Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူနယ်ထဲ လေးလကျော်အတွင်း စစ်ရှောင် ပြည်သူ ၂၀ ဦးမြွေကိုက်ခံရ

မြေကိုက်ခံရသူ စစ်ရှောင် ပြည်သူ ၂ ဦးဟာ အသက် ၁၄ နှစ်အရွယ်ကျောင်းသား နဲ့အသက် ၃၀ အရွယ်လူလတ်ပိုင်းအမျိုးသားတို့ဖြစ်တယ်လို့သိရပါတယ်။

ကန့်ဘလူနယ်ထဲ လေးလကျော်အတွင်း စစ်ရှောင် ပြည်သူ ၂၀ ဦးမြွေကိုက်ခံရ
ကန့်ဘလူနယ်ထဲ လေးလကျော်အတွင်း စစ်ရှောင် ပြည်သူ ၂၀ ဦးမြွေကိုက်ခံရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ထဲက စစ်ဘေးရှောင်ပြည်သူ ၂ဦး ဒီနေ့မနက်ပိုင်းက မြေကိုက်ခံရလိုက်ရတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ပါတယ်။

မြေကိုက်ခံရသူ စစ်ရှောင် ပြည်သူ ၂ ဦးဟာ အသက် ၁၄ နှစ်အရွယ်ကျောင်းသား နဲ့အသက် ၃၀ အရွယ်လူလတ်ပိုင်းအမျိုးသားတို့ဖြစ်တယ်လို့သိရပါတယ်။

ကန့်ဘလူနယ်ထဲ လေးလကျော်အတွင်း စစ်ရှောင် ပြည်သူ ၂၀ ဦးမြွေကိုက်ခံရ
ကန့်ဘလူနယ်ထဲ လေးလကျော်အတွင်း စစ်ရှောင် ပြည်သူ ၂၀ ဦးမြွေကိုက်ခံရ

၂ ဦးလုံးကို မြွေဆိပ်ဖြေဆေး ထိုးပေးထားပေမယ့် ကျောင်းသားလေးဟာ အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ဒေသခံကျန်းမာရေးဝန်ထမ်းတွေ ရဲ့ပြောပြချက်ကို ကိုးကားပြီး ကျွန်းလှတက်ကြွသူများအဖွဲ့က ပြောထားပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတဲ့ ကန့်ဘလူနယ်မြောက်ခြမ်းမှာ ဒီနှစ် ဇွန်လ ကစတင်ပြီး စစ်ရှောင်ခဲ့ရကာ စစ်ရှောင်ပြည်သူ ၂၀ ဦးအထိမြွေကိုက်ခံခဲ့ရတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

မြွေကိုက်ခံရသူတွေထဲမှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှု ၊မြွေဆိပ်ဖြေဆေး အလွယ်တကူမရတာတွေကြောင့် ပြည်သူ ၂ ဦး အသက်ဆုံးပါးခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ စစ်ကောင်စီတပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၄ ရွာက ပြည်သူ ၈၅၀၀ ကျော် ဘေးလွတ်ရာတိမ်းရှောင်နေရပြီး အကူအညီတွေလိုအပ်နေကြောင်း ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ပြောပါတယ်။

သတင်း

စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေတဲ့ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ရှောင်ပြည်သူတွေဟာ စားနပ်ရိက္ခာပြတ်လပ်မှုဆိုးရွားစွာရင်ဆိုင်နေရတယ်လို့ ဒေသခံတွေနဲ့ စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းရှိ စစ်ဘေးရှောင်ပြည်သူများ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားနေကြောင်း စစ်ရှောင်ပြည်သူများရှိရာ တောတိုက်များသို့ ကွင်းဆင်းကုသပေးနေသည့် ခဏတာအရိပ်ဆေးရုံတာဝန်ခံ ဆရာဝန်က လူထုနွေဦးသို့ ပြောသည်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တလုပ်မြို့ကျေးရွာမှ ဒေသခံစစ်ရှောင်ပြည်သူ ၂၀ခန့်သည် ကျေးရွာတွင်းသို့ပြန်လည်ဝင်ရောက်ရန်ကြိုးပမ်းစဥ် စစ်ကောင်စီတပ်နှင့် ပျူစောထီးများက ဝင်ခွင့်မပေးဘဲ နှင်ထုတ်ခံရသည့်ဖြစ်စဥ် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။