Connect with us

Hi, what are you looking for?

သတင်း

သထုံခရိုင်၌ စက်တင်ဘာအတွင်း ထိတွေ့ပစ်ခတ်မှု ၄၀နီးပါးဖြစ်၊ စစ်ကောင်စီတပ် ၄၈ဦးသေဟု KNU ထုတ်ပြန်

တိုက်ပွဲများအတွင်း KNLA၊ KNDOနှင့် မိတ်ဖက် တော်လှန် ရေးတပ်များဖက်မှ ၅ဦး ဒဏ်ရာရခဲ့ပြီး ကျဆုံးမှုမရှိဟု ဖော်ပြထားသည်။

ဓာတ်ပုံ - KNU
ဓာတ်ပုံ - KNU

▪️လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိပြီး စစ်ကောင်စီတပ်သား နှစ်ဦးလက်နက်နှင့် အလင်းဝင်

ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် တပ်မဟာ(၁)နယ်မြေတွင် စက်တင်ဘာလအတွင်း ထိတွေ့ပစ်ခတ်မှု ၃၉ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က ၄၈ဦး သေဆုံးကာ ၄၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ယမန်နေ့ညပိုင်း၌ သတင်းထုတ်ပြန်သည်။

ထို့ပြင် စစ်ကောင်စီတပ်မှ MA (၂) လက်၊ ကျည်ဘောက် (၈) ခု၊ ကျည်ဆံ (၃၉၀)တောင့်နှင့် ခြောက်လုံးပြူးအတို (၁) လက်တို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) နှင့် ပူးပေါင်းတပ်များမှ သိမ်းဆည်းရမိခဲ့သည်ဟုဆိုသည်။

တိုက်ပွဲများအတွင်း KNLA၊ KNDOနှင့် မိတ်ဖက် တော်လှန် ရေးတပ်များဖက်မှ ၅ဦး ဒဏ်ရာရခဲ့ပြီး ကျဆုံးမှုမရှိဟု ဖော်ပြထားသည်။

စက်တင်ဘာလအတွင်း ထိတွေ့ပစ်ခတ်မှုများ၌စစ်ကောင်စီ စစ်ကား (၁၀) စီးပျက်စီးခဲ့ကြောင်း၊ လက်နက်နှင့် အလင်း ဝင်ပူးပေါင်းလာသူ စစ်ကောင်စီ တပ်သား နှစ်ဦးရှိကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်များမှ လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် ကျေးရွာအတွင်းသို့ ရမ်းသမ်းပစ်ခတ်မှုများကြောင့် အရပ်သားလူနေအိမ် (၄)လုံးနှင့် ကား (၁)စီးပျက်စီးခဲ့ရပြီး အရပ်သားများ မွေးမြူထားသော ကျွဲ၊ နွားများလည်း ထိမှန်သေဆုံးမှုရှိခဲ့ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီတပ်အနေဖြင့် ၎င်းတို့ တပ်စွဲထားသောတပ်စခန်းများ ပြုပြင်ရန်နှင့် ထပ်မံတိုးချဲ့ရန် ဒေသခံလူထုထံ သစ်၊ ဝါးများအဓမ္မ တောင်းယူခြင်းများလည်းရှိသည်ဟု KNUက ထုတ်ပြန် သည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။