Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံမြို့နယ် တလုပ်မြို့ရွာသားစစ်ရှောင်၂၀ခန့်အား စစ်တပ်က ရွာတွင်းဝင်ခွင့်မပေးဘဲ နှင်ထုတ်

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တလုပ်မြို့ကျေးရွာမှ ဒေသခံစစ်ရှောင်ပြည်သူ ၂၀ခန့်သည် ကျေးရွာတွင်းသို့ပြန်လည်ဝင်ရောက်ရန်ကြိုးပမ်းစဥ် စစ်ကောင်စီတပ်နှင့် ပျူစောထီးများက ဝင်ခွင့်မပေးဘဲ နှင်ထုတ်ခံရသည့်ဖြစ်စဥ် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

မြင်းခြံမြို့နယ်၊ တလုပ်မြို့ကျေးရွာမြေပုံ

ကျော်ဇော/People’s Spring

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တလုပ်မြို့ကျေးရွာမှ ဒေသခံစစ်ရှောင်ပြည်သူ ၂၀ ခန့်သည် ကျေးရွာတွင်းသို့ပြန်လည်ဝင်ရောက်ရန်ကြိုးပမ်းစဥ် စစ်ကောင်စီတပ်နှင့် ပျူစောထီးများက ဝင်ခွင့်မပေးဘဲ နှင်ထုတ်ခံရသည့်ဖြစ်စဥ် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

ဖေဖော်ဝါရီ ၈ရက် ညနေ့ပိုင်းက တလုပ်မြို့ရွာမှ ဒေသခံပြည်သူ ၂၀ ဦးခန့်သည် ယခင်ရက်များက စစ်ရေးအခြေအနေများကြောင့် စစ်ဘေးရှောင်နေခဲ့ရမှ နေအိမ်သို့ ပြန်လာစဉ် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ​က တားဆီးနှင်ထုတ်ခဲ့ခြင်းဟု ဒေသခံပြည်သူများက ပြောသည်။

“တိုက်ပွဲ ဖြစ်တဲ့နေ့က (ရွာ)အပြင်ကို စစ်ဘေးရှောင်တဲ့ ပြည်သူတွေကို အခုအချိန်ထိ စကစ ဘက်ကနေ ပြန်ဝင်ခွင့် မပေးထားဘူး။ အခုညနေလေးကတင် ရွာထဲပြန်ဝင်ဖို့လုပ်တဲ့ ပြည်သူ ၂၀ ခန့်ကို စကစက တလုပ်အဝင်နားလေးမှာတင်ဖမ်းပြီး လက်မြှောက်ခိုင်း တန်းစီပြီး ပစ်သက်ဖို့အထိ ခြိမ်းခြောက်တယ်”ဟု ဒေသခံများ၏ တိုင်ကြားမှုကိုကိုးကားပြီး မြင်းခြံခရိုင် တပ်ရင်း(၂)မှ ရဲဘော်တစ်ဦးက ​လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် တလုပ်မြို့ရွာအနီးရှိ အနိမ့်ရွာနှင့် ခေါင်းကွဲကျေးရွာများမှ လက်နက်ကိုင်ပျူစောထီးများက တလုပ်ဒေသခံများ စစ်ဘေးရှောင်နေရသည်ကို အခွင့်ကောင်းယူ၍ နေအိမ်များဖောက်ထွင်းခိုးယူကာ ကားကြီး၊ ကားငယ်များဖြင့် နေ့စဥ်နီးပါး သယ်ထုတ်နေကြောင်း ၎င်းက ပြောသည်။

စစ်ကောင်စီက တလုပ်မြို့ရွာရှိ ၎င်းတို့၏ခံစစ်သို့ မြင်းခြံမြို့အခြေစိုက် ခမရ(၁၅)မှ တပ်အင်အားများထပ်တိုးချထားသည့်အပြင် အနီးဝန်းကျင် ကျေးရွာများမှ ပျူစောထီးများကိုပါ အင်အားထပ်ဖြည့်ထားကြောင်း ဒေသတော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။

“စကစ ကတော့ အင်အားထပ်တိုးထားတယ်။ ဒီနေ့ကိုပဲ မြင်းခြံ ခမရ-၁၅ ကနေ ကားတွေနဲ့ ထပ်ရောက်တာရှိတယ်”ဟု ၎င်းတော်လှန်ရေးရဲဘော်က ပြောသည်။

တလုပ်မြို့ရွာအတွင်း ခံစစ်ပြင်၍ အထိုင်ချတပ်ဆွဲထားသော စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့အား တော်လှန်ရေးမဟာမိတ် တပ်များက ဖေဖော်ဝါရီ ၁ ရက်တွင် စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ အထိနာခဲ့ပြီး မြေပြင်တပ်ကူများအပြင် လေကြောင်းတိုက်ခိုက်မှုအကြိမ်ကြိမ်ပြုလုပ်ခုခံခဲ့ရသည်။

အထက်ပါ အခြေအနေများကြောင့် တလုပ်အပါအဝင် မြောက်ရွာလေး၊ မြို့ကြီးကုန်း၊ ရဲတိုင်စသည့် ကျေးရွာများမှ ဒေသခံပြည်သူ ရာနှင့်ချီ ဘေးလွတ်ရာ တိမ်းရှောင်နေရဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်မှာ စစ်ကြောင်း ၂ကြောင်းနဲ့ မီးလိုက်ရှို့နေတဲ့ စစ်တပ်က ကျေးရွာတွေ မီးရှို့ဖျက်ဆီးပြီး ဒေသခံပြည်သူတွေရဲ့ပစ္စည်းတွေသယ်ယူနေတယ်လို့ မြင်းခြံမြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ စစ်ကောင်စီတပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၄ ရွာက ပြည်သူ ၈၅၀၀ ကျော် ဘေးလွတ်ရာတိမ်းရှောင်နေရပြီး အကူအညီတွေလိုအပ်နေကြောင်း ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ပြောပါတယ်။

သတင်း

စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေတဲ့ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ရှောင်ပြည်သူတွေဟာ စားနပ်ရိက္ခာပြတ်လပ်မှုဆိုးရွားစွာရင်ဆိုင်နေရတယ်လို့ ဒေသခံတွေနဲ့ စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

သတင်း

မြင်းခြံမြို့နယ်ထဲက ညောင်ပင်ရွာကို စစ်တပ်က အင်အား၂၀၀ကျော်နဲ့ စစ်ကြောင်းထိုးလာရာ ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။