Connect with us

Hi, what are you looking for?

သတင်း

ကော်ဘရာစစ်ကြောင်းနှင့် ပူးပေါင်းတပ်၏ စနိုက်ပါ လက်ချက်ကြောင့် စစ်ကောင်စီတပ်မှ ၃ဦး ထပ်သေ

စစ်ကောင်စီတပ်ကလည်းလက်နက်ကြီးပစ်ကူ၊လေကြောင်းပစ်ကူများသုံးပြီး ကော်ဘရာ စစ်ကြောင်းမှ တပ်ဖွဲ့ဝင်များ ရှိရာသို့မြေပြင် တပ်ရင်းအများအပြားဖြင့် ထိုးစစ်ဆင်မှုများ ဆက်တိုက်ပြုလုပ်နေ၍ တိုက်ပွဲများ နေ့စဉ်နီးပါး ဖြစ်ပွားနေသည်။

(​ကော်ဘရာစစ်​ကြောင်းမှ တပ်ဖွဲ့ဝင်များ တိုက်ခိုက်​နေစဥ်။ ဓါတ်ပုံ-​Cobra Column)
(​ကော်ဘရာစစ်​ကြောင်းမှ တပ်ဖွဲ့ဝင်များ တိုက်ခိုက်​နေစဥ်။ ဓါတ်ပုံ-​Cobra Column)

▪︎မြ၀တီ-ဝေါ်လေလမ်း၌ စစ်ကောင်စီတပ်များ ကျူးကျော်ရန်ကြိုးစားမှု မအောင်မြင်ဘဲ သေဆုံးဒဏ်ရာရ များစွာဖြင့် အထိနာနေဟု​ကော်ဘရာစစ်​ကြောင်း​ပြော

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေရှိ စစ်ကေင်စီ တပ်များကို ယ​နေ့နေ့လယ်ပိုင်းမှာစနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ဦး ထပ်မံ သေဆုံးခဲ့ကြောင်း ကော်ဘရာ စစ်ကြောင်းက သတင်းထုတ်ပြန်သည်။

ယနေ့ (အောက်တိုဘာ ၈ရက် )နေ့လည်ပိုင်းတွင် မြ၀တီ -ဝေါ်လေလမ်း တောင်နီကျေးရွာအနီးရှိ တောင်ကုန်း၌ အခြေပြုနေသည့် စစ်ကောင်စီ၏ ခမရ (၁၀၄) အား ကော်ဘရာ စစ်ကြောင်းပါဝင်သည့် ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

“ အကြမ်းဖက်စစ်ကောင်စီရဲ့ ခမရ (၁၀၄)တပ်က တောင်နီကျေးရွာနားမှာ အခြေပြုထားပါတယ်။ ဒီ ခမရ (၁၀၄)ကို KNLA တပ်ရင်း(၂၇) ကော်ဘရာ ပူးပေါင်းစစ်ကြောင်းနဲ့ တပ်မဟာစစ်ကြောင်း တပ်ခွဲ(၂) ပူးပေါင်းတပ်ဖွဲ့တွေက တောက်လျှောက်တိုက်ခိုက်နေတာဖြစ်ပါတယ်။ နေ့စဉ်

Public Service Announcement
Public Service Announcement

ရက်ဆက်ဆိုသလို ဒရုန်းနဲ့ ဗုံးကြဲချတာတွေ၊ လက်ဖြောင့်စနိုက်ပါ စစ်သည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ နေ့စဉ် ရက်ဆက်ဆိုသလို အကြမ်းဖက် စစ်ကောင်စီဘက်က ကျဆုံးမှုတွေရှိနေတာကို ကျွန်တော်တို့ သတင်း ထုတ်ပြန်တာဖြစ်ပါတယ်”ဟု ကော်ဘရာစစ်ကြောင်းပြောရေးဆိုခွင့်ရှိသူ ကိုမျိုးသူရကိုကိုက ပြောသည်။

Public Service Announcement

Public Service Announcement

ယနေ့တိုက်ပွဲ၌ ပူးပေါင်းတပ်ဖွဲ့များဘက်က ထိခိုက်ကျဆုံးမရှိကြောင်း အသိပေးထားသည်။

မြ၀တီ- ဝေါ်လေ ကားလမ်း မြောက်ဘက်ပိုင်းရှိ လူခို့ဒေသတွင်လည်း စစ်ကောင်စီ၏ တပ်မ (၄၄) လက်အောက်ခံ တပ်ရင်း ၃ရင်းက ကျူးကျော်ရန် ကြိုးစားနေ၍ ပူးပေါင်းတပ်ဖွဲ့က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ လက်နက်ကြီး ပစ်ခတ်တာတွေ ချေမှုန်းရေး စစ်သည်များက မြေပြင်၌ တိုက်ပွဲဝင်နေခြင်းများရှိသည်ဟု ၎င်းကဆက်​ပြောသည်။

“စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ၎င်းတို့ရဲ့ ရည်မှန်းချက်ကို တက်ရောက်နိုင်ခြင်းမရှိဘဲ ရောက်တဲ့နေရာမှာ ရပ်တန့်နေပြီးတော့ ထိခိုက်သေဆုံးမှုတွေရှိနေတာလည်း ဖြစ်ပါတယ်ဗျ”ဟု ကိုမျိုးသူရကိုကိုကရှင်းပြသည်။

စစ်ကောင်စီတပ်ကလည်းလက်နက်ကြီးပစ်ကူ၊လေကြောင်းပစ်ကူများသုံးပြီး ကော်ဘရာ စစ်ကြောင်းမှ တပ်ဖွဲ့ဝင်များ ရှိရာသို့မြေပြင် တပ်ရင်းအများအပြားဖြင့် ထိုးစစ်ဆင်မှုများ ဆက်တိုက်ပြုလုပ်နေ၍ တိုက်ပွဲများ နေ့စဉ်နီးပါး ဖြစ်ပွားနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။