Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်း လဝကရုံး ဗုံးဖြင့်တိုက်ခိုက်ခံရ၊ အစောင့်စစ်သားနှစ်ဦးဗုံးထိမှန်ဒဏ်ရာရဟုဆို

အဆိုပါ ဗုံးပေါက်ကွဲပြီးနောက် စစ်ကိုင်းမြို့တွင်းရှိ ရွှေမင်းဝံပန်းခြံအနီးတွင် စစ်ကောင်စီတပ်များက လမ်းသွားလမ်းလာများအား အကြမ်းဖက်စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်ကိုင်း လဝကရုံး ဗုံးဖြင့်တိုက်ခိုက်ခံရ၊ အစောင့်စစ်သားနှစ်ဦးဗုံးထိမှန်ဒဏ်ရာရဟုဆို
စစ်ကိုင်း လဝကရုံး ဗုံးဖြင့်တိုက်ခိုက်ခံရ၊ အစောင့်စစ်သားနှစ်ဦးဗုံးထိမှန်ဒဏ်ရာရဟုဆို

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ရှိ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန(လဝက)ရုံးအား ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး အစောင့်စစ်သားနှစ်ဦး ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း The People’s Dictaorship Revolutionary Force-PDRFအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အောက်တိုဘာ ၄ ရက် နံနက် ၁၁နာရီ ၁၀ မိနစ်ခန့်က စစ်ကိုင်းမြို့ ပါရမီရပ်ကွက်ရှိ လဝကရုံးအား ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့တိုက်ခိုက်ရာတွင် ရုံးစောင့်စစ်သားနှစ်ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး နှစ်ဦးလုံး အသက်အန္တရာယ်ထိခိုက်နိုင်သည့်အခြေအနေသို့ ရောက်နေကြောင်း PDRF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

လဝကရုံးဝန်ထမ်းအချို့လည်း ထိခိုက်ဒဏ်ရာများရရှိသွားသည်ဟုသိရကြောင်း PDRF ကဆိုသည်။

“ပစ်လိုက်တာက နှစ်လုံးတစ်ပြိုင်နက်ဆိုတော့ ပျက်စီးမှုက ပြင်းတယ်။ ရုံးစောင့်က အများကြီးတော့ချပေးမထားဘူးဗျ။ လဝကရုံးကို ကျွန်တော်တို့ PDF ရဲဘော်တွေ ဗုံးခွဲတိုက်ခိုက်ခဲ့တာ။ အရင်က ထွေအုပ်ရုံးနဲ့ စည်ပင်ရုံးခွဲတာထက်ကို ပိုခက်ခဲတယ်”ဟု PDRF အဖွဲ့တာဝန်ခံ ဗိုလ် MUက ပြောသည်။

Public Service Announcement

Public Service Announcement

မစ်ရှင်များလုပ်ဆောင်ရာတွင် ပြည်သူများရှိနေခြင်းကြောင့် ပြန်ဆုတ်ခွာရသည့် ဖြစ်စဥ်များလည်း အကြိမ်ကြိမ်ရှိကြောင်း ၎င်းက ဆိုသည်။

” မိဘပြည်သူတွေကို တစ်ခုမှာချင်တာက စကစ တပ်ဖွဲ့တွေရှိတဲ့နေရာတွေနဲ့ အဝေးဆုံးနေဖို့ပဲ။ ကျွန်တော်တို့ စကစ တပ်ဖွဲ့တွေကို တိုက်ခိုက်ချင်ပေမဲ့ ပြည်သူတွေရှိတာကြောင့်အခွင့်မသာခဲ့ဘူးဗျ။ ထို့ကြောင့် ပြည်သူများကို စကစတပ်ဖွဲ့တွေနဲ့ နီးရာတွေမှာမနေဖို့ တောင်းဆိုပါတယ်။”ဟု ဗိုလ်MUက ပြောသည်။

ထို့အပြင် စစ်ဆင်ရေးများကို အလျဥ်းသင့်သလိုလုပ်ဆောင်မည်​ဖြစ်၍ ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်စွဲရာနေရာများ၊ ၎င်းတို့စစ်ဆေးစောင့်ကျပ်နေသောနေရာများအား ရှောင်ရှားကြရန် PDRF က သတိပေးသည်။

“အသံတော့ကြားလိုက်တယ်။ လဝကရုံးကွဲတယ်လို့ပြောတယ်။”ဟု စစ်ကိုင်းမြို့ခံတစ်ဦးက ပြောသည်။

အဆိုပါ ဗုံးပေါက်ကွဲပြီးနောက် စစ်ကိုင်းမြို့တွင်းရှိ ရွှေမင်းဝံပန်းခြံအနီးတွင် စစ်ကောင်စီတပ်များက လမ်းသွားလမ်းလာများအား အကြမ်းဖက်စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီး ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ဟာ စစ်သားတွေရဲ့ အသက်ကိုစတေးပြီး အသေခံ စစ်ဗျူဟာ အသုံးပြုနေတာဖြစ်လို့ အသုံးချခံနေရတဲ့ စစ်သည်တွေအနေနဲ့ ကိုယ့်ဘ၀ ကိုယ်ကယ်ဆယ်ကြဖို့ လိုအပ်ကြောင်း ပြည်သူ့ပန်းတိုင်က တိုက်တွန်းလိုက်ပါတယ်။

သတင်း

စစ်တပ်အာဏာသိမ်းလိုက်ခြင်းကြောင့် စစ်သားတွေ ပိုပင်ပန်းတော့မယ် ပိုအလုပ်ရှုပ်တော့မယ်ဆိုတာ ခံစားခဲ့ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲ့ စစ်သုံ့ပန်းဖြစ်နေတဲ့ ဗိုလ်မှူး အောင်ဖြိုးဝေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

Facebook