်လပိုင်းအတွင်းကလည်း ကျွန်းပေါ်ကျေးရွာအချို့၌ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဖို့ လူငယ်တွေအမြန်ပို့ဖို့ တောင်းခံပြီးနောက် စစ်မှုထမ်း လူစုပေးနေတဲ့ အုပ်ချုပ်ရေးမှူးနဲ့ညီဖြစ်သူတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။