Connect with us

Hi, what are you looking for?

သတင်း

မြန်မာစစ်တပ်၏ လက်နက်ပွဲစားများကိုချက်ချင်းအရေးယူပိတ်ဆို့ရန် EU ကို JFM တောင်းဆို

JFM သည် စစ်အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း မြန်မာစစ်တပ်ကို ငွေကြေး၊ လက်နက်များကို အထောက်အပံ့ပြုနေသည့် ကုမ္ပဏီ ၃၁ ခုကို အရေးယူပိတ်ဆို့ရန် ဖော်ထုတ်ထားသည်။

မြန်မာစစ်တပ်၏ လက်နက်ပွဲစားများကိုချက်ချင်းအရေးယူပိတ်ဆို့ရန် EU ကို JFM တောင်းဆို
မြန်မာစစ်တပ်၏ လက်နက်ပွဲစားများကိုချက်ချင်းအရေးယူပိတ်ဆို့ရန် EU ကို JFM တောင်းဆို

ဥရောပသမဂ္ဂ(EU)သည် မြန်မာစစ်တပ်၏ လက်နက်ပွဲစားများကို ချက်ချင်းအရေးယူပိတ်ဆို့ရန် Justice For Myanmar က တောင်းဆိုလိုက်သည်။

မြန်မာနိုင်ငံအပေါ် အီးယူ၏ နောက်ဆုံးအကြိမ်အရေးယူပိတ်ဆို့မှုမှာ ၇ လကျော်ရှိလာခဲ့ပြီး တရားမဝင်စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရက်များသည် ဆင်ခြင်မှုမရှိသော လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများ၊ နိုင်ငံရေးအကျဥ်းသားများကို ကွပ်မျက်မှုများနှင့် ကျောင်းသားကလေးငယ်များကို သတ်ဖြတ်ခြင်းတို့ကို ပိုမိုပြင်းထန်စွာလုပ်ဆောင်လာကြောင်း JFM က ယနေ့ထုတ်ပြန်သည်။

ပြီးခဲ့သည့်သီတင်းပတ်က အနည်းဆုံးကျောင်းသားကလေးငယ် ၁၁ ဦးကို သတ်ဖြတ်ခဲ့မှုသည် ယခင်နှစ် ဖေဖော်ဝါရီတွင် မြန်မာစစ်တပ်၏ အာဏာသိမ်းရန်ကြိုးပမ်းမှုစတင်ချိန်ကစ၍ တိုက်ခိုက်မှုတစ်ခုအတွင်း ကလေးငယ်များကို သတ်ဖြတ်မှု အမြင့်မားဆုံးမှတ်တမ်းဖြစ်ခဲ့ကြောင်း JFM ကဆိုသည်။

မြန်မာစစ်ကောင်စီ၏ ဆက်လက်ကျူးလွန်နေဆဲ ရက်စက်ကြမ်းကြုတ်သည့်ရာဇ၀တ်မှုများမှာ အီးယူအပါအ၀င် နိုင်ငံများထံမှ ငွေကြေးများ၊ လက်နက်များ၊ ဆက်စပ်ပစ္စည်းများကို ရရှိနေခြင်းကြောင့် ဖြစ်ပေါ်နေခြင်းဟု JFM က ပြောသည်။

Public Service Announcement

Public Service Announcement

JFM သည် စစ်အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း မြန်မာစစ်တပ်ကို ငွေကြေး၊ လက်နက်များကို အထောက်အပံ့ပြုနေသည့် ကုမ္ပဏီ ၃၁ ခုကို အရေးယူပိတ်ဆို့ရန် ဖော်ထုတ်ထားသည်။

လက်ရှိအချိန်အထိ အီးယူသည် အဆိုပါ ကုမ္ပဏီ ၃၁ ခုအနက် Htoo Group of Companies တစ်ခုကိုသာ အရေးယူပိတ်ဆို့ထားသည်။

အီးယူနှင့်ပတ်သက်ဆက်နွယ်နေသည့် ကုမ္ပဏီငါးခုစာရင်းကို JFM က ဖော်ထုတ်ခဲ့ပြီး အရေးပေါ်ဒဏ်ခတ်ပိတ်ဆို့ရန်တောင်းဆိုသည်။ အဆိုပါ ကုမ္ပဏီငါးခုမှာ Dynasty Group နှင့် လက်အောက်ခံကုမ္ပဏီများ၊ KT Group ၊ Ky-Tha Group နှင့် လက်အောက်ခံကုမ္ပဏီများ၊ Mega Hill General Trading ၊ Miya Win International နှင့် Myanmar Chemical & Machinery(MCM) တို့ ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စစ်ဂျူလီဘစ်ရှော့ဟာ တရုတ်ကုမ္ပဏီများရှယ်ယာပါဝင်တဲ့အဖွဲ့အစည်းအတွေမှာ အကြီးတန်းရာထူးများ ရယူထားတာကြောင့် ကုလအထူးကိုယ်စားလှယ်တစ်ဦးအနေနဲ့ အကျိုးစီးပွားပဋိပက္ခရှိ၊ မရှိ စုံစမ်းစစ်ဆေးပေးဖို့ Justice For Myanmar(JFM)က တောင်းဆိုလိုက်ပါတယ်။

သတင်း

အာဏာသိမ်း မြန်မာစစ်တပ်၊ ကာကွယ်ရေးဝန်ကြီးဌာန နှင့် အမှတ်(၃၃)ခြေလျင်တပ်မအဖွဲ့အစည်း ၃ခုနှင့် စစ်ကောင်စီဝင်၊ စစ်ကောင်စီအစိုးရအဖွဲ့ဝင် လူပုဂ္ဂိုလ် ၁၃ဦးတို့ကို ကနေဒါက ဒဏ်ခတ်အရေးယူကြောင်း ယမန်နေ့(မတ်လ ၇ရက်)တွင် ထုတ်ပြန်ကြေညာသည်။

သတင်း

နယ်စပ်အရေးကိစ္စတွေနဲ့ ပတ်သက်ရင် ဘင်္ဂလားဒေ့ရှ်ဟာ AAရော၊ မြန်မာစစ်တပ်နဲ့ပါ ချိတ်ဆက်မှုတွေ ရှိနေတယ်လို့ သူက ပြောကြားသွားပါတယ်။

သတင်း

BoTနဲ့ Amloက ဘဏ်တွေအနေနဲ့ ငွေကြေးလွှဲပြောင်းမှု မူဝါဒတွေမှာ တင်းကျပ်တဲ့ စိစစ်မှုတွေ လုပ်ဆောင်နေတဲ့တိုင်အောင် ပိုမိုတိုးတက်အောင် စီမံရမယ့် အပိုင်းတွေ ရှိနေဆဲလို့လည်း ဝန်ခံခဲ့ပါတယ်။