Connect with us

Hi, what are you looking for?

သတင်း

ဝမ်းတွင်းမြို့မ စခန်းမှူး ပစ်ခတ်ခံရပြီးပွဲချင်းပြီး သေဆုံး

ဝမ်းတွင်းမြို့ပေါ်ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ရှေ့တွင် ပစ်ခတ်ရှင်းလင်းသွားခြင်းဖြစ်ပြီး အခင်းဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ဘေးပတ်ဝန်းကျင်သို့ ပစ်ဖောက်သောင်းကျန်းဆဲဆိုသွားကြောင်း ဒေသခံများက ပြောသည်။

ဝမ်းတွင်းမြို့မ စခန်းမှူး ပစ်ခတ်ခံရပြီးပွဲချင်းပြီး သေဆုံး
ဝမ်းတွင်းမြို့မ စခန်းမှူး ပစ်ခတ်ခံရပြီးပွဲချင်းပြီး သေဆုံး

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့မ ရဲစခန်းရှိ စခန်းမှူး ရဲအုပ် စောနိုင်ဦး(ခ) ဗိုလ်စောအား ယနေ့ညနေပိုင်းတွင် ပစ်ခတ်ရှင်းလင်းခဲ့ပြီး သေဆုံးသွားကြောင်း ဝမ်းတွင်းအခြေစို​က် WTRF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယနေ့ (အောက်တိုဘာလ ၉ ရက်) သီတင်းကျွတ်လပြည့်နေ့ ညနေပိုင်းက ဝမ်းတွင်းမြို့နယ်ရှိ မြို့မစခန်းမှ ရဲအုပ်စောနိုင်ဦး(ခ)ဗိုလ်စော (ယာယီစခန်းမှူးနှင့်နယ်ထိန်းခေါင်းဆောင်) ပူးတွဲတာဝန်ယူထားသူအား သေနတ်​၆ချက်ပစ်ခတ်ကာ ရှင်းလင်းခဲ့ကြောင်း WTRF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement
Public Service Announcement

ဖြစ်စဥ်နှင့်ပတ်သက်၍ WTRF ပြန်ကြားရေးတာဝန်ခံက “ဝမ်းတွင်းအမှတ်(၁)ရက်ကွက်ရုံးရှေ့မှာ ကားမောင်းနေတဲ့အချိန် နောက်ကလိုက်ပစ်တာ ၆ချက်ပစ်တာ ၆လုံးပြူးပါတယ်။ ခေါင်းကိုပစ်တာ။လုံခြုံရေးအခြေနေအရအဆင်မပြေလို့ ပစ္စည်းမရလိုက်ဘူး။အတွင်းလူပူးပေါင်းပါဝင်မှုနဲ့လုပ်နိုင်သွားတာ။”ဟု ပြောသည်။

ဝမ်းတွင်းမြို့ပေါ်ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ရှေ့တွင် ပစ်ခတ်ရှင်းလင်းသွားခြင်းဖြစ်ပြီး အခင်းဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ဘေးပတ်ဝန်းကျင်သို့ ပစ်ဖောက်သောင်းကျန်းဆဲဆိုသွားကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။