Connect with us

Hi, what are you looking for?

သတင်း

မြိုင်နယ်တွင် ပျူစောထီး၂၇ဦး ပြည်သူနှင့်လာရောက်ပူးပေါင်း

မြိုင်နယ်တွင် ကျေးရွာပေါင်း ၃၃၀ ကျော်ရှိသည့်အနက် ပျူရွာမှာလက်တစ်ဖက်စာပင် မပြည့်တော့ကြောင်း၊ ပျူများသည် အလင်းဝင်ရောက်ပြီးနောက် အခြားနယ်ဒေသများသို့ ပြောင်းရွှေ့သွားကြကြောင်း ဗိုလ်လက်ယျာက ပြောသည်။

(နယ်ဒေသတစ်ခုတွင် စစ်ကောင်စီတပ်က ပျူသင်တန်းပေးနေစဥ်၊ဓာတ်ပုံ-CJ)
(နယ်ဒေသတစ်ခုတွင် စစ်ကောင်စီတပ်က ပျူသင်တန်းပေးနေစဥ်၊ဓာတ်ပုံ-CJ)

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ပျူစောထီးအင်အားလျော့နည်းလာပြီး ဇီးပြားကျေးရွာရှိ ပျူ ၂၇ ဦး ပြည်သူနှင့်ပူးပေါင်းကာ အလင်းဝင်ရောက်လာကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်လက်ယျာက ပြောသည်။

​အောက်တိုဘာ ၈ ရက်က မြိုင်မြို့နယ်၊ ဇီးပြားရွာမှ ပျူစောထီး အမျိုးသား ၁၅ ဦး၊ အမျိုးသမီး ၁၂ ဦး စုစုပေါင်း ၂၇ဦးတို့သည် အမြင်မှန်ရရှိကာ စစ်ကောင်စီနှင့်ပူးပေါင်းခြင်း မရှိတော့ဘဲ ကျေးရွာနေအိမ်များမှစွန့်ခွာကာ ကာကွယ်ရေးအဖွဲ့များထံ ပူးပေါင်းလာခဲ့ကြောင်း မြိုင်(ပကဖ)အဖွဲ့က ပြောသည်။

၎င်းတို့အား ဒေသအသီးသီးရှိ စစ်ရှောင်စခန်းများသို့ စားဝတ်နေရေးစောင့်ရှောက်ပေးခြင်း၊ လက်ကိုင်ဖုန်းများမှ ဆင်းကတ်များသိမ်းဆည်းခြင်း၊ အထိုင်ဖုန်းတို့ဖြင့် ဆွေမျိုးများထံ ကောင်းမွန်စွာနေထိုင်ရကြောင်း ဆက်သွယ်စေခြင်း၊ မိမိတို့သွားလိုရာဒေသများသို့ သွားလာရန်စီစဥ်ပေးခြင်း၊ ဆေးဝါးကုသပေးခြင်းတို့ဆောင်ရွက်ပေးထားကြောင်း မြိုင် (ပကဖ)အဖွဲ့က ပြောသည်။

Public Service Announcement
Public Service Announcement

မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ် လက်ယျာက “သူတို့က ရွာထဲမနေချင်တော့ဘူး။ ​ွေးတွေက ကင်းစောင့်ခိုင်းနေတာ။ ​ွေးတွေက သူတို့ဟာသူတို့စခန်းနေတယ်။ လက်နက်လည်းမပေးဘဲနဲ့ ဓါးတို့ အက်ဆစ်ပုလင်းတို့လောက်ပဲပေးတာ။ ကာကွယ်ရေးအဖွဲ့တွေက မကြာခဏလာတိုက်တော့ လက်နက်လည်းမပေးဘဲနဲ့ ကိုယ့်အချင်းချင်းပဲ တိုက်နေရတော့ ဆက်သွယ်လာပြီး အလင်းဝင်ပူးပေါင်းတာပါ။ အမြင်မှန်ရတာ ဟုတ်တယ်။ သူတို့က တောတောင်တွေမှာ တဲတွေဘာတွေဆောက်ပြီးနေကြရတော့တာ။ ကျွန်တော်တို့ဘက်က အားကောင်းလာတော့ လက်နက်ကြီးတွေဘာတွေနဲ့ သွားပစ်ပြီး မလုံခြုံဘူးဆိုတာသိလာတော့ ဆက်သွယ်ပြီးအလင်းဝင်လာတာ။ ဆက်သွယ်တာကြာပြီ။ သူတို့တိုက်ပြီးတစ်ရက်နှစ်ရက်နေတော့ ဆက်သွယ်တယ်။ လာချင်ပါတယ်ဆိုပြီး။”ဟု ပြောသည်။

Public Service Announcement

Public Service Announcement

မြိုင်နယ်တွင် ကျေးရွာပေါင်း ၃၃၀ ကျော်ရှိသည့်အနက် ပျူရွာမှာလက်တစ်ဖက်စာပင် မပြည့်တော့ကြောင်း၊ ပျူများသည် အလင်းဝင်ရောက်ပြီးနောက် အခြားနယ်ဒေသများသို့ ပြောင်းရွှေ့သွားကြကြောင်း ဗိုလ်လက်ယျာက ပြောသည်။

အလင်းဝင်လာသည့်ပျူများသည် ပြည်သူ၊ ဒေသကာကွယ်ရေးအဖွဲ့များနှင့် တသားတည်းဖြစ်သည်ကိုတွေ့ရှိရ၍ အခြားပျူများအနေဖြင့်လည်း ပြည်သူရင်ခွင် ခိုလုံကြပါရန်နှင့် ကောင်းခြင်းအသိ အမြန်ရှိကြပါရန် မြိုင်(ပကဖ)အဖွဲ့က မေတ္တာရပ်ခံသည်။

မြိုင်နယ်တွင် အလင်းဝင်ရောက်လာသည့်ပျူ ၅၃ဦးရှိထားပြီး ယခု ၂၇ဦးနှင့်ဆိုပါက ၈၀ ဦးခန့် ရှိပြီဖြစ်ကြောင်း မြိုင်(ပကဖ)က ပြောသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

Tiktok အကောင့်တွေ ဖွင့်လိုက်တိုင်း ပျက်ပျက်သွားလို့ စိတ်အနှောင့်အယှက်ကြီးစွာ ကြုံနေရတဲ့ သင်္ကန်းဝတ် ပျူခေါင်းဆောင် ပေါက်ကိုယ်တော်ဟာ ဒီတခါမှာတော့ Tiktok အကောင့်ပျက်တာထက် ဆိုးရွားတဲ့ ခံစားမှုတစ်ခုကို ရရှိနေပုံရပါတယ်။ အဲဒါကတော့ မန္တလေးမှာ သောင်းကျန်းနေတဲ့ သူ့ရဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်ဆက်မသုံးဖို့ ပြင်းပြင်းထန်ထန် တားမြစ်လိုက်တာပါ။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

Facebook