Connect with us

Hi, what are you looking for?

သတင်း

သထုံခရိုင်၌ စက်တင်ဘာအတွင်း ထိတွေ့ပစ်ခတ်မှု ၄၀နီးပါးဖြစ်၊ စစ်ကောင်စီတပ် ၄၈ဦးသေဟု KNU ထုတ်ပြန်

တိုက်ပွဲများအတွင်း KNLA၊ KNDOနှင့် မိတ်ဖက် တော်လှန် ရေးတပ်များဖက်မှ ၅ဦး ဒဏ်ရာရခဲ့ပြီး ကျဆုံးမှုမရှိဟု ဖော်ပြထားသည်။

ဓာတ်ပုံ - KNU
ဓာတ်ပုံ - KNU

▪️လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိပြီး စစ်ကောင်စီတပ်သား နှစ်ဦးလက်နက်နှင့် အလင်းဝင်

ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် တပ်မဟာ(၁)နယ်မြေတွင် စက်တင်ဘာလအတွင်း ထိတွေ့ပစ်ခတ်မှု ၃၉ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က ၄၈ဦး သေဆုံးကာ ၄၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ယမန်နေ့ညပိုင်း၌ သတင်းထုတ်ပြန်သည်။

ထို့ပြင် စစ်ကောင်စီတပ်မှ MA (၂) လက်၊ ကျည်ဘောက် (၈) ခု၊ ကျည်ဆံ (၃၉၀)တောင့်နှင့် ခြောက်လုံးပြူးအတို (၁) လက်တို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) နှင့် ပူးပေါင်းတပ်များမှ သိမ်းဆည်းရမိခဲ့သည်ဟုဆိုသည်။

တိုက်ပွဲများအတွင်း KNLA၊ KNDOနှင့် မိတ်ဖက် တော်လှန် ရေးတပ်များဖက်မှ ၅ဦး ဒဏ်ရာရခဲ့ပြီး ကျဆုံးမှုမရှိဟု ဖော်ပြထားသည်။

စက်တင်ဘာလအတွင်း ထိတွေ့ပစ်ခတ်မှုများ၌စစ်ကောင်စီ စစ်ကား (၁၀) စီးပျက်စီးခဲ့ကြောင်း၊ လက်နက်နှင့် အလင်း ဝင်ပူးပေါင်းလာသူ စစ်ကောင်စီ တပ်သား နှစ်ဦးရှိကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်များမှ လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် ကျေးရွာအတွင်းသို့ ရမ်းသမ်းပစ်ခတ်မှုများကြောင့် အရပ်သားလူနေအိမ် (၄)လုံးနှင့် ကား (၁)စီးပျက်စီးခဲ့ရပြီး အရပ်သားများ မွေးမြူထားသော ကျွဲ၊ နွားများလည်း ထိမှန်သေဆုံးမှုရှိခဲ့ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီတပ်အနေဖြင့် ၎င်းတို့ တပ်စွဲထားသောတပ်စခန်းများ ပြုပြင်ရန်နှင့် ထပ်မံတိုးချဲ့ရန် ဒေသခံလူထုထံ သစ်၊ ဝါးများအဓမ္မ တောင်းယူခြင်းများလည်းရှိသည်ဟု KNUက ထုတ်ပြန် သည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်မှာနိုင်ငံရေး၊စီးပွားရေးမဟာမိတ်အဖြစ် ပူးပေါင်းချိတ်ဆက်ဖို့ဆွေးနွေးခဲ့ဟု ချင်းညီနောင်ပြော

သတင်း

နိုဝင်ဘာ – ၇ ၊၂၀၂၅ ၊နိုင်ပကောင်း/People’s Spring ဘားအံမြို့မှာ စစ်ကောင်စီက ကျင်းပတဲ့ နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အခမ်းအနားကို ကရင်လက်နက်ကိုင်အဖွဲ့သုံး ဖွဲ့က ထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။ ဒီနေ့​ (နိုဝင်ဘာလ ၇ ရက်) မှာ ကျရောက်တဲ့ နှစ် (၇၀ )...

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီ ရွေးကောက်ပွဲ ဆန့်ကျင်ရေးနဲ့ စစ်မှုထမ်းဥပဒေတိုက်ဖျက်ရေး သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (နိုဝင်ဘာ ၆) မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

အလင်း​ရောင် ပါအဖမ်းခံရဟုသတင်း​ထွက်​နေ